< ရုသ 4 >

1 ထိုအခါဗောဇသည်မြို့တံခါးဝသို့ သွား၍ထိုင်သဖြင့်၊ မနေ့ကပြောသော အမျိုးသားချင်းရှောက်သွား သည်ကိုမြင်လျှင်၊ အိုမည်သူလှည့်၍ ထိုင်ပါတော့ဟုခေါ်သည်အတိုင်း သူသည် လှည့်၍ထိုင်လေ၏။
Bu arada Boaz kent kapısına gidip oturdu. Sözünü ettiği yakın akraba oradan geçerken ona, “Arkadaş, gel şuraya otur” diye seslendi. Adam da varıp Boaz'ın yanına oturdu.
2 တဖန်မြို့သားအသက်ကြီးသူ တကျိပ်တို့ကိုခေါ်၍၊ သည်မှာထိုင်ပါတော့ဟု ဆိုသည် အတိုင်းသူတို့သည် လည်းထိုင်ကြ၏။
Sonra Boaz kentin ileri gelenlerinden on adam topladı. Onlara, “Siz de gelin, oturun” dedi. Adamlar da oturdular.
3 အမျိုးသားချင်းကိုလည်း၊ မောဘပြည်မှပြန်လာသောနောမိသည် ငါတို့အစ်ကို ဧလိမလက်ပိုင်သော မြေ အကွက်ကိုရောင်းမည်ဖြစ်၍၊
Boaz, yakın akrabadan olan adama şöyle dedi: “Moav topraklarından dönmüş olan Naomi, akrabamız Elimelek'in tarlasını satıyor.
4 သင့်ကိုငါတိုင်ကြားလျက်၊ ပြည်သားများ၊ ငါတို့အမျိုး၌ အသက်ကြီးသူ များရှေ့မှာဝယ်ပါတော့ဟု ပြောမည်အကြံရှိပါ၏။ သင်သည် ရွေးလိုလျှင် ရွေးပါတော့၊ မရွေးလိုလျှင် ကျွန်ုပ် အားကြားပြောပါတော့။ သင်မှ တပါးရွေးပိုင်သောသူမရှိ။ သင့်နောက်မှာ ကျွန်ုပ်နေရာကျသည်ဟုဆိုသော်၊ အမျိုးသားချင်းက၊ ကျွန်ုပ်ရွေးမည်ဟု ပြန်ပြော၏။
Ben de burada oturanların ve halkımın ileri gelenlerinin önünde bunu satın alman için durumu sana açayım dedim. Yakın akrabalık görevini yapmak istiyorsan, yap. Ama sen akrabalık görevini yerine getirmeyeceksen, söyle de bileyim. Çünkü bu görevi yapmak önce sana düşer. Senden sonra ben gelirim.” Adam, “Yakın akrabalık görevini ben yaparım” diye karşılık verdi.
5 ဗောဇကလည်း၊ ထိုလယ်ကွက်ကိုနောမိလက်မှဝယ်သောနေ့ရက်တွင်၊ သေသောသူ၏ အမွေဥစ္စာအားဖြင့် သူ၏နာမည်ကိုထောက်မခြင်းငှါ၊ သူ၏မယားမောဘအမျိုးသမီးရုသကိုလည်း ဝယ်ရသေး သည်ဟု ဆိုသော်၊
Bunun üzerine Boaz, “Yalnız, tarlayı Naomi'den satın aldığın gün, ölen Mahlon'un adının bıraktığı mirasla sürmesi için dul eşi Moavlı Rut'u da almalısın” dedi.
6 အမျိုးသားချင်းက၊ ကျွန်ုပ်သည် ကိုယ်အဘို့မရွေးနိုင်ပါ။ ရွေးလျှင် ကိုယ်အမွေဥစ္စာကိုဖျက်မည် စိုးရိမ်စရာရှိ၏။ ကျွန်ုပ်မရွေးနိုင်သောကြောင့်၊ ကျွန်ုပ်ရွေးပိုင်သောအရာကိုကိုယ်အဘို့ ရွေးပါတော့ဟုပြန်ပြော၏။
Adam, “Bu durumda yakın akrabalık görevini yapamam; yaparsam kendi mirasımı tehlikeye atmış olurum” dedi. “Bana düşen akrabalık görevini sen yüklen. Çünkü ben yapamam.”
7 ဣသရေလရှေးထုံးစံ ဟူမူကား၊ ရွေးခြင်းအမှု၊ ဥစ္စာလဲခြင်းအမှုကိုမြဲမြံစေခြင်းငှါ တယောက်သောသူသည် မိမိ ခြေနင်းကိုချွတ်၍ တယောက်သောသူအားအပ်လေ့ရှိ၏။ ထိုသို့ပြုသောအားဖြင့် ဣသရေလအမျိုးသားတို့တွင် သက်သေတည်ရ၏။
Eskiden İsrail'de akrabalık görevinin yerine getirildiğini ve mülk alım satımının onaylandığını göstermek için taraflardan biri çarığını çıkarıp ötekine verirdi. Alışverişi yasallaştırmanın yolu buydu.
8 သို့ဖြစ်၍အမျိုးသားချင်းက၊ ကိုယ်အဘို့ဝယ်ပါတော့ဟု ဗောဇအားဆို၍ မိမိခြေနင်းကိုချွတ်၏။
Bu nedenle yakın akrabadan olan adam, “Sen kendin satın al” diyerek çarığını çıkarıp Boaz'a verdi.
9 ဗောဇကလည်း၊ ဧလိမလက်ဥစ္စာ၊ ခိလျုန်ဥစ္စာ၊ မဟာလုန်ဥစ္စာ ဟူသမျှကိုနောမိလက်မှငါဝယ်၍၊
Boaz, ileri gelenlere ve bütün halka, “Elimelek'in, Kilyon ile Mahlon'un bütün mülkünü Naomi'den satın aldığıma bugün siz tanık oldunuz” dedi.
10 ၁၀ သေသောသူ၏နာမည်ကို သူ၏ညီအစ်ကို စုထဲက၎င်း၊ သူနေရာမြို့တံခါးထဲက၎င်းမပြတ်စေခြင်းငှါ၊ သူ၏အမွေအားဖြင့် သူ၏နာမည်ကို ထောက်မမည် အကြောင်း၊ မဟာလုန်၏ မယားမောဘအမျိုးသမီး ရုသကို ငါ၏မယားဖြစ်စေခြင်းငှါ ငါဝယ်သည်ကိုသင်တို့သည် ယနေ့သက်သေဖြစ်ကြပါ၏ဟု အသက်ကြီးသူများ၊ လူများအပေါင်းတို့အားပြောဆို၏။
“Mahlon'un dul karısı Moavlı Rut'u da kendime eş olarak alıyorum. Öyle ki, ölen Mahlon'un adı bıraktığı mirasla birlikte sürsün; kardeşlerinin arasından ve yaşadığı kentten adı silinmesin. Bugün siz buna tanık oldunuz.”
11 ၁၁ တံခါးဝ၌ရှိသောအသက်ကြီးသူများ၊ လူများအပေါင်းတို့ကလည်း၊ ငါတို့သည်သက်သေဖြစ်ကြ၏။ သင့်အိမ်သို့ရောက်သော ဤမိန်းမသည်၊ ဣသရေလအမျိုးကိုတည်ထောင်သောမိန်းမနှစ်ယောက်၊ ရာခေလနှင့် လေအာကဲ့သို့ဖြစ်မည်အကြောင်း ထာဝရဘုရား ပြုတော် မူပါစေသော။ သင်သည်လည်း ဧဖရတ်အရပ်၌ အစွမ်းသတ္တိနှင့်ပြည့်စုံ၍ ဗက်လင်မြို့၌အသရေကျော်စောခြင်းရှိပါစေသော။
Kent kapısında bulunan bütün halk ve ileri gelenler, “Evet, biz tanığız” dediler. “RAB senin evine gelen kadını, İsrail soyunun o iki ana direğine –Rahel ve Lea'ya– benzer kılsın. Efrat boyunda varlıklı, Beytlehem'de ünlü olasın.
12 ၁၂ အသက်ပျိုသော ဤမိန်းမတွင်၊ ထာဝရဘုရားပေးတော်မူလတံ့သောမျိုးစေ့အားဖြင့်သင်၏ အမျိုးအနွယ် သည် ယုဒမယားတာမာ ဘွားမြင်သော ဖာရက် အမျိုးအနွယ်ကဲ့သို့ ဖြစ်ပါစေသောဟုပြောဆိုကြ၏။
RAB'bin bu genç kadından sana vereceği çocuklarla senin soyun, Tamar'ın Yahuda'ya doğurduğu Peres'in soyu gibi olsun.”
13 ၁၃ ဗောဇသည် ရုသကိုသိမ်း၍ စုံဘက်လျက်ဆက်ဆံသောအခါ၊ ထာဝရဘုရား၏ ကျေးဇူးတော်ကြောင့်ရုသ သည်ပဋိသန္ဓေယူ၍ သားယောက်ျားကိုဘွားမြင်လေ၏။
Böylece Boaz, Rut'u kendine eş olarak aldı ve onunla birleşti. RAB'bin kutsamasıyla gebe kalan Rut bir oğul doğurdu.
14 ၁၄ မိန်းမတို့သည်လည်း နောမိအား၊ သင့်ကိုပြုစုသော အမျိုးသားချင်းကို ယနေ့ဖြတ်တော်မမူသော ထာဝရဘုရားသည် မင်္ဂလာရှိတော်မူပါစေသော။ ယခုရသော အမျိုးသားချင်းသည်လည်း ဣသရေလအမျိုး၌ အသရေကျော်စောပါစေသော။
O zaman kadınlar Naomi'ye, “Bugün seni yakın akrabasız bırakmamış olan RAB'be övgüler olsun. Doğan çocuğun ünü İsrail'de yayılsın” dediler.
15 ၁၅ သူသည်သင်၏အသက်ကိုပြုပြင်သောသူ၊ သင်အသက်ကြီးသောအခါ သင့်ကိုကောင်းမွန်စွာ ပြုစုသောသူဖြစ်ပါစေသော။ သင့်ကိုချစ်၍ သားခုနစ်ယောက်ထက်သင့်အဘို့ သာ၍ကောင်းသောသင်၏ ချွေးမသည်သားယောက်ျားကိုဘွားမြင်ပြီဟုပြောဆိုကြ၏။
“O seni yaşama döndürecek, yaşlılığında doyuracak. Çünkü onu, seni seven ve senin için yedi oğuldan bile daha değerli olan gelinin doğurdu.”
16 ၁၆ နောမိသည်ထိုသူငယ်ကိုယူ၍ပိုက်ချီလျက်ထိန်းလေ၏။
Naomi çocuğu alıp bağrına bastı ve ona dadılık yaptı.
17 ၁၇ အိမ်နီးချင်းမိန်းမတို့ကလည်း၊ နောမိသည် သားယောက်ျားကိုရပြီဟုဆိုလျက်၊ ထိုသူငယ်ကိုဩဗက် အမည်ဖြင့်မှည့်ကြ၏။ ဩဗက် သားကားယေရှဲ။ ယေရှဲသားကား ဒါဝိဒ်တည်း။
Komşu kadınlar, “Naomi'nin bir oğlu oldu” diyerek çocuğa ad koydular; ona, Ovet adını verdiler. Ovet, İşay'ın babası; İşay ise Davut'un babasıdır.
18 ၁၈ ဖာရက်၏သားစဉ်မြေးဆက်ဟူမူကား၊ ဖာရက်သားဟေဇရုံ၊
Peres'in soyu şöyledir: Peres Hesron'un babası,
19 ၁၉ ဟေဇရုံသားအာရံ၊ အာရံသား အမိနဒပ်၊
Hesron Ram'ın babası, Ram Amminadav'ın babası,
20 ၂၀ အမိနဒပ်သားနာရှုန်၊ နာရှုန်သား စာလမုန်၊
Amminadav Nahşon'un babası, Nahşon Salmon'un babası,
21 ၂၁ စာလမုန်သားဗောဇ၊ ဗောဇသားဩဗက်၊
Salmon Boaz'ın babası, Boaz Ovet'in babası,
22 ၂၂ ဩဗက်သားယေရှဲ၊ ယေရှဲသားဒါဝိဒ်တည်း။
Ovet İşay'ın babası, İşay da Davut'un babasıdır.

< ရုသ 4 >