< ရှောလမုန်သီချင်း 5 >
1 ၁ ငါနှမ၊ ငါ့ခင်ပွန်း၊ ငါ့ဥယျာဉ်ထဲသို့ ငါဝင်လာပြီ။ ငါ့မုရန်နှင့် နံ့သာမျိုးကို ခံယူပြီ။ ငါ့ပျားရည်နှင့် ပျားလပို့ ကို စားရပြီ။ ငါ့နို့နှင့် စပျစ်ရည်ကိုသောက်ရပြီ။ ငါ့အဆွေ တို့၊ စားကြလော့။ ငါ့မိတ်ဆွေတို့၊ သောက်ကြ။ ဝစွာ သောက်ကြလော့။
၁ငါ နှမ ၊ ငါ့ခင်ပွန်း ၊ ငါ့ ဥယျာဉ် ထဲ သို့ ငါဝင် လာပြီ။ ငါ့ မုရန် နှင့် နံ့သာမျိုး ကိုခံယူ ပြီ။ ငါ့ ပျားရည် နှင့် ပျားလပို့ ကို စား ရပြီ။ ငါ့ နို့ နှင့် စပျစ်ရည် ကိုသောက် ရပြီ။ ငါ့အဆွေ တို့၊ စား ကြလော့။ ငါ့မိတ်ဆွေ တို့၊ သောက် ကြ။ ဝ စွာ သောက်ကြလော့။
2 ၂ ငါသည် အိပ်ပျော်စဉ်၊ နှလုံးနိုးလျက်ရှိ၏။ ငါချစ်ရာ သခင်၏စကားသံပေ။ ငါ့နှမ၊ ငါချစ်သောအမိ၊ ငါ့ချိုး၊ ငါ၏စုံလင်သူ၊ ငါအားဖွင့်ပါ။ ငါ့ခေါင်းသည် နှင်းနှင့်၎င်း၊ ငါ့ဆံပင်သည် ညဉ့်၌ကျတတ်သော နှင်းစက် များနှင့်၎င်း စိုပြီဟုဆိုလျက်၊ ခေါက်၍နေတော်မူ၏။
၂ငါ သည် အိပ်ပျော် စဉ်၊ နှလုံး နိုး လျက်ရှိ၏။ ငါ ချစ် ရာ သခင်၏စကား သံပေ။ ငါ့ နှမ ၊ ငါ ချစ် သောအမိ၊ ငါ့ ချိုး ၊ ငါ ၏စုံလင် သူ၊ ငါ အား ဖွင့် ပါ။ ငါ့ ခေါင်း သည် နှင်း နှင့်၎င်း၊ ငါ့ ဆံပင် သည် ညဉ့် ၌ကျ တတ်သော နှင်းစက်များနှင့်၎င်း စို ပြီဟုဆိုလျက်၊ ခေါက် ၍နေတော်မူ၏။
3 ၃ ကျွန်မသည် အဝတ်ကိုချွတ်ပါပြီ။ အဘယ် ကြောင့် ဝတ်ပြန်ရမည်နည်း။ ခြေကိုလည်းဆေးပါပြီ။ တဖန်ညစ်အောင် အဘယ်ကြောင့် ပြုရပါမည်နည်း။
၃ကျွန်မ သည် အဝတ် ကိုချွတ် ပါပြီ။ အဘယ် ကြောင့် ဝတ် ပြန်ရမည်နည်း။ ခြေ ကိုလည်းဆေး ပါပြီ။ တဖန်ညစ် အောင် အဘယ် ကြောင့်ပြုရပါမည်နည်း။
4 ၄ ငါချစ်ရာသခင်သည် လက်တော်ကိုတံခါးပေါက် အထဲသို့ သွင်းတော်မူသည်ဖြစ်၍၊ သူ့ကိုချစ်သနားသော စိတ် အားကြီးသဖြင့်၊
၄ငါ ချစ် ရာသခင်သည် လက် တော်ကိုတံခါးပေါက် အထဲ သို့ သွင်း တော်မူသည်ဖြစ်၍ ၊ သူ့ ကိုချစ်သနားသောစိတ် အားကြီး သဖြင့်၊
5 ၅ ငါချစ်ရာသခင်အား တံခါးကိုဖွင့်အံ့သောငှါ ထသောအခါ၊ ငါ့လက်မှမုရန်ဆီ၊ ငါ့လက်ချောင်းတို့မှ ပကတိမုရန်ဆီသည် တံခါးကျင်တိုက်ပေါ်မှာ စက်စက် ကျလေ၏။
၅ငါ ချစ် ရာသခင်အား တံခါးကိုဖွင့် အံ့သောငှါ ထ သောအခါ ၊ ငါ့ လက် မှမုရန် ဆီ၊ ငါ့ လက်ချောင်း တို့မှ ပကတိမုရန် ဆီသည် တံခါး ကျင်တိုက်ပေါ် မှာ စက်စက် ကျလေ၏။
6 ၆ ငါချစ်ရာသခင်အားငါဖွင့်သည်ရှိသော်၊ ငါချစ် ရာ သခင်သည်ထွက်သွားနှင့်ပြီ။ စကားသံတော်ကို စေ့စေ့ နားထောင်လျက်၊ သခင်ကိုငါရှာသော်လည်း မတွေ့။ ခေါ်သော်လည်း ထူးတော်မမူ။
၆ငါ ချစ် ရာသခင်အား ငါ ဖွင့် သည်ရှိသော်၊ ငါ ချစ် ရာ သခင်သည်ထွက် သွား နှင့်ပြီ။ စကား သံတော်ကို စေ့စေ့နားထောင်လျက်၊ သခင် ကိုငါရှာ သော်လည်း မ တွေ့။ ခေါ် သော်လည်း ထူး တော်မ မူ။
7 ၇ မြို့တွင်လည်သော ကင်းစောင့်တို့သည် ငါ့ကို တွေ့သော်၊ နာကျင်စွာရိုက်ကြ၏။ မြို့ရိုးစောင့်တို့သည် ငါ့မျက်နှာဖုံးကို လုယူကြ၏။
၇မြို့ တွင် လည် သော ကင်းစောင့် တို့သည် ငါ့ ကို တွေ့ သော်၊ နာကျင် စွာရိုက် ကြ၏။ မြို့ရိုး စောင့် တို့သည် ငါ့ မျက်နှာဖုံး ကို လု ယူကြ၏။
8 ၈ အိုယေရုရှလင်မြို့သမီးတို့၊ သင်တို့သည် ငါချစ် ရာ သခင်ကိုတွေ့လျှင်၊ သူ့ကိုငါချစ်၍ နာနေကြောင်းကို ကြားပြောကြပါဟု၊ ငါမှာထားတောင်းပန်ပါ၏။
၈အိုယေရုရှလင် မြို့သမီး တို့၊ သင် တို့သည် ငါ ချစ် ရာ သခင်ကိုတွေ့ လျှင် ၊ သူ့ကိုငါ ချစ် ၍ နာ နေကြောင်း ကို ကြား ပြောကြပါဟု၊ ငါ မှာထားတောင်းပန်ပါ၏။
9 ၉ မိန်မတကာတို့ထက် အဆင်းလှသောအစ်မ၊ သင်ချစ်ရာသခင်သည် အခြားတပါးသော ချစ်ရာသခင် ထက် အဘယ်သို့သာသနည်း။ အကျွန်ုပ်တို့ကို ထိုသို့မှာထားတောင်းပန်ရမည်အကြောင်း၊ သင်ချစ်ရာ သခင်သည် အခြားတပါးသော ချစ်ရာသခင်ထက် အဘယ်သို့ သာယာနည်။
၉မိန်းမ တကာ တို့ထက် အဆင်း လှသောအစ်မ၊ သင် ချစ် ရာသခင်သည် အခြားတပါးသော ချစ်ရာသခင် ထက် အဘယ်သို့သာသနည်း။ အကျွန်ုပ် တို့ကို ထို သို့မှာ ထားတောင်းပန်ရမည်အကြောင်း ၊ သင် ချစ် ရာသခင်သည် အခြားတပါးသော ချစ် ရာသခင်ထက် အဘယ်သို့ သာသနည်း။
10 ၁၀ ငါချစ်ရာသခင်သည် ဖြူသောအအဆင်း၊ နီသော အဆင်းနှင့် ပြည့်စုံ၍၊ လူတသောင်းတို့တွင် အထွဋ် အမြတ်ဖြစ်တော်မူ၏။
၁၀ငါ ချစ် ရာသခင်သည် ဖြူ သောအဆင်း၊ နီ သော အဆင်းနှင့် ပြည့်စုံ၍၊ လူတ သောင်းတို့တွင် အထွဋ် အမြတ်ဖြစ်တော်မူ၏။
11 ၁၁ ဦးခေါင်းတော်သည် ရွှေစင်နှင့်တူ၏။ ဆံပင် တော်သည် ထူထပ်၍၊ ကျီးအဆင်းကဲ့သို့ နက်၏။
၁၁ဦးခေါင်း တော်သည် ရွှေစင် နှင့်တူ၏။ ဆံပင် တော်သည် ထူထပ် ၍၊ ကျီး အဆင်းကဲ့သို့ နက် ၏။
12 ၁၂ မျက်စိတော်တို့သည် နို့၌ချိုးလျက် မြစ်ရေပေါ် မှာ ပုံ့ပုံ့ ကြွကြွဝပ်သာ ချိုးနှင့်တူကြ၏။
၁၂မျက်စိ တော်တို့သည် နို့ ၌ ချိုး လျက် မြစ် ရေ ပေါ် မှာ ပုံ့ပုံ့ကြွကြွဝပ် သော ချိုး နှင့်တူ ကြ၏။
13 ၁၃ ပါးတော်တို့သည် နံ့သာတော၊ မွှေးကြိုင်သော ပန်းတောကဲ့သို့၎င်း နှုတ်ခမ်တော်တို့သည် ပကတိမုရန် ဆီယိုသော နှင့်ပွင့်ကဲ့သို့၎င်းဖြစ်ကြ၏။
၁၃ပါး တော်တို့သည် နံ့သာ တော၊ မွှေးကြိုင် သော ပန်း တောကဲ့သို့ ၎င်း နှုတ်ခမ်း တော်တို့သည် ပကတိမုရန် ဆီယို သော နှင်းပွင့် ကဲ့သို့၎င်း ဖြစ်ကြ၏။
14 ၁၄ လက်တော်တို့သည် မျက်ရွဲစီသောလက်စွပ်ကဲ့သို့၎င်း၊ ကိုယ်တော်သည် နီလာကျောက်ဖြင့် စီချယ်သော ဆင်စွယ်ဖြူကဲ့သို့၎င်းဖြစ်၏။
၁၄လက် တော်တို့သည် မျက်ရွဲ စီ သောလက်စွပ် ကဲ့သို့၎င်း၊ ကိုယ် တော်သည် နီလာ ကျောက်ဖြင့် စီချယ် သော ဆင်စွယ် ဖြူ ကဲ့သို့၎င်း ဖြစ်၏။
15 ၁၅ ခြေထောက်တော်တို့သည် ရွှေစင်ဘိနပ်ပေါ်၌ တည်သော ကျောက်ဖြူတိုင်နှင့်တူကြ၏။ မျက်နှာတော် သည် လေဗနုန်တောင်ကဲ့သို့ဖြစ်၍၊ အာရဇ်ပင်ကဲ့သို့ ထူးမြတ်ပေ၏။
၁၅ခြေထောက် တော်တို့သည် ရွှေစင် ဘိနပ် ပေါ် ၌ တည် သော ကျောက်ဖြူ တိုင် နှင့်တူကြ၏။ မျက်နှာ တော် သည် လေဗနုန် တောင်ကဲ့သို့ ဖြစ်၍၊ အာရဇ် ပင်ကဲ့သို့ ထူးမြတ် ပေ၏။
16 ၁၆ နှုတ်တော်သည် အလွန်ချိုပေ၏။ တကိုယ်လုံး၌ ချစ်ဖွယ်သော ဂုဏ်တော်အပေါင်းတို့နှင့်ပြည့်စုံတော်မူ၏။ ယေရုရှလင်မြို့သမီးတို့၊ ဤသူသည် ငါချစ်ရာသခင်၊ ငါ့မိတ်ဆွေဖြစ်တော်မူသတည်း။
၁၆နှုတ် တော်သည် အလွန်ချို ပေ၏။ တကိုယ်လုံး၌ ချစ်ဖွယ် သော ဂုဏ်တော်အပေါင်း တို့နှင့် ပြည့်စုံတော်မူ၏။ ယေရုရှလင် မြို့သမီး တို့၊ ဤ သူသည် ငါ ချစ် ရာသခင်၊ ငါ့ မိတ်ဆွေ ဖြစ်တော်မူသတည်း။