< ဇာခရိ 2 >
1 ၁ တဖန် ငါမျှော်ကြည့်၍၊ တိုင်းစရာကြိုးကို ကိုင် သော လူတဦးကို မြင်လျှင်၊
Tornei a levantar os meus olhos, e vi, e eis aqui um homem em cuja mão estava um cordel de medir.
2 ၂ အဘယ်အရပ်သို့ သွားမည်နည်းဟု ထိုသူအား မေးသော်၊ ယေရုရှလင်မြို့ အလျားအနံကို သိလို၍ မြို့ကို တိုင်းခြင်းငှါ သွားသည်ဟု ပြန်ပြော၏။
E eu disse: Para onde vais tu? E ele me disse: Vou a medir Jerusalém, para ver qual é a sua largura e qual o seu comprimento.
3 ၃ ငါနှင့်ပြောဆိုသော ကောင်းကင်တမန်သည် ထွက်သွားသော်၊ အခြားသော ကောင်းကင်တမန်သည် ကြိုဆိုလျက်၊
E eis que saiu o anjo que falava comigo, e outro anjo lhe saiu ao encontro.
4 ၄ သင်သည် ပြေး၍ ထိုလုလင်ကို ဆင့်ဆိုရမည်မှာ၊ ယေရုရှလင်မြို့သား လူသတ္တဝါတိရစ္ဆာန်တို့သည် အလွန် များသောကြောင့် ရွာတို့၌ နေရကြလိမ့်မည်။
E disse-lhe: Corre, fala a este mancebo, dizendo: Jerusalém será habitada como as aldeias sem muros, por causa da multidão dos homens e dos animais que estarão no meio dela.
5 ၅ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် မြို့ကို ကာသောမီးမြို့ရိုးဖြစ်မည်။ မြို့အလယ်၌လည်း ငါသည် မြို့၏ဘုန်းအသရေဖြစ်မည်။
E eu, diz o Senhor, serei para ela um muro de fogo em redor, e serei para glória no meio dela.
6 ၆ အချင်းတို့၊ အချင်းတို့၊ မြောက်မျက်နှာအရပ်မှ ပြေးလာကြလော့ဟု၊ ထာဝရဘုရား မိန့်တော်မူ၏။ မိုဃ်း ကောင်းကင်အောက်လေးမျက်နှာတို့၌ သင်တို့ကို ငါနှံ့ပြား စေပြီဟု၊ ထာဝရဘုရားမိန့်တော်မူ၏။
Olá, oh! fugi agora da terra do norte, diz o Senhor, porque vos estendi pelos quatro ventos do céu, diz o Senhor.
7 ၇ ဗာဗုလုန်မြို့သမီးထံမှာနေသော အချင်းဇိအုန် သတို့သမီး၊ အလွတ်ပြေးလော့။
Olá, Sião! livra-te tu, que habitas com a filha de Babilônia.
8 ၈ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင်တို့ကို ဖျက်ဆီးသောလူမျိုးတို့ ရှိရာ သို့ ဘုန်းထင်ရှားပြီးမှ ငါ့ကို စေလွှတ်တော်မူ၏။ သင်တို့ ကို ထိသောသူသည် မျက်ဆန်တော်ကို ထိသောသူဖြစ်၏။
Porque assim diz o Senhor dos exércitos: Depois da glória ele me enviou às nações que vos despojaram; porque aquele que tocar em vós toca na menina do seu olho.
9 ၉ သူတို့ကို ငါတိုက်၍ သူတို့၏ ကျွန်များသည် လုယူဖျက်ဆီးကြလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ငါ့ကို စေလွှတ်တော်မူသည်ကို သင်တို့ သိရကြလိမ့်မည်။
Porque eis que levantarei a minha mão sobre eles, e eles virão a ser a preza daqueles que os serviram: assim sabereis vós que o Senhor dos exércitos me enviou.
10 ၁၀ အို ဇိအုန်သတို့သမီး၊ သီချင်းဆို၍ ရွှင်လန်း လော့။ ငါလာ၍ သင့်အလယ်၌နေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
Exulta, e alegra-te ó filha de Sião, porque eis que venho, e habitarei no meio de ti, diz o Senhor.
11 ၁၁ ထိုကာလ၌ လူမျိုးအများတို့သည် ထာဝရဘုရား ဘက်သို့ ဝင်စား၍ ငါ၏လူဖြစ်ကြလိမ့်မည်။ သင့်အလယ် ၌ ငါနေမည်။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား သည် ငါ့ကို သင့်ဆီသို့ စေလွှတ်တော်မူသည်ကို သင်သိရ လိမ့်မည်။
E naquele dia muitas nações se ajuntarão ao Senhor, e me serão por povo, e habitarei no meio de ti, e saberás que o Senhor dos exércitos me enviou a ti
12 ၁၂ ထာဝရဘုရားသည် သန့်ရှင်းသော ပြည်၌ မိမိ အဘို့ ယုဒပြည်ကို အမွေခံ၍ တဖန် ယေရုရှလင်မြို့ကို ရွေးချယ်တော်မူလိမ့်မည်။
Então o Senhor herdará a Judá por sua porção na terra santa, e ainda escolherá a Jerusalém.
13 ၁၃ အိုလူသတ္တဝါအပေါင်းတို့၊ ထာဝရဘုရား ရှေ့ တော်၌ ငြိမ်ဝပ်စွာနေကြလော့။ သန့်ရှင်းသော ကျိန်းဝပ် ရာဌာနတော်၌ ထတော်မူပြီ။
Cala-te, toda a carne, diante do Senhor, porque ele se despertou da sua santa morada.