< ရှောလမုန်သီချင်း 6 >
1 ၁ မိန်းမတကာတို့ထက် အဆင်းလှသောအစ်မ၊ သင်ချစ်ရာသခင်သည် အဘယ်အရပ်သို့ကြွတော်မူသ နည်း။ အကျွန်ုပ်တို့သည် သင်နှင့်အတူ သူ့ကိုရှာရမည် အကြောင်း၊ သင်ချစ်ရာသခင်သည် အဘယ်အရပ်သို့ လွှဲသွားတော်မူသည်ကို ပြောပါ။
Tugbewo ƒe fia, afi ka wò lɔlɔ̃tɔ yi? Mɔ ka wò lɔlɔ̃tɔ to, ne míakpe ɖe ŋuwò adii?
2 ၂ ငါချစ်ရာသခင်သည် ဥယျာဉ်တော်၌ သစ်သီးကို စား၍၊ နှင်းပွင့်ကို ဆွတ်ယူမည်ဟု၊ ဥယျာဉ်တော်တွင် နံ့သာတောသို့ ဆင်းသွားတော်မူပေ၏။
Nye lɔlɔ̃tɔ yi ɖe eƒe abɔ me; eyi atike ʋeʋĩwo ƒe bo dzi, ne wòatsa le wo me agbe dzogbenyawo.
3 ၃ ငါချစ်ရာသခင်သည် ငါ့ကိုဆိုင်တော်မူ၏။ ငါသည်လည်း သခင်ကို ဆိုင်ပေး၏။ နှင်းတော်၌ ကျက်စားတော်မူ၏။
Nye lɔlɔ̃tɔ nye tɔnye, eye nye hã menye etɔ; ele tsa ɖim le dzogbenyawo dome.
4 ၄ ငါချစ်သောနှမ၊ သင်သည်တိရဇမြို့ကဲ့သို့ လှ၏။ ယေရုရှလင်မြို့ကဲ့သို့ တင့်တယ်၏။ စစ်မျက်နှာကဲ့သို့ ကြောက်မက်ဘွယ်ဖြစ်၏။
Nye dzi lɔlɔ̃a, èdze tugbe abe Tirza ene, ènya kpɔ abe Yerusalem ene, eye fianyenye le ŋutiwò abe asrafoha siwo lé aflaga ɖe asi ene.
5 ၅ သင်၏မျက်စိတို့ကို ငါမှလွှဲပါ။ သူတို့သည် ငါ့ကို အောင်ပြီ။ သင်၏ဆံပင်သည်လည်း၊ ဂိလဒ်တော်ပေါ်မှ ဆင်းလာသော ဆိတ်စုကဲ့သို့ဖြစ်၏။
Ɖe wò ŋku ɖa le ŋunye; wowu gbɔgblɔ nam, wò taɖa le abe gbɔ̃ha siwo ɖi tso Gilead to dzi la ene.
6 ၆ သင်၏သွားတို့သည်လည်း၊ ရေချိုးရာမှ တက် လာသော သိုးစုကဲ့သို့ဖြစ်ကြ၏။ တကောင်မျှမလျော့၊ အမွှာသာ ဘွားတတ်ကြ၏။
Wò aɖuwo fu abe alẽha siwo tso tsileƒe ene. Wo katã wole zɔzɔm eveve, eye ɖeke metsi akogo o.
7 ၇ နားပန်းဆံကြားမှာ ပါးတို့သည် သလဲသီးရှက် နှင့် တူကြ၏။
Wò tonuƒui le dzedzem le moxevɔ me abe atɔtɔ si woma ɖe eve la ene.
8 ၈ မိဖုရားခြောက်ကျိပ်၊ မောင်းမမိဿံရှစ်ကျိပ်၊ အပျိုတော်အတိုင်းမသိ ရှိကြ၏။
Fiasrɔ̃wo le blaade, ahiãviwo le blaenyi, hekpe ɖe ɖetugbi dzadzɛ siwo mele xexlẽme o la ŋuti;
9 ၉ ငါ့ချိုး၊ ငါ၏စုံလင်သူသည် ငါ၌တပါးတည်းရှိ၏။ ဘွားမြင်သောမိခင်၌ အချစ်ဆုံးသောသမီးဖြစ်၏။ လူမျိုး သမီးတို့သည် သူ့ကိုမြင်၍ ကောင်းကြီးပေးကြ၏။ မိဖုရား များနှင့် မောင်းမမိဿံများတို့သည် ချီးမွမ်းကြ၏။
gake nye ahɔnɛ si de blibo si le tɔxɛ, dadaa ƒe vinyɔnu ɖeka hɔ̃ɔ lae nye ame si nye dzila ƒe malɔ̃nulegbɔa. Ɖetugbiawo kpɔe, eye woyɔe be yayratɔ; fiasrɔ̃wo kple ahiãviawo hã kafui.
10 ၁၀ လကဲ့သို့ တင့်တယ်လျက်၊ နေကဲ့သို့ ထွန်းလင်း လျက်၊ စစ်မျက်နှာကဲ့သို့ ကြောက်မက်ဘွယ်ဖြစ်လျက်၊ နံနက်ကဲ့သို့ မျှော်ရှုသော သတို့သမီးကား၊ အဘယ်သူ နည်း။
Ame kae nye esi le dzedzem abe agudzedze ene, nyo abe ɣleti ene, le keklẽm abe ɣe ene, eye wòle zɔzɔm fiatɔe abe ɣletiviwoe le asaɖa bɔm ene?
11 ၁၁ ချိုင့်ထဲမှာ သစ်သီးများကိုကြည့်ရှု၍၊ စပျစ်နွယ် ပင် သန်သည် မသန်သည်ကို၎င်း၊ သလဲပင်ပွင့်သည် မပွင့်သည်ကို၎င်း သိခြင်းငှါ၊ ငါပြုစုသော ဥယျာဉ်သို့ ငါဆင်းသွား၏။
Meyi ɖe azitiwo te, ne makpɔ gbe fɛ̃ siwo le balime, ne makpɔe ɖa be wainkawo te tsetse alo yevuzitiwo ƒo se mahã.
12 ၁၂ သတိမရမှီ ငါ့ဝိညာဉ်သည် အမိနဒိပ်ရထားကို စီးသကဲ့သို့ ဖြစ်၏။
Hafi mava nya la, nye didi kplɔm yi ɖe nye dukɔ ƒe fia ƒe tasiaɖamwo dome.
13 ၁၃ အိုရှုလမိတ်၊ ပြန်လာပါ။ ပြန်လာပါ။ အကျွန်ုပ် တို့သည် သင့်ကိုရှုမြင်ရမည်အကြောင်း၊ ပြန်လာပါ။ ပြန်လာပါ။ ရှုလမိတ်၌ အဘယ်သို့သောအရာကို တွေ့မြင် ကြလိမ့်မည်နည်း။ စစ်တပ်နှစ်ထပ်ကဲ့သို့ တွေ့မြင်ကြ ပါမည်။
Trɔ va, trɔ va, O Sulamitɔ trɔ va, trɔ va, be míalé ŋku ɖe ŋuwò sẽe! Nu ka ta miebe míalé ŋku ɖe Sulamitɔ ŋu abe ale si miewɔna ne wole Mahanaim ɣe ɖum la ene?