< ရှောလမုန်သီချင်း 1 >
1 ၁ သီချင်းတကာတို့တွင် အထွဋ်ဖြစ်သော ရှော လမုန်သီချင်း။
The Song of Songs, which pertaineth to Solomon.
2 ၂ သခင်နှုတ်ဆက်သော နမ်းခြင်းဖြင့် ကျွန်မကို နမ်းပါးစေ။ ကိုယ်တော်၏မေတ္တာသည် စပျစ်ရည်ထက် သာ၍ ကောင်းပါ၏။
[SHE] Let him kiss me with the kisses of his mouth! [THEY] For better are thy caresses than wine:
3 ၃ ကိုယ်တော်၌ မွှေးကြိုင်းသော နံ့သာဆီကဲ့သို့၊ နာမတော်သည် သွန်းလောင်းသောနံ့သာဆီဖြစ်ပါ၏။ ထိုကြောင့်သတို့သမီးကညာတို့သည် ကိုယ်တော်ကိုချစ်ကြ ပါ၏။
Like the fragrance of thy precious oils, Oil poured out, is thy name, For this cause, virgins love thee.
4 ၄ ကျွန်မကို သွေးဆောင်တော်မူပါ။ ကျွန်မတို့ သည် နောက်တော်သို့ပြေး၍ လိုက်ကြပါမည်။ အရှင် မင်းကြီးသည် အိမ်တော်အတွင်းခန်းထဲသို့ ကျွန်မကို ဆောင်ခဲ့တော်မူပြီ။ ကျွန် မတို့သည် ကိုယ်တော်ကြောင့် ဝမ်းမြောက်ရွှင်လန်းကြမည်။ မေတ္တာတော်ကို စပျစ်ရည် ထက်သာ၍ ချီးမွမ်းကြမည်။ သတို့သမီးကညှာတို့သည် ကိုယ်တော်ကိုမှန်ကန်စွာ ချစ်ကြပါ၏။
[SHE] Draw me! [THEY] After thee, will we run! [SHE] The king, hath brought me, into his chambers. [THEY] We will exult and rejoice in thee, we will mention thy caresses, beyond wine, Sincerely they love thee.
5 ၅ အိုယေရုရှလင်မြို့သမီးတို့၊ ငါသည်ကေဒတဲ ကဲ့သို့ မည်သေအဆင်းရှိသော်လည်း၊ ရှောလမုန်မင်း၏ ကုလားကာကဲ့သို့ တင့်တယ်သေး၏။
[SHE] Swarthy, I am but comely, ye daughters of Jerusalem. [THEY] Like the tents of Kedar, like the curtains of Solomon.
6 ၆ ငါသည်နေပူကိုခံ၍ မည်းသောအဆင်းရှိသော ကြောင့်၊ ငါ့ကိုမကြည့်ရှုကြပါနှင့်။ ငါ့မိခင်၏သားသမီးတို့ သည် ငါ့ကို မနာလိုသောစိတ်ရှိ၍၊ စပျစ်ဥယျာဉ်တို့ကို စောင့်စေကြ၏။ ကိုယ်ဥယျာဉ်ကို မစောင့်ရပါ။
[SHE] Do not look on me, because, I, am so swarthy, because the sun hath scorched me, —My mother’s sons, were angry with me, they set me to keep the vineyards, Mine own vineyard, have I not kept. …
7 ၇ ကျွန်မနှစ်သက်နှစ်လိုရာအရှင်၊ ကိုယ်တော် သည် သိုးများကိုအဘယ်မှာ ထိန်းတော်မူသည်ကို၎င်း၊ မွန်းတည့်ချိန်၌ အဘယ်မှာအရပ်ခိုစေတော်မူသည်ကို၎င်း ပြတော်မူပါ။ ကျွန်မသည် အခြားတပါးသော သိုးထိန်း နောက်သို့ အဘယ်ကြောင့် လမ်းလွဲ၍လိုက်ရပါအံ့နည်း။
Tell me, thou loved of my soul! Where wilt thou pasture thy flock? Where wilt thou let them recline at noon? For why should I be as one that wrappeth a veil about her, by the flocks of thy companions?
8 ၈ မိန်းမတကာတို့ထက် အဆင်းလှသောအစ်မ၊ သင်သည်မသိလျှင်၊ သိုးများခြေရာသို့လိုက်သွား၍၊ သိုးထိန်းတဲများအနားမှာ သင်၏သိုးသငယ်တို့ကို ကျွေး မွေးပါလော့။
[HE] If thou know not of thyself, most beautiful among women! get thee forth in the footsteps of the flock, and pasture thy kids by the huts of the shepherds. …
9 ၉ ငါချစ်သောနှမ၊ သင့်ကိုဖာရောမင်းရထား၌ ကသော မြင်းနှင့် ငါပုံပြမည်။
To a mare of mine, in the chariots of Pharaoh, have I likened thee, my fair one!
10 ၁၀ သင်၏ပါးသွယ်၌ မုတ်ပုတီးတန်ဆာဆင်လျက်၊ လည်ပင်း၌ ပုလဲအသွယ်သွယ်ဆွဲလျက်၊ သင်သည် တင့်တယ်လှ၏။
Comely are thy cheeks, with bead-rows, thy neck, with strings of gems.
11 ၁၁ ငွေနှင့်အပြောက်ချယ်သော ရွှေပုတီးအသွယ် သွယ်ကိုလည်း လုပ်၍ ပေးဦးမည်။
[THEY] Rows of golden ornaments, will we make thee, with studs of silver.
12 ၁၂ အရှင်မင်ကြီးသည် စားပွဲတော်နားမှာ ထိုင်နေ စဉ်၊ ငါထုံသော နာဒုဆီမွှေးအနံ့သည် တပျံ့ပျံ့တလှိုင်လှိုင် ဖြစ်လေ၏။
[SHE] By the time the king is in his circle, my nard, will have given out its fragrance:
13 ၁၃ ငါချစ်ရာသခင်သည် ငါ၌မုရန်နံ့သာပုံဖြစ်၍၊ ငါ့ရင်အုံကြားမှာ တညဉ့်လုံးအိပ်ရမည်။
A bag of myrrh, is my beloved to me, between my breasts, shall it tarry the night!
14 ၁၄ ငါချစ်ရာသခင်သည် အင်္ဂေဒိဥယျာဉ်မှ ဖြစ် သော ဟင်္နာခက်ရွက်စည်းကဲ့သို့ဖြစ်ပါ၏။
A cluster of henna, is my beloved to me, in the vineyards of En-gedi.
15 ၁၅ ငါချစ်သောနှမ၊ သင်သည် အဆင်းလှပေ၏။ အလွန်လှပေ၏။ ချိုးမျက်စိနှင့်ပြည့်စုံ၏။
[HE] Lo! thou art beautiful my fair one, lo! thou art beautiful, Thine eyes, [are] doves!
16 ၁၆ ငါချစ်ရာသခင်သည် အဆင်းလှ၍၊ ချစ်ဘွယ် သော လက္ခဏာနှင့် ပြည့်စုံတော်မူ၏။ ငါတို့အိပ်ရာခင်း သည် စိမ်းသော အဆင်းရှိ၏။
[SHE] Lo! thou art beautiful, my beloved, Yea delightful! [BOTH] Yea! our couch, is covered with leaves:
17 ၁၇ ငါတို့ ဗိမာန်တိုင်တို့သည် အာရဇ်ပင်၊ အမိုးသည် ထင်ရူးပင်ဖြင့်ပြီးသတည်း။
The beams of our house, are cedars, Our fretted ceiling, is cypress-trees.