< ရောမ 2 >
1 ၁ သူတပါးကို စစ်ကြောစီရင်တတ်သောသူ၊ သင်သည်ကိုယ်အပြစ်ကို မဖုံးနိုင်ရာ။ အကြောင်းမူကား၊ သင်သည်စစ်ကြောစီရင်သော အမှုကိုပင် ကိုယ်တိုင်ပြုသည်ဖြစ်၍၊ သူတပါးကို စစ်ကြောစီရင်သည်တွင် ကိုယ်အပြစ်ရှိကြောင်းကို စီရင်ဆုံးဖြတ်ရာရောက်၏။
Sentähden, oi ihminen, et sinä taida itsiäs syyttömäksi tehdä, vaikka kuka sinä olet, joka tuomitset; sillä jossa sinä toista tuomitset, siinä sinä itses tuomitset, ettäs niitä teet, joita sinä tuomitset.
2 ၂ ဘုရားသခင်သည် ထိုသို့ပြုသောသူတို့ကို စီရင်တော်မူခြင်း အရာသည် သမ္မာတရားနှင့် ညီသည်ကို ငါတို့သိကြ၏။
Mutta me tiedämme, että Jumalan tuomio on oikia niiden ylitse, jotka senkaltaisia tekevät.
3 ၃ ထိုသို့သောအမှုကိုကိုယ်တိုင်ပြုလျက်ပင်၊ သူတပါးပြုသည်ကို စစ်ကြောစီရင်သောသူ၊ သင်သည် ဘုရားသခင်စီရင်တော်မူခြင်းနှင့် လွတ်မည်ဟု ထင်မှတ် သလော။
Eli luuletkos, ihminen, sinä joka niitä tuomitset, jotka senkaltaisia tekevät, ja itse myös niitä teet, että sinä vältät Jumalan tuomion?
4 ၄ ဘုရားသခင်၏ ကျေးဇူးတော်သည် သင့်ကို နောင်တလမ်းသို့ သွေးဆောင်သည်ကို မသိမမှတ်ဘဲ၊ ကြွယ်ဝစွာ ကျေးဇူးပြုတော်မူခြင်း၊ သည်းခံတော်မူခြင်း၊ စိတ်ရှည်တော်မူခြင်းတို့ကို မထီမဲ့မြင်ပြုသလော။
Eli katsotkos ylön hänen hyvyytensä, kärsiväisyytensä ja pitkämielisyytensä rikkauden, ettet tiedä, että Jumalan hyvyys vetää sinua parannukseen?
5 ၅ ထိုသို့ပြုလျှင် စိတ်ခိုင်မာ၍ နောင်တမရသည်နှင့်အညီ ဒေါသနေ့တည်းဟူသော ဘုရားသခင်၏ တရားတော်ထင်ရှားသောနေ့၌ ကိုယ်ခံစရာဘို့ အမျက်ဒေါသကို ဆည်းပူးသလော။
Mutta kovuutes ja katumattoman sydämes jälkeen kartutat sinä vihan itselles vihan päivänä, kuin Jumalan oikia tuomio ilmaantuu,
6 ၆ ဘုရားသခင်သည် လူအသီးသီးတို့အား မိမိတို့ အကျင့်နှင့် အလျောက်အကျိုးအပြစ်ကို ဆပ်ပေးတော် မူလတံ့၊
Joka antaa itsekullekin hänen töittensä jälkeen,
7 ၇ ကောင်းသောအကျင့်ကို အမြဲကျင့်၍၊ ဘုန်း အသရေကို၎င်း၊ မဖေါက်ပြန်သောဇာတိကို၎င်း၊ ရှာသော သူတို့အား ထာဝရအသက်ကို ပေးတော်မူလတံ့၊ (aiōnios )
Niille, jotka pyytävät ylistystä, kunniaa ja katoomatointa menoa kärsiväisyydellä hyvissä töissä, ijankaikkisen elämän; (aiōnios )
8 ၈ ငြင်းဆန်သောသဘောရှိ၍၊ သမ္မာတရားကို နားမထောင်ဘဲ မတရားသဖြင့် ကျင့်သောသူတို့ကိုကား၊ ပြင်းစွာသော ဒေါသအမျက်ထွက်တော်မူလတံ့၊
Mutta niille, jotka riitaiset ovat, eikä kuule totuutta, vaan kuulevat vääryyttä, on tuleva närkästys ja viha.
9 ၉ ရှေးဦးစွာ၌ ယုဒလူ၊ နောက်၌ဟေလသလူ၊ ဆိုးညစ်သောအမှုကို ပြုသောသူရှိသမျှတို့သည် ကြီးစွာ သော ဆင်းရဲဒုက္ခဝေဒနာကို ခံရကြလတံ့၊
Murhe ja vaiva kunkin ihmisen sielun päälle, joka pahaa tekee, ensisti Juudalaisen, niin myös Grekiläisen;
10 ၁၀ ရှေးဦးစွာ၌ယုဒလူ၊ နောက်၌ဟေလသလူ၊ ကောင်းသော အကျင့်ကိုကျင့်သောသူရှိသမျှတို့သည် ဘုန်းအသရေချမ်းသာကို ခံစားရကြလတံ့။
Mutta ylistys, kunnia ja rauha jokaiselle, joka hyvää tekee, ensisti Juudalaiselle, niin myös Grekiläiselle.
11 ၁၁ ဘုရားသခင်သည် အဘယ်သူ၏မျက်နှာကို မျှမှတ်တော်မမူ။
Sillä ei Jumala katso ihmisen muodon jälkeen.
12 ၁၂ ပညတ်တရားကို မသိဘဲပြစ်မှားသော သူတို့သည် ပညတ်တရားမဲ့ပျက်စီးခြင်းသို့ရောက်ကြလိမ့်မည်။ ပညတ်တရားကို သိလျက်ပင်ပြစ်မှားသော သူတို့သည် ပညတ်တရား၏စီရင်ခြင်းကို ခံရကြလိမ့်မည်။
Kaikki, jotka ilman lakia ovat syntiä tehneet, niiden pitää myös ilman lakia hukkuman, ja kaikki, jotka laissa ovat syntiä tehneet, ne pitää lain kautta tuomittaman.
13 ၁၃ အကြောင်းမူကား၊ တရားနာသောသူသည် ဘုရားသခင်ရှေ့၌ ဖြောင့်မတ်သည်မဟုတ်။ တရားကို ကျင့်သောသူသာလျှင် ဖြောင့်မတ်ရာသို့ ရောက်လိမ့်မည်။
Sillä ei ne ole Jumalan edessä vanhurskaat, jotka lain kuulevat; mutta ne, jotka lain töillänsä täyttävät, ne pitää vanhurskaaksi tuleman.
14 ၁၄ သာသနာပလူတို့သည် ပညတ်တရားတော်ကို မသိဘဲ၊ ကိုယ်အလိုအလျောက်တရားတော်ကို ကျင့်သောအခါ၊ သူတို့သည် ပညတ်တရားတော်ကို မသိဘဲ၊ ကိုယ်ကျင့်တရားကို အမှီပြုသဖြင့်၎င်း၊
Sillä koska pakanat, joilla ei lakia ole, tekevät luonnostansa sitä, mitä laki anoo, niin he, vaikka ei heillä lakia ole, ovat itsellensä laki,
15 ၁၅ ကိုယ်ကို ကိုယ်သိသောစိတ်နှလုံးသည် သက်သေခံသဖြင့်၎င်း၊ အချင်းချင်းဆွေးနွေးဆင်ခြင်၍ အပြစ်တင်လျက်၊ လွှတ်လျက်နေသဖြင့်၎င်း၊ မိမိတို့စိတ်နှလုံးထဲ၌ မှတ်သားသော တရား၏အကျိုးကို ထင်ရှားစွာ ပြကြ၏။
Että he osoittavat lain työn olevan kirjoitetun sydämiinsä, ja niin heidän omatuntonsa ynnä todistaa, ja heidän ajatuksensa keskenänsä itse päällensä kantavat eli myös heitänsä syyttömäksi tekevät,
16 ၁၆ ငါဟောပြောသော ဧဝံဂေလိတရားအတိုင်း၊ ဘုရားသခင်သည် ယေရှုခရစ်အားဖြင့် လူတို့၏ မထင်ရှား သော အမှုအရာတို့ကို စစ်ကြော စီရင်တော်မူသောနေ့၌ ထိုသို့စီရင်တော်မူလတံ့။
Sinä päivänä, jona Jumala ihmisten salaisuudet on tuomitseva, minun evankeliumini perästä Jesuksen Kristuksen kautta.
17 ၁၇ သင်သည် ယုဒလူဟု သမုတ်ခြင်းကို ခံသောသူ၊ ပညတ်တရားတော်ကို ကိုးစားသောသူ၊ ဘုရားသခင်ကို အမှီပြု၍ ဝါကြွားသောသူ၊
Katso, sinä kutsutaan Juudalaiseksi, ja sinä luotat lakiin ja kerskaat Jumalasta,
18 ၁၈ အလိုတော်ကိုသိသောသူ၊ ပညတ်တရားတော်ကို လေ့ကျက်သဖြင့် ခြားနားသောအရာတို့ကို ပိုင်းခြားထား တတ်သောသူဖြစ်သည်နှင့်၊
Ja tiedät hänen tahtonsa, ja että sinä olet laista neuvottu, niin sinä koettelet ne parhaat,
19 ၁၉ လူကန်းတို့အား လမ်းပြသောသူ၊ မှောင်မိုက်၌ နေသောသူတို့ကို လင်းစေသောသူ၊
Ja luulet itses sokiain johdattajaksi ja niiden valkeudeksi, jotka pimeydessä ovat,
20 ၂၀ လူမိုက်တို့ကို ဆုံးမတတ်သောသူ၊ သူငယ်တို့ကို နည်းပေးသောသူ၊ ပညတ်တရားတော်အားဖြင့် ပညာကို ၎င်း၊ သမ္မာတရားကို၎င်းရိပ်မိသောသူဖြစ်သည်ဟူ၍၊ ကိုယ်ကိုထင်မှတ်တတ်သည်မှန်လျှင်၊
Ja tyhmäin kurittajaksi, ja lasten opettajaksi, ja sinullas olevan tunnon ja totuuden muodon laissa.
21 ၂၁ သူတပါးကိုဆုံးမလျက်ပင်ကိုယ်ကို မဆုံးမသလော။ သူ့ဥစ္စာကို မခိုးနှင့်ဟုတရားဟောလျက်ပင် ကိုယ်တိုင်ခိုးသလော။
Sinä joka siis opetat toista ja et itsiäs opeta; joka saarnaat: ei pidä varastaman, ja sinä itse varastat;
22 ၂၂ သူ့မယားကို မပြစ်မှားနှင့်ဟုဆိုလျက်ပင် ကိုယ်တိုင်ပြစ်မှားသလော။ ရုပ်တုကိုစက်ဆုပ်ရွံ့ရှာလျက် ပင် ဗိမာန်တော်ကို လုယူဖျက်ဆီးသလော။
Joka sanot: ei pidä huorin tehtämän, ja sinä itse teet huorin; joka kauhistut epäjumalia, ja raatelet sitä Jumalalta, mikä hänelle tulee;
23 ၂၃ ပညတ်တရားတော်ကိုအမှီပြု၍ ဝါကြွားလျက်ပင် ထိုတရားကို လွန်ကျူး၍ ဘုရားသခင်၏ ဂုဏ် အသရေတော်ကို ရှုတ်ချသလော။
Joka kerskaat laista ja häpäiset Jumalaa lain ylitsekäymisellä?
24 ၂၄ အကြောင်းမူကား၊ ကျမ်းစာ၌ လာသည်နှင့်အညီ၊ တပါးအမျိုးသားတို့သည် သင်တို့အကျင့်ကို ထောက်၍ ဘုရားသခင်၏နာမတော်ကို ကဲ့ရဲ့တတ်ကြ၏။
Sillä teidän tähtenne tulee Jumalan nimi pilkatuksi pakanain seassa, niinkuin kirjoitettu on.
25 ၂၅ သင်သည်ပညတ်တရားကို ကျင့်လျှင်၊ အရေဖျားလှီးခြင်းအားဖြင့် အကျိုးရှိ၏။ ပညတ်တရားကို လွန်ကျူးလျှင်၊ သင်၏အရေဖျားလှီးခြင်းသည် အရေဖျား မလှီးဘဲဖြစ်ပြန်၏။
Sillä ympärileikkaus kelpaa, jos sinä lain pidät; mutta jos sinä olet lain rikkoja, niin sinun ympärileikkaukses on esinahaksi tullut.
26 ၂၆ ထိုမှတပါး၊ အရေဖျားလှီးခြင်းကို မခံသောသူ သည်တရား၌ ပါသောပညတ်တို့ကို စောင့်ရှောက်လျှင်၊ ထိုသူ၏အရေဖျားမလှီးဘဲ အဖြစ်ကို အရေဖျားလှီးခြင်း အဖြစ်ကဲ့သို့ မှတ်ရသည်မဟုတ်လော။
Jos siis esinahka lain oikeuden pitää, eikö hänen esinahkansa pidä luettaman hänelle ympärileikkaukseksi?
27 ၂၇ အရေဖျားလှီးခြင်းကို မခံသောသူသည်လည်း ကိုယ်အလိုအလျောက်ပညတ်တရားကို ကျင့်လျှင်၊ ကျမ်းစာနှင့်အရေဖျားလှီးခြင်းရှိလျက်ပင် ပညတ်တရားကို လွန်ကျူးသောသင်ကို တရားတွေ့၍ အရှုံးခံစေမည် မဟုတ်လော။
Ja se joka luonnostansa esinahka on ja täyttää lain, pitää sinun tuomitseman, joka puustavin ja ympärileikkauksen lain käyt ylitse?
28 ၂၈ အကြောင်းမူကား၊ အပြင်အားဖြင့်သာ ယုဒလူဖြစ်သောသူသည် ယုဒလူမှန်မဟုတ်။ အပြင်အားဖြင့်သာ ကိုယ်အသား အရေဖျားလှီးခြင်းသည် အရေဖျားလှီးခြင်း အမှန် မဟုတ်။
Sillä ei se ole Juudalainen, joka ulkonaisesti (Juudalainen) on: ei myös se ole ympärileikkaus, mikä ulkonaisessa lihassa tapahtuu;
29 ၂၉ အတွင်းအားဖြင့် ယုဒလူဖြစ်သောသူသည် ယုဒလူမှန်၏။ အရေဖျားလှီးခြင်းလည်း ကျမ်းဟောင်း တရားအားဖြင့်မဟုတ်ဘဲ၊ ဝိညာဉ်တော်တရားအားဖြင့် စိတ်နှလုံးနှင့်စပ်ဆိုင်၏။ ထိုသို့အရေးဖျားလှီးခြင်းကို ခံသောသူ၏အချီးအမွမ်းသည် လူအလိုနှင့်မဆိုင်၊ ဘုရားသခင့်အလိုတော်နှင့်ဆိုင်သတည်း။
Mutta se on Juudalainen, joka sisällisesti salattu on, ja sydämen ympärileikkaus on ympärileikkaus, joka hengessä tapahtuu, ei puustavissa; jonka ylistys ei ole ihmisiltä, vaan Jumalalta.