< ရှောလမုန်သီချင်း 3 >
1 ၁ ငါ့ဝိညာဉ်ချစ်သောသူကို ညဉ့်အခါအိပ်ရာပေါ် မှာ ငါရှာ၏။ ရှာသော်လည်းမတွေ့။
Ka lungthung hoi ka pahren e hateh, karum vah ka inae koehoi ka tawng. Hateiteh ka hmawt hoeh.
2 ၂ ငါထမည်။ မြို့လမ်းတို့တွင် လည်မည်။ ငါ့ ဝိညာဉ်ချစ်သောသူကို လမ်းမတို့တွင်ရှာမည်ဟုဆိုလျက် ရှာသော်လည်း မတွေ့။
Atu ka thaw teh khothung ka lawngven teh lam tangkuem hoi tami a kamkhuengnae hmuennaw koe ka lungthinthung hoi ka pahren nang teh na tawng. Hateiteh na hmawt hoeh.
3 ၃ မြို့ကိုလည်သော ကင်းစောင့်တို့သည် ငါ့ကို တွေ့ကြသော်၊ ငါ့ဝိညာဉ်ချစ်သော သူကိုမြင်ကြသလော ဟု ငါမေး၏။
Khoipui ka ring e ramvengnaw ni hai na hmu awh. Ahnimouh koe ka pahren hah na hmu awh maw telah ka pacei.
4 ၄ သူတို့မှ အနည်းငယ်လွန်ပြန်လျှင်၊ ငါဝိညာဉ် ချစ်သော သူကိုတွေ့၏။ ငါသည် သူ့ကိုမလွှတ်။ အမြဲကိုင် ၍ ငါ့ကိုဘွားမြင်သော မိခင်၏အိမ်၌ အိပ်ရာအခန်းထဲသို့ ဆောင်ခဲ့ ၏။
Ahnimouh koung tapoung hoi a ro hoehnahlan, ka pahren e teh ka hmu. Ahni hah ka kuet teh, ka khenae, anu imthungkhu totouh ka hrawi.
5 ၅ ယေရုရှလင်မြို့သမီးတို့၊ ငါချစ်သော သတို့သမီး သည် အလိုလိုမနိုးမှီတိုင်အောင်၊ မလှုပ်မနှိုးမည် အကြောင်း၊ တော၌ ကျင်လည်သောသမင် ဒရယ်များကို တိုင်တည်၍၊ သင်တို့ကို ငါမှာထား၏။
Oe Jerusalem canunaw ka pahren teh amahmawk a kâhlaw hoeh roukrak na pâhlaw awh hoeh nahanelah, kahrawng e sayuk sakhinaw thoebo laihoi, nangmouh teh lawk na thui awh.
6 ၆ မုရန်၊ လောဗန်အစရှိသော ကုန်သည် ရောင်း တတ်သောနံ့သာမှုန်မျိုးကို မီးရှို့၍၊ ထသော မီးခိုးတိုင် သဏ္ဍာန်ရှိလျက် တော်ထဲကလာသော ထိုသူကား၊ အဘယ် သူဖြစ်ပါလိမ့်မည်နည်း။
Murah hoi frankinsen koehoi hno kayawtnaw ni a yo e hmuituinaw pueng hah, hmaisawi toteh ka khu e hmaikhukhom patetlah kahrawngum hoi ka tâcawt e teh api nama.
7 ၇ ထိုသူအပေါင်းတို့သည် ထားကိုင်လျက်၊ စစ်မှု စစ်ရေး၌ လေ့ကျက်သောသူ ဖြစ်ကြ၏။
Khenhaw! Solomon kâkayawtnae doeh. Isarel athakaawme taminaw, athakaawme 60 touh hoi a tho.
8 ၈ ညဉ့်အခါ စိုးရိမ်စရာရှိသောကြောင့်၊ လူတိုင်းမိမိ အပေါ်၌ မိမိထားကိုမြှောင်ထားလျက်ရှိ၏။
Hotnaw abuemlah teh tarantuk hanelah tahloi ka patuem e tarankahawinaw doeh. Karum lae atueng nah puen hanelah ao dawkvah, tami pueng ni tahloi coungkacoelah a neng awh.
9 ၉ လေဗနုန်သစ်သားဖြင့် ရှောလမုန်မင်းကြီး လုပ်တော်မူသော ယာဉ်ပျံတော်ဖြစ်၏။
Solomon siangpahrang ni Lebanon thing hoi ama hanelah, kâkayawtnae hah a sak.
10 ၁၀ ကွန်းစင်တိုင်တို့ကို ငွေဖြင့်၎င်း၊ အောက်ပိုင်းကို ရွှေဖြင့်၎င်း၊ ထိုင်ရန်ဖုံကို နီမောင်းသော ကမ္ပလာဖြင့်၎င်း၊ ပြီးစေတော်မူ၏။ အတွင်းကိုမူကား၊ ယေရုရှလင်မြို့သမီး တို့သည် မေတ္တာနှင့်ချယ်လှယ်ကြပြီ။
Alungui e khomnaw hah, ngun hoi, a rahim e naw hah sui hoi, tahung nahane carawng hah Opaou e hni hoi a sak. Athung lae naw teh, Jerusalem canunaw ni lungpatawnae hoi a pathoup awh.
11 ၁၁ ဇိအုန်သတို့သမီးတို့၊ လက်ထပ်မင်္ဂလာဆောင် သောနေ့၊ နှလုံးတော်ရွှင်လန်းသောနေ့၌ မယ်တော်တင် သော ဦးရစ်သရဖူကို ဆောင်းတော်မူသော ရှောလမုန် မင်းကြီးကို သွား၍ဖူးမြင်ကြလော့။ ရှောလမုန်မင်း၏ ယာဉ်ပျံတော် ကို ကြည့်ကြလော့။ သူရဲခြောက်ကျိပ်၊ ဣသရေလအမျိုး သားသူရဲ အခြွေအရံရှိကြ၏။
Zion canunaw kâpaluen e hnin hoi, lungthin a nawmnae hnin nah, a manu ni oupnae bawilakhung hah kâmuk sak e Solomon siangpahrang hah cet nateh khen awh.