< ဇာခရိ 3 >
1 ၁ ယဇ်ပုရောဟိတ်မင်း ယောရှုသည် ထာဝရ ဘုရား၏ ကောင်းကင်တမန်ရှေ့၌ ရပ်နေသည်ကို၎င်း၊ စာတန်သည် ရန်ဘက်ပြု၍ သူ၏လက်ျာဘက်၌ ရပ်နေ သည်ကို၎င်း ငါ့အားပြတော်မူ၏။
Azután megmutatá nékem Jósuát, a főpapot, a ki az Úr angyala előtt álla, és a Sátánt, a ki jobb keze felől álla, hogy vádolja őt.
2 ၂ ထာဝရဘုရား၏ ကောင်းကင်တမန်ကလည်း၊ အိုစာတန်၊ ထာဝရဘုရားသည် သင့်ကို ဆုံးမတော်မူပါ စေသော။ ယေရုရှလင်မြို့ကို ရွေးချယ်ပြီးသော ထာဝရ ဘုရားသည် သင့်ကိုဆုံးမတော်မူပါစေသော။ ဤသူသည် မီးထဲက နှုတ်သော ထင်းစဖြစ်သည်မဟုတ်လောဟု စာ တန်အား ဆို၏။
És mondá az Úr a Sátánnak: Dorgáljon meg téged az Úr, te Sátán; dorgáljon meg az Úr, a ki magáévá fogadja Jeruzsálemet. Avagy nem tűzből kikapott üszög-é ez?
3 ၃ ယောရှုသည် ညစ်ညူးသော အဝတ်ကို ဝတ်လျက်၊ ကောင်းကင်တမန်ရှေ့မှာ ရပ်နေသည်ဖြစ်၍၊
Jósua pedig szennyes ruhába vala öltöztetve, és áll vala az angyal előtt.
4 ၄ ကောင်းကင်တမန်က၊ ညစ်ညူးသော အဝတ်ကို ချွတ်ပယ်ကြလော့ဟု မိမိရှေ့မှာ ရပ်နေသော အခြားသူတို့ အား ဆို၏။ ယောရှုအားလည်း၊ သင့်အပြစ်ကို ငါဖြေရှင်း ပြီ။ တင့်တယ်သော အဝတ်ကို ဝတ်စေမည်ဟု ဆို၏။
És szóla és monda az előtte állóknak, mondván: Vegyétek le róla a szennyes ruhákat! És monda néki: Lásd! Levettem rólad a te álnokságodat, és ünnepi ruhákba öltöztetlek téged!
5 ၅ ငါကလည်း၊ စင်ကြယ်သော ပေါင်းကို သူ၏ ခေါင်းပေါ်မှာ တင်ကြစေဟု ဆိုသည်အတိုင်း၊ စင်ကြယ် သောပေါင်းကို သူ၏ခေါင်းပေါ်မှာ တင်၍ အဝတ်ကို ဝတ်စေကြ၏။ ထာဝရဘုရား၏ ကောင်းကင်တမန်သည် လည်း အနားမှာ ရပ်နေ၏။
Azután mondám: Tegyenek fejére tiszta süveget! Feltevék azért fejére a tiszta süveget, és ruhákba öltözteték őt, az Úrnak angyala pedig ott áll vala.
6 ၆ တဖန် ထာဝရဘုရား၏ ကောင်းကင်တမန် သည် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ အမိန့် တော်ကို ဆင့်ဆို၍ ယောရှုအား ပညတ်ထားသည်ကား၊
És bizonyságot tőn az Úrnak angyala Jósuának, mondván:
7 ၇ သင်သည် ငါ့လမ်းသို့လိုက်၍ ငါ့ပညတ်တရားကို စောင့်ရှောက်လျှင်၊ ငါ့အိမ်ကို စီရင်ရသော အခွင့်၊ ငါ့ တန်တိုင်းတို့ကို စောင့်ရသောအခွင့်ရှိလိမ့်မည်။ ရှေ့တော် ၌ ရပ်နေသော သူအချို့တို့ကို၊ သင့်အား လမ်းပြရသော သူဖြစ်မည်အကြောင်း ငါခန့်ထားမည်။
Ezt mondja a Seregeknek Ura: Ha az én útaimban jársz, és ha parancsolataimat magtartod: te is ítélője leszel az én házamnak, sőt őrizni fogod az én pitvaraimat, és ki- s bejárást engedek néked ez itt állók között.
8 ၈ အို ယဇ်ပုရောဟိတ်မင်းယောရှု၊ သင့်ရှေ့မှာနေ သော သင့်အပေါင်းအဘော်တို့နှင့်တကွ နားထောင် လော့။ သူတို့သည် နိမိတ်လက္ခဏာနှင့်ယှဉ်သော သူဖြစ် ကြ၏။ ငါ၏ကျွန်တည်းဟူသော အညွန့်ကို ငါပေါ်ထွန်း စေမည်။
Halld meg Jósua, te főpap; te és barátaid, a kik előtted ülnek, mert jelképes férfiak ezek: Ímé, bizony előhozom az én szolgámat, Csemetét!
9 ၉ ယောရှုရှေ့မှာ ငါထားသော ကျောက်ကို ကြည့် ရှုလော့။ ထိုကျောက်တခုကို မျက်စိခုနစ်လုံး ကြည့်ရှုလျက် ရှိလိမ့်မည်။ ထိုကျောက်ကိုလည်း ငါထုလုပ်မည်။ တနေ့ ခြင်းတွင် ဤပြည်၏အပြစ်ကို ငါပယ်ရှင်းမည်ဟု ကောင်း ကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။
Mert ímé e kő az, a melyet Jósua elé helyezek; egy kövön hét szem; ímé, én faragom annak faragványait, így szól a Seregeknek Ura, és eltörlöm e földnek álnokságait egy napon.
10 ၁၀ ထိုနေ့၌ သင်တို့သည် မိမိတို့ အိမ်နီးချင်း တယောက်ကိုတယောက် စပျစ်ပင်အောက်၊ သင်္ဘော သဖန်းပင်အောက်သို့ ခေါ်ဘိတ်ကြလိမ့်မည်ဟု ကောင်း ကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။
Azon a napon, így szól a Seregeknek Ura, kiki hívja majd a maga felebarátját a szőlőtő alá és a fügefa alá.