< ဇာခရိ 4 >
1 ၁ ငါနှင့်ပြောဆိုသော ကောင်းကင်တမန်သည် ပြန်လာ၍၊ အိပ်ပျော်သောသူကို နှိုးသကဲ့သို့ ငါ့ကို နှိုးလျက်၊
Da weckte mich der Engel wieder, der mit mir redete, wie einen, den man aus dem Schlafe weckt.
2 ၂ သင်သည် အဘယ်အရာကို မြင်သနည်းဟု မေး လျှင်၊ ငါက၊ အကျွန်ုပ်သည် ကြည့်ရှု၍ ရွှေအတိပြီးသော ဆီးမီးခုံကို မြင်ပါ၏။ မီးခုံတိုင်အဖျား၌ ဆီအိုးတလုံး၊ မီးခွက်ခုနစ်လုံး၊ ဆီအိုးနှင့် မီးခွက်ခုနစ်လုံး ဆက်သော ပြွန်တံခုနစ်တံရှိပါ၏။
Er sprach zu mir: "Was schaust du?" "Ich sehe", sprach ich, "einen Leuchter, ganz von Gold, mit seinem Ölbehälter drauf, und seiner Lampen sind es sieben. Die sieben Lampen haben sieben Röhrchen. die zur Spitze laufen.
3 ၃ ဆီအိုးလက်ျာဘက်၌ သံလွင်ပင်တပင်၊ လက်ဝဲ ဘက်၌ တပင်၊ မီးခုံကို လွှမ်းမိုးသော သံလွင်ပင်နှစ်ပင် ရှိပါသည်ဟုဆိုပြီးမှ၊
Zwei Ölbäume sind neben ihm, der eine rechts, der andre links vom Ölbehälter."
4 ၄ ငါနှင့်ပြောဆိုသော ကောင်းကင်တမန်အား၊ အကျွန်ုပ်သခင်၊ ဤအရာတို့ကား အဘယ်အရာဖြစ်သ နည်းဟုမေးသော်၊
Da hob ich an und sprach zum Engel, der mit mir redete: "Mein Herr, was sollen diese?"
5 ၅ ငါနှင့်ပြောဆိုသော ကောင်းကင်တမန်က၊ ဤအရာတို့ကား၊ အဘယ်အရာဖြစ်သည်ကို နားမလည် သလောဟု မေးလျှင်၊ အကျွန်ုပ်နားမလည်ပါသခင်ဟု လျှောက်၏။
Da hob der Engel an, der mit mir redete, und sprach zu mir: "Weißt du das nicht, was sie bedeuten?" - "Nein, Herr!" sprach ich.
6 ၆ ကောင်းကင်တမန်ကလည်း၊ ဇေရုဗဗေလသို့ ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ်တော်ဟူ မူကား၊ ဤအမှုသည် ဗိုလ်ခြေအားဖြင့်မဟုတ်၊ အာဏာ တန်ခိုးအားဖြင့်မဟုတ်၊ ငါ့ဝိညာဉ်အားဖြင့် ဖြစ်လိမ့်မည် ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော် မူ၏။
Da hob er an und sprach zu mir: "Dies ist das Wort des Herren an Zorobabel: 'Nicht durch Gewalt und nicht durch Tüchtigkeit! Nein! Nur durch meinen Geist allein!' So spricht der Herr der Heerscharen.
7 ၇ အို တောင်ကြီး၊ သင်သည် အဘယ်သို့နည်း။ ဇေရုဗဗေလရှေ့မှာ ညီသောအရပ် ဖြစ်ရလိမ့်မည်။ လူ များတို့က၊ ကျေးဇူးတော်ရှိပါစေသော။ ကျေးဇူးတော်ရှိပါ စေသောဟု ကြွေးကြော်လျက်၊ ထိုမင်းသည် တိုက်ထောင့် အထွဋ်ကျောက်ကို တင်ထားရလိမ့်မည်။
Was bist du, großer Berg? Sink nieder vor Zorobabel zur Ebene! Wenn er den Schlußstein herholt, erschallt der Freudenruf: 'Heil ihm, Heil ihm!'"
8 ၈ တဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာသည်ကား၊
Und noch erging das Wort des Herrn an mich:
9 ၉ ဇေရုဗဗေလသည် ဤအိမ်တော်အမြစ်ကို ချ ထားပြီ။ သူသည်လည်း လက်စသတ်ရလိမ့်မည်။ ကောင်း ကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ငါ့ကို သင်တို့ ရှိရာသို့ စေလွှတ်တော်မူသည်ကို သင်တို့ သိရကြလိမ့် မည်။
"Den Grund zu diesem Hause legten die Hände des Zorobabel; sie werden's auch vollenden. - Dann siehst du ein: Der Herr der Heerscharen hat mich zu euch gesandt.
10 ၁၀ အမှုငယ်ပြုသော နေ့ရက်ကို အဘယ်သူသည် မထီမဲ့မြင်ပြုရသနည်း။ ချိန်ကြိုးသည် ဇေရုဗဗေလလက် ၌ ရှိသည်ကို ထိုခုနစ်ပါးတို့သည် မြင်၍ ဝမ်းမြောက်ကြ လိမ့်မည်။ ထိုခုနစ်ပါးတို့ကား၊ မြေကြီးတပြင်လုံးတွင် တောင်မြောက်ပြေးတတ်သော၊ ထာဝရဘုရား၏မျက်စိ တော်များဖြစ်သတည်းဟု မိန့်တော်မူ၏။
Wer vormals auf den kleinen Anfang mit Verachtung sah, der ist voll Freude, wenn er in der Hand Zorobabels den Sonderstein erblickt. - Die sieben sind des Herren Augen, die auf die ganze Erde schauen."
11 ၁၁ ငါကလည်း၊ မီးခုံလက်ျာဘက်၊ လက်ဝဲဘက်၌ ရှိသော ထိုသံလွင်ပင်နှစ်ပင်ကား အဘယ်သို့နည်းဟူ၍ ၎င်း၊
Da hob ich an und fragte ihn, was jene beiden Ölbäume bedeuten, rechts und links vom Leuchter.
12 ၁၂ ဆီညှစ်ရာရွှေစက်နှစ်ခုအားဖြင့်၊ မိမိတို့ဆီကို သွန်းလောင်းသော ထိုသံလွင်ကိုင်းနှစ်ကိုင်းကား အဘယ် သို့နည်းဟူ၍၎င်း မေးလျှောက်သော်၊
Zum zweiten Male hob ich an und sprach zu ihm: "Was sollen diese beiden jungen Ölbäume, die neben jenen goldnen Röhren sind, die goldnes Öl durchfließen lassen?"
13 ၁၃ ကောင်းကင်တမန်က၊ ထိုအကိုင်းတို့ကို နား မလည်သလောဟုမေးလျှင်၊ အကျွန်ုပ်နားမလည်ပါသခင် ဟု လျှောက်၏။
Er sprach zu mir: "Weißt du denn nicht, was sie bedeuten?" - "Nein, Herr!" sprach ich.
14 ၁၄ ကောင်းကင်တမန်ကလည်း၊ ထိုအကိုင်းတို့သည် မြေကြီးတပြင်လုံးကို အစိုးပိုင်တော်မူသော အရှင်၏ ရှေ့တော်၌ ရပ်နေသော ဘိသိက်ခံသူနှစ်ပါးဖြစ်သည်ဟု ဆို၏။
Er sprach: "Sie deuten zwei Gesalbte an, die vor dem Herrn der ganzen Erde stehn."