< ရုသ 4 >
1 ၁ ထိုအခါဗောဇသည်မြို့တံခါးဝသို့ သွား၍ထိုင်သဖြင့်၊ မနေ့ကပြောသော အမျိုးသားချင်းရှောက်သွား သည်ကိုမြင်လျှင်၊ အိုမည်သူလှည့်၍ ထိုင်ပါတော့ဟုခေါ်သည်အတိုင်း သူသည် လှည့်၍ထိုင်လေ၏။
А Воз изиђе на врата градска, и седе онде. И гле, наиђе онај осветник, за ког Воз говораше, и рече му Воз: Ходи овамо, седи овде. И он дође и седе.
2 ၂ တဖန်မြို့သားအသက်ကြီးသူ တကျိပ်တို့ကိုခေါ်၍၊ သည်မှာထိုင်ပါတော့ဟု ဆိုသည် အတိုင်းသူတို့သည် လည်းထိုင်ကြ၏။
Потом узе Воз десет људи између старешина градских и рече: Поседајте овде. И поседаше.
3 ၃ အမျိုးသားချင်းကိုလည်း၊ မောဘပြည်မှပြန်လာသောနောမိသည် ငါတို့အစ်ကို ဧလိမလက်ပိုင်သော မြေ အကွက်ကိုရောင်းမည်ဖြစ်၍၊
Тада рече оном осветнику: Њиву која је била брата нашег Елимелеха продала је Нојемина, која се вратила из земље моавске.
4 ၄ သင့်ကိုငါတိုင်ကြားလျက်၊ ပြည်သားများ၊ ငါတို့အမျိုး၌ အသက်ကြီးသူ များရှေ့မှာဝယ်ပါတော့ဟု ပြောမည်အကြံရှိပါ၏။ သင်သည် ရွေးလိုလျှင် ရွေးပါတော့၊ မရွေးလိုလျှင် ကျွန်ုပ် အားကြားပြောပါတော့။ သင်မှ တပါးရွေးပိုင်သောသူမရှိ။ သင့်နောက်မှာ ကျွန်ုပ်နေရာကျသည်ဟုဆိုသော်၊ အမျိုးသားချင်းက၊ ကျွန်ုပ်ရွေးမည်ဟု ပြန်ပြော၏။
Зато рекох: Да јавим теби, и кажем ти: Узми њиву пред овима што седе овде и пред старешинама народа мог; ако ћеш откупити, откупи; ако ли нећеш откупити, кажи ми да знам; јер осим тебе нема другог који би откупио, а после тебе идем ја. А он рече: Ја ћу откупити.
5 ၅ ဗောဇကလည်း၊ ထိုလယ်ကွက်ကိုနောမိလက်မှဝယ်သောနေ့ရက်တွင်၊ သေသောသူ၏ အမွေဥစ္စာအားဖြင့် သူ၏နာမည်ကိုထောက်မခြင်းငှါ၊ သူ၏မယားမောဘအမျိုးသမီးရုသကိုလည်း ဝယ်ရသေး သည်ဟု ဆိုသော်၊
А Воз рече: У који дан узмеш њиву из руке Нојеминине, треба да узмеш и Руту Моавку жену умрлога, да подигнеш име умрлом у наследству његовом.
6 ၆ အမျိုးသားချင်းက၊ ကျွန်ုပ်သည် ကိုယ်အဘို့မရွေးနိုင်ပါ။ ရွေးလျှင် ကိုယ်အမွေဥစ္စာကိုဖျက်မည် စိုးရိမ်စရာရှိ၏။ ကျွန်ုပ်မရွေးနိုင်သောကြောင့်၊ ကျွန်ုပ်ရွေးပိုင်သောအရာကိုကိုယ်အဘို့ ရွေးပါတော့ဟုပြန်ပြော၏။
Тада рече онај осветник: Не могу откупити, да не распем своје наследство; откупи ти шта би требало да ја откупим, јер ја не могу откупити.
7 ၇ ဣသရေလရှေးထုံးစံ ဟူမူကား၊ ရွေးခြင်းအမှု၊ ဥစ္စာလဲခြင်းအမှုကိုမြဲမြံစေခြင်းငှါ တယောက်သောသူသည် မိမိ ခြေနင်းကိုချွတ်၍ တယောက်သောသူအားအပ်လေ့ရှိ၏။ ထိုသို့ပြုသောအားဖြင့် ဣသရေလအမျိုးသားတို့တွင် သက်သေတည်ရ၏။
А беше од старине обичај у Израиљу о откупљивању и промењивању, да би свака ствар била тврда, да један изује обућу своју и да другом, и то беше сведоџба у Израиљу.
8 ၈ သို့ဖြစ်၍အမျိုးသားချင်းက၊ ကိုယ်အဘို့ဝယ်ပါတော့ဟု ဗောဇအားဆို၍ မိမိခြေနင်းကိုချွတ်၏။
Кад дакле онај осветник рече Возу: Узми ти, изу обућу своју.
9 ၉ ဗောဇကလည်း၊ ဧလိမလက်ဥစ္စာ၊ ခိလျုန်ဥစ္စာ၊ မဟာလုန်ဥစ္စာ ဟူသမျှကိုနောမိလက်မှငါဝယ်၍၊
А Воз рече старешинама и свему народу: Ви сте сведоци данас да сам откупио из руке Нојеминине шта је год било Елимелехово и шта је год било Хелеоново и Малоново;
10 ၁၀ သေသောသူ၏နာမည်ကို သူ၏ညီအစ်ကို စုထဲက၎င်း၊ သူနေရာမြို့တံခါးထဲက၎င်းမပြတ်စေခြင်းငှါ၊ သူ၏အမွေအားဖြင့် သူ၏နာမည်ကို ထောက်မမည် အကြောင်း၊ မဟာလုန်၏ မယားမောဘအမျိုးသမီး ရုသကို ငါ၏မယားဖြစ်စေခြင်းငှါ ငါဝယ်သည်ကိုသင်တို့သည် ယနေ့သက်သေဖြစ်ကြပါ၏ဟု အသက်ကြီးသူများ၊ လူများအပေါင်းတို့အားပြောဆို၏။
И да сам узео за жену Руту Моавку жену Малонову да подигнем име умрлом у наследству његовом, да не би погинуло име умрлом међу браћом његовом и у месту његовом; ви сте сведоци данас.
11 ၁၁ တံခါးဝ၌ရှိသောအသက်ကြီးသူများ၊ လူများအပေါင်းတို့ကလည်း၊ ငါတို့သည်သက်သေဖြစ်ကြ၏။ သင့်အိမ်သို့ရောက်သော ဤမိန်းမသည်၊ ဣသရေလအမျိုးကိုတည်ထောင်သောမိန်းမနှစ်ယောက်၊ ရာခေလနှင့် လေအာကဲ့သို့ဖြစ်မည်အကြောင်း ထာဝရဘုရား ပြုတော် မူပါစေသော။ သင်သည်လည်း ဧဖရတ်အရပ်၌ အစွမ်းသတ္တိနှင့်ပြည့်စုံ၍ ဗက်လင်မြို့၌အသရေကျော်စောခြင်းရှိပါစေသော။
И сав народ који беше на вратима градским и старешине рекоше: Сведоци смо; да да Господ да жена која долази у дом твој буде као Рахиља и Лија, које обе сазидаше дом Израиљев; богати се у Ефрати, и прослави име своје у Витлејему!
12 ၁၂ အသက်ပျိုသော ဤမိန်းမတွင်၊ ထာဝရဘုရားပေးတော်မူလတံ့သောမျိုးစေ့အားဖြင့်သင်၏ အမျိုးအနွယ် သည် ယုဒမယားတာမာ ဘွားမြင်သော ဖာရက် အမျိုးအနွယ်ကဲ့သို့ ဖြစ်ပါစေသောဟုပြောဆိုကြ၏။
И од семена које ти Господ да од те жене, да постане дом твој као дом Фареса ког роди Тамара Јуди.
13 ၁၃ ဗောဇသည် ရုသကိုသိမ်း၍ စုံဘက်လျက်ဆက်ဆံသောအခါ၊ ထာဝရဘုရား၏ ကျေးဇူးတော်ကြောင့်ရုသ သည်ပဋိသန္ဓေယူ၍ သားယောက်ျားကိုဘွားမြင်လေ၏။
И тако узе Воз Руту и би му жена, и он леже с њом, и Господ јој даде те затрудне, и роди сина.
14 ၁၄ မိန်းမတို့သည်လည်း နောမိအား၊ သင့်ကိုပြုစုသော အမျိုးသားချင်းကို ယနေ့ဖြတ်တော်မမူသော ထာဝရဘုရားသည် မင်္ဂလာရှိတော်မူပါစေသော။ ယခုရသော အမျိုးသားချင်းသည်လည်း ဣသရေလအမျိုး၌ အသရေကျော်စောပါစေသော။
И рекоше жене Нојемини: Да је благословен Господ који те није оставио данас без осветника, да се име Његово слави у Израиљу!
15 ၁၅ သူသည်သင်၏အသက်ကိုပြုပြင်သောသူ၊ သင်အသက်ကြီးသောအခါ သင့်ကိုကောင်းမွန်စွာ ပြုစုသောသူဖြစ်ပါစေသော။ သင့်ကိုချစ်၍ သားခုနစ်ယောက်ထက်သင့်အဘို့ သာ၍ကောင်းသောသင်၏ ချွေးမသည်သားယောက်ျားကိုဘွားမြင်ပြီဟုပြောဆိုကြ၏။
Он ће ти утешити душу и биће потпора старости твојој, јер га роди снаха твоја која те љуби и која ти је боља него седам синова.
16 ၁၆ နောမိသည်ထိုသူငယ်ကိုယူ၍ပိုက်ချီလျက်ထိန်းလေ၏။
И узе Нојемина дете, и метну га на крило своје, и беше му дадиља.
17 ၁၇ အိမ်နီးချင်းမိန်းမတို့ကလည်း၊ နောမိသည် သားယောက်ျားကိုရပြီဟုဆိုလျက်၊ ထိုသူငယ်ကိုဩဗက် အမည်ဖြင့်မှည့်ကြ၏။ ဩဗက် သားကားယေရှဲ။ ယေရှဲသားကား ဒါဝိဒ်တည်း။
И суседе наденуше му име говорећи: Роди се син Нојемини, и прозваше га Овид. Он би отац Јесеја, оца Давидовог.
18 ၁၈ ဖာရက်၏သားစဉ်မြေးဆက်ဟူမူကား၊ ဖာရက်သားဟေဇရုံ၊
А ово је племе Фаресово: Фарес роди Есрома;
19 ၁၉ ဟေဇရုံသားအာရံ၊ အာရံသား အမိနဒပ်၊
А Есром роди Арама; а Арам роди Аминадава;
20 ၂၀ အမိနဒပ်သားနာရှုန်၊ နာရှုန်သား စာလမုန်၊
А Аминадав роди Насона; а Насон роди Салмона;
21 ၂၁ စာလမုန်သားဗောဇ၊ ဗောဇသားဩဗက်၊
А Салмон роди Воза; а Воз роди Овида;
22 ၂၂ ဩဗက်သားယေရှဲ၊ ယေရှဲသားဒါဝိဒ်တည်း။
А Овид роди Јесеја; а Јесеј роди Давида.