< ရုသ 1 >
1 ၁ တရားသူကြီးအုပ်စိုးသောကာလ၊ တရံရောအခါဣသရေလပြည်၌ အစာအာဟာရခေါင်းပါး၍ယုဒပြည် ဗက်လင် မြို့သား တယောက်သည်၊ မယားနှင့်သားနှစ်ယောက်ပါလျက် မောဘပြည်၌ တည်းခိုခြင်းငှါ သွား၏။
Андэ кола деса, кала хулаинас э сындомаря, андэ кодыя пхув тердяпэ бок. Екх мануш анда Вифлеемо, кай андэ Иудея, пэрэжыля андэ Моавицко пхув екхтанэ ла ромняса тай дуе шавэнца.
2 ၂ ထိုသူ၏အမည်ကား ဧလိမလက်။ မယားအမည်ကား နောမိ။ သားနှစ်ယောက်အမည်ကား မဟာလုန်နှင့် ခိလျုန်တည်း။ သူတို့သည်ယုဒပြည်၊ ဗက်လင်မြို့၊ ဧဖရတ်အရပ်သားဖြစ်လျက်၊ မောဘပြည်သို့သွား ၍နေကြ၏။
Кадылэ манушэс акхарэнас Элимелехо, лэстеря ромня — Наоми, ай лэстерэ дуе шавэн — Махлоно тай Килионо. Вонэ саслэ аракхадэ андо Эфрато — анда Вифлеемо, кай исын андэ Иудея. Вонэ авилэ андэ Моавицко пхув, кай тэ пожувэн котэ.
3 ၃ နောမိ၏ခင်ပွန်းဧလိမလက်သည်သေ၍မယားနှင့်သားနှစ်ယောက်တို့သည် ကျန်ရစ်ကြ၏။
О Элимелехо, о ром ла Наомияко, муля, и вой ашыляпэ екхжэни лэ дуе шавэнца.
4 ၄ သားတို့သည်မောဘပြည်သူဩရပနှင့်ရုသအမည်ရှိသော မိန်းမ နှစ်ယောက် တို့နှင့် စုံဘက်ခြင်းကိုပြု၍၊ ထိုပြည်မှာ ဆယ်နှစ်ခန့်မျှ နေပြီးမှ၊
Вонэ линэ пэсти ромнян моавитянкэн — екха акхарэнас Орпа, ай авря Руфь. Кала прожылэ паша э дэш бэрша,
5 ၅ ထိုသားနှစ်ယောက် မဟာလုန်နှင့်ခိလျုန်တို့သည် သေ၍ နောမိသည်သားမရှိ၊ ခင်ပွန်းလည်းမရှိ ကျန်ရစ်လေ၏။
о Махлоно тай о Килионо кадя жэ мулинэ, э Наоми ашыляпэ би ромэсти и би шавэнди.
6 ၆ တဖန်ထာဝရဘုရားသည်မိမိလူတို့ကိုအကြည့်အရှုကြွ၍ မုန့်ကိုပေးသနားတော်မူကြောင်းကို ထိုမိန်းမသည် မောဘပြည်၌ကြားသောအခါ၊ မောဘပြည်မှပြန်သွားမည်ဟု ချွေးမနှစ်ယောက်နှင့်အတူထ၍၊
Кала пэ Моавицки маля э Наоми угангля, со о РАЙ сгындосардя пала Пэсти мануша тай дя лэнди хамос, вой закамля тэ рисайвэл андай Моавицко пхув черэ. Ласа жылэ и лати дуй боря.
7 ၇ တည်းခိုရာအရပ်က ထွက်ပြီးလျှင် ယုဒပြည်သို့ရောက်လိုသောငှါသွားကြ၏။
Э Наоми мэкляпэ андо дром, и лати боря жылэ ласа. Па дром андэ Иудея
8 ၈ သို့ရာတွင် ချွေးမနှစ်ယောက်တို့အား၊ သင်တို့သည် ကိုယ်အမိအိမ်သို့ပြန်ကြလော့။ သေလွန်သောသူ၌ ၎င်း၊ ငါ၌၎င်း၊ ကျေးဇူးပြုသည်နှင့်အညီ၊ ထာဝရဘုရားသည် သင်တို့၌ ကျေးဇူးပြုတော်မူပါစေသော။
э Наоми пхэндя пэстерэ дуен борянди: — Рисайвэн черэ каринг тумарэ чяче йиря! Мэк о РАЙ авэл тынгуно каринг тумэндэ, сар и тумэ саслэ лашэ важ тумарэ рома, савэ мулинэ, и важ мандэ.
9 ၉ သင်တို့နှစ်ယောက်သည် နောက်ရသောလင်အိမ်၌ချမ်းသာစွာနေရမည်အကြောင်း ထာဝရဘုရား ကယ်မသနားတော်မူပါစေသောဟုဆိုလျက်သူတို့ကို နမ်းလေ၏။ သူတို့သည်လည်း၊ အသံကိုလွှင့်၍ငိုကြွေး လျက်၊
Мэк о РАЙ дэл зор кажнонати тумэндар тэ аракхэл бах андо чер аврэ ромэско. Вой чюмидэлас лэн, сар ля тэ жалтар, ай вонэ заголосусардэ, заровлэ
10 ၁၀ အကယ်စင်စစ်အကျွန်ုပ်တို့သည် ကိုယ်တော်နှင့်အတူ၊ ကိုယ်တော်၏ အမျိုးထံသို့ လိုက်သွားပါမည်ဟု ဆိုကြ၏။
и пхэндэ лати: — Амэ рисайвэса туса каринг терэ мануша.
11 ၁၁ နောမိကလည်း၊ငါ့သမီးတို့ပြန်သွားကြလော့။ ငါနှင့်အတူအဘယ်ကြောင့် လိုက်ရမည်နည်း။ သင်တို့လင် လျှာဘို့ငါ၏ဝမ်း၌ သားရှိသေး သလော။
Э Наоми пхэндя: — Щеялэ, рисайвэн черэ. Пала со тумэ тэ жан манца? Мэ со, анава инке шавэн, савэ авэна тумэнди ромэнца?
12 ၁၂ ငါ့သမီးတို့ပြန်သွားကြလော့။ ငါသည်အသက်အရွယ်လွန်၍လင်နှင့်မနေသင့်။ သို့မဟုတ်မြော်လင့်စရာရှိ သေးသည်ဟုငါဆိုလျှင်၎င်း၊ ယနေ့ညမှာလင်နေလျှင်၎င်း၊ သားတို့ကိုလည်းဘွားမြင်လျှင်၎င်း၊
Рисайвэн черэ, мэрнэ щея, мэ сым пхури, кай тэ жав пала ром. Кала мэ и гындоя, со мандэ инке исын надежда, — сар кай андэ кадыя рят мэ тэ совав ромэса, ай тунче тэ анав шавэн, —
13 ၁၃ ထိုသားတို့သည်ကြီးပွားသည်တိုင်အောင်ငံ့နေလိမ့်မည်လော။ လင်မနေဘဲသူတို့ကို မြော်လင့်လိမ့်မည် လော။ ငါ့သမီးတို့ထိုသို့မဖြစ်ရ။ ထာဝရဘုရား လက်တော်သည် ငါ၌ ကန့်လန့်ရှိသည်ကို သင်တို့အတွက် ငါအလွန်ကြင်နာသော စိတ်ရှိသည်ဟုဆိုလေသော်၊
сар тумэнди трэбуй тэ аштярэн, кала вонэ вибарёна? Трэбуй ли тумэнди тэ ашэнпэ ся кадыя время би ромэнди?! Най, мэрнэ щея. Мэрни грижа фартэ пхари важ тумэндэ, о РАЙ шутя пэр мандэ Пэсти холи.
14 ၁၄ သူတို့သည်တဖန်အသံကိုလွှင့်၍ငိုကြွေးကြ၏။ ထိုအခါဩရပသည်ယောက္ခမကိုနမ်း၍မိမိအမျိုးသား တို့ထံသွားသို့ပြန်သွား၏။ ရုသမူကား၊ ယောက္ခမ၌မှီဝဲဆည်းကပ်လျက်နေသေး၏။
Вонэ упалэ заголосусардэ и заровлэ. Э Орпа чюмидя ла сасуя, сар ля тэ жалтар, ай э Руфь отпхэндяпэ тэ жалтар.
15 ၁၅ နောမိကလည်း၊ သင့်အစ်မသည်အမျိုးသားရင်းဘုရားရင်းတို့ထံသို့ပြန်သွားပြီ။ အစ်မနောက်သို့ လိုက်သွားပါဟုဆိုသော်၊
Э Наоми пхэндя: — Дикх, тери ятровка рисайвэл каринг пэстерэ мануша тай каринг пэсти дэвэла. Жа и ту ласа.
16 ၁၆ ရုသက၊ ကျွန်မသည် ကိုယ်တော်ကိုမစွန့်ပါရစေနှင့်။ နောက်တော်သို့မလိုက်ဘဲ ပြန်သွားစေခြင်းငှါ မပြုပါနှင့်။ ကိုယ်တော်သွားလေရာရာသို့ကျွန်မလိုက်ပါမည်။ ကိုယ်တော်အိပ်လေရာရာ၌ကျွန်မအိပ်ပါမည်။ ကိုယ်တော်အမျိုးသည် ကျွန်မအမျိုး၊ ကိုယ်တော်ဘုရားသည်ကျွန်မဘုရားဖြစ်ပါစေ။
Ай э Руфь пхэндя: — На манг ман тэ ашавав тут и тэ рисайвав. Мэ жава инчя, каринг жаса ту, и ашавапэ котэ, кай ту ашэсапэ, терэ мануша авэна мэрнэ мануша, теро Дэл авэла мэрно Дэвэл.
17 ၁၇ ကိုယ်တော်သေရာအရပ်၌ ကျွန်မသေ၍ သင်္ဂြိုဟ်ခံပါမည်။ သေခြင်းမှတပါး၊ အခြားသောအမှုကြောင့် ကိုယ်တော်နှင့်ကျွန်မကွာလျှင်၊ ထာဝရဘုရားသည် ကျွန်မ၌ထိုမျှမကပြုတော် မူပါစေသောဟုပြန်ဆို၏။
Кай ту мэрэса, котэ и мэ мэрава, тай котэ мэк ман и прахона. Мэк кадя тай кадя тэ марэл ман о РАЙ, кати екх о мэримос розашавэла амэн туса!
18 ၁၈ ရုသသည်လိုက်ခြင်းငှါခိုင်ခံ့သောစိတ်ရှိသည်ကိုနောမိသည်သိမြင်သော်တိတ်ဆိတ်စွာနေလေ၏။
Э Наоми поля, кай э Руфь састэс приля андо ди тэ жал ласа, и парашыля тэ отбишалэл ла.
19 ၁၉ ထိုသူနှစ်ယောက်တို့သည်ခရီးသွား၍ဗက်လင်မြို့သို့ရောက်သောအခါ၊ တမြို့လုံးအုတ်အုတ်ကျက်ကျက် ဖြစ်၍၊ ဤသူကားနောမိ ဟုတ်သလောဟုမေးကြ၏။
Вонэ жанас дужэнэ жы каринг о Вифлеемо. Кала вонэ авилэ андо Вифлеемо, андо форо тердяпэ бари дума. — Када э Наоми?! — пушэнас э жувля.
20 ၂၀ သူကလည်းနောမိဟူ၍ မခေါ်ပါနှင့်။ မာရဟူ၍ခေါ်ပါ။ အနန္တတန်ခိုးရှင်သည် ငါ့အားအလွန် ခါးသောအရာကိုပေးတော်မူပြီ။
Ай э Наоми пхэндя лэнди: — На акхарэн ман Наоми, ай пхэнэн Мара, пала кода со о Майзорало тердя мэрно жувимос кэрко!
21 ၂၁ ငါသည်ကြွယ်ဝပြည့်စုံလျက်ထွက်သွား၏။ ယခုမူကားဆင်းရဲလျက် တကိုယ်တည်းရှိမှ၊ ထာဝရဘုရား သည် ငါ့ကိုပို့ပြန်တော်မူပြီ။ ထာဝရဘုရားသည်ငါ့ကိုနှိမ့်ချ၍အနန္တတန်ခိုးရှင်သည် ငါ့ကိုဆင်းရဲစေတော်မူသည် ဖြစ်၍၊ နောမိအမည်ဖြင့်အဘယ်ကြောင့် ငါ့ကိုခေါ်ကြသနည်းဟု ပြန်ပြော၏။
Кала мэ жылэмастар, мандэ сас ся, ай о РАЙ андя ман палпалэ ни соза. Пала со ж тумэ акхарэн ман Наоми? О РАЙ сындосардя ман, о Майзорало бишалдя манди грижа.
22 ၂၂ ထိုသို့မောဘပြည်မှ လိုက်လာသော မောဘပြည်သူချွေးမရုသနှင့်အတူနောမိသည်ပြန်လာ၍၊ မုယော စပါးကိုရိတ်စကာလ၌ဗက်လင်မြို့သို့ရောက်ကြ၏။
Кадя рисайля э Наоми, и ласа андай Моавицко пхув авиля лати бори, э Руфь моавитянка. Вонэ авиле андо Вифлеемо, кала авиля время тэ стидэн о ячмэно.