< ဇာခရိ 13 >
1 ၁ ထိုကာလ၌ ဒါဝိဒ်မင်းမျိုးနှင့် ယေရုရှလင်မြို့ သားတို့၏ ဒုစရိုက်အပြစ်အညစ်အကြေးကို ဆေးကြော စရာဘို့ စမ်းရေတွင်းသည် ပွင့်လျက်ရှိလိမ့်မည်။
Tai dienā avots būs atvērts Dāvida namam un Jeruzālemes iedzīvotājiem pret grēkiem un pret nešķīstību.
2 ၂ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့် တော်မူသည်ကား၊ ပြည်တော်တွင် ရှိသော ရုပ်တုတို့၏ နာမများကို နောက်တဖန်အဘယ်သူမျှ မမှတ်မိစေခြင်း ငှါ၊ ထိုကာလ၌ ငါသုတ်သင်ပယ်ရှင်းမည်။ ပရောဖက်လုပ် သောသူတို့ကို၎င်း၊ ညစ်ညူးသော ဝိညာဉ်ကို၎င်း ပြည် တော်မှ နှင်ထုတ်မည်။
Un tai dienā, saka Tas Kungs Cebaot, Es no zemes izdeldēšu dievekļu vārdus, ka tos vairs nepieminēs; arī (dievekļa) praviešus un nešķīsto garu Es atņemšu no zemes.
3 ၃ လူတစုံတယောက်သည် ပရောဖက်ပြုသေးလျှင်၊ ဘွားမြင်သော မိဘတို့က၊ သင်သည် ထာဝရဘုရား၏ နာမကို အမှီပြု၍ မုသာစကားကို ဟောပြောသောကြောင့် အသေခံရမည်ဟုဆိုလျက်၊ ပရောဖက်ပြုစဉ်ပင် ကိုယ်မိဘ တို့သည် သူ့ကို ထုတ်ချင်းခပ် ထိုးကြလိမ့်မည်။
Un notiks, ja kas vēl sludinās kā pravietis, tad viņa tēvs un viņa māte, kas viņu dzemdinājuši, uz to sacīs: tev nebūs dzīvot, jo viltu tu esi runājis Tā Kunga Vārdā, un viņa tēvs un viņa māte, kas to dzemdinājuši, to nodurs, kad tas sludinās.
4 ၄ ထိုကာလ၌ ပရောဖက်သည် ဟောပြောသော အခါ မိမိမြင်သော ရူပါရုံကြောင့် ရှက်လိမ့်မည်။ သူတပါး ကို လှည့်စားမည့်အကြံနှင့် ကြမ်းတမ်းသော အဝတ်ကို လည်း မဝတ်ရ။
Un notiks tai dienā, ka pravieši kaunēsies ikviens par savu parādīšanu, to pasludināt, un vairs neapvilks spalvas mēteli uz meliem.
5 ၅ အကျွန်ုပ်သည် ပရောဖက်မဟုတ်၊ လယ်လုပ် သော သူဖြစ်ပါ၏။ ငယ်သောအရွယ်မှစ၍ သူတပါး၌ ကျွန်ခံရပါပြီဟု ဝန်ခံလိမ့်မည်။
Bet sacīs: es neesmu pravietis, es esmu zemes kopējs, jo viens mani saderējis no manas jaunības.
6 ၆ သူတပါးကလည်း၊ သင့်လက်၌ ပေါ်သော ဒဏ်ရာကား၊ ကျွန်ုပ်၏ အဆွေခင်ပွန်းအိမ်၌ ခံရသော ဒဏ်ရာဖြစ်ပါသည်ဟု ပြန်ပြောလိမ့်မည်။
Un ja kas sacīs: kas tās tādas rētas tavās rokās? Tad viņš sacīs: tā es esmu sakults savu mīļo namā.
7 ၇ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့် တော်မူသည်ကား၊ အိုထား၊ ငါ၏သိုးထိန်းတဘက်၊ ငါ၏ အပေါင်းအဘော်ဖြစ်သောသူတဘက်၌ နိုးလော့။ သိုး ထိန်းကို ရိုက်သတ်လော့။ သို့ပြုလျှင်၊ သိုးတို့သည် ကွဲလွင့်ရ ကြလိမ့်မည်။ သိုးသငယ်တို့အပေါ်၌လည်း ငါသည် ငါ့ လက်ကို တင်ဦးမည်။
Zoben, uzmosties pret Manu ganu un pret to vīru, kas Mans biedrs, saka Tas Kungs Cebaot; sit ganu, tad avis izklīdīs, bet es savu roku griezīšu pie tiem maziņiem.
8 ၈ ထာဝရဘုရား မိန့်တော်မူသည်ကား၊ တပြည်လုံး သုံးစုတွင် နှစ်စုကို ပယ်ဖြတ်၍ အသေခံရသဖြင့်၊ တစုသာ ကျန်ကြွင်းရလိမ့်မည်။
Un notiks visā zemē, saka Tas Kungs: divas daļas tur taps izdeldētas un izmirs, un trešā daļa tur atliks.
9 ၉ ထိုတစုကို မီးအလယ်သို့ ငါရှောက်သွားစေမည်။ ငွေကို ချွတ်သကဲ့သို့ ချွတ်မည်။ ရွှေကို စုံစမ်းသကဲ့သို့ စုံစမ်းမည်။ သူတို့သည် ငါ့နာမကို ပဌနာပြု၍ ငါနား ထောင်မည်။ သူတို့ကို ငါ၏လူမျိုးဟူ၍ ငါခေါ်ဝေါ်မည်။ သူတို့ကလည်း၊ ထာဝရဘုရားသည် ငါတို့၏ဘုရားသခင် ဖြစ်တော်မူ၏ဟု ဝန်ခံကြလိမ့်မည်။
Un trešo daļu Es likšu ugunī un tos šķīstīšu, kā sudrabu šķīstī, un tos pārbaudīšu, kā zeltu pārbauda. Tie piesauks Manu vārdu, un Es tos paklausīšu un sacīšu: tie ir Mani ļaudis; un tie sacīs: Tas Kungs ir mans Dievs.