< ရောမ 2 >

1 သူတပါးကို စစ်ကြောစီရင်တတ်သောသူ၊ သင်သည်ကိုယ်အပြစ်ကို မဖုံးနိုင်ရာ။ အကြောင်းမူကား၊ သင်သည်စစ်ကြောစီရင်သော အမှုကိုပင် ကိုယ်တိုင်ပြုသည်ဖြစ်၍၊ သူတပါးကို စစ်ကြောစီရင်သည်တွင် ကိုယ်အပြစ်ရှိကြောင်းကို စီရင်ဆုံးဖြတ်ရာရောက်၏။
„Dobře jim tak, “říkáš si, „mají, co si zasloužili.“Ale pozor! Myslíš, že sám jsi na tom lépe? Chceš snad tvrdit, že ses nikdy ničeho špatného nedopustil?
2 ဘုရားသခင်သည် ထိုသို့ပြုသောသူတို့ကို စီရင်တော်မူခြင်း အရာသည် သမ္မာတရားနှင့် ညီသည်ကို ငါတို့သိကြ၏။
3 ထိုသို့သောအမှုကိုကိုယ်တိုင်ပြုလျက်ပင်၊ သူတပါးပြုသည်ကို စစ်ကြောစီရင်သောသူ၊ သင်သည် ဘုရားသခင်စီရင်တော်မူခြင်းနှင့် လွတ်မည်ဟု ထင်မှတ် သလော။
Druhé soudíš a doufáš, že sám soudu ujdeš, přestože děláš totéž?
4 ဘုရားသခင်၏ ကျေးဇူးတော်သည် သင့်ကို နောင်တလမ်းသို့ သွေးဆောင်သည်ကို မသိမမှတ်ဘဲ၊ ကြွယ်ဝစွာ ကျေးဇူးပြုတော်မူခြင်း၊ သည်းခံတော်မူခြင်း၊ စိတ်ရှည်တော်မူခြင်းတို့ကို မထီမဲ့မြင်ပြုသလော။
Nepohrdáš tak i ty Boží laskavostí, trpělivostí a shovívavostí? Uvědom si, že právě Boží laskavost vede člověka k tomu, aby se zastyděl a začal nový život!
5 ထိုသို့ပြုလျှင် စိတ်ခိုင်မာ၍ နောင်တမရသည်နှင့်အညီ ဒေါသနေ့တည်းဟူသော ဘုရားသခင်၏ တရားတော်ထင်ရှားသောနေ့၌ ကိုယ်ခံစရာဘို့ အမျက်ဒေါသကို ဆည်းပူးသလော။
Kdo však setrvává v tvrdošíjném odporu proti Bohu, na toho dopadne Boží hněv v den soudu.
6 ဘုရားသခင်သည် လူအသီးသီးတို့အား မိမိတို့ အကျင့်နှင့် အလျောက်အကျိုးအပြစ်ကို ဆပ်ပေးတော် မူလတံ့၊
V ten den Bůh spravedlivě odplatí každému po zásluze:
7 ကောင်းသောအကျင့်ကို အမြဲကျင့်၍၊ ဘုန်း အသရေကို၎င်း၊ မဖေါက်ပြန်သောဇာတိကို၎င်း၊ ရှာသော သူတို့အား ထာဝရအသက်ကို ပေးတော်မူလတံ့၊ (aiōnios g166)
věčný život dá těm, kdo usilují o nepomíjející hodnoty neúnavným konáním dobra; (aiōnios g166)
8 ငြင်းဆန်သောသဘောရှိ၍၊ သမ္မာတရားကို နားမထောင်ဘဲ မတရားသဖြင့် ကျင့်သောသူတို့ကိုကား၊ ပြင်းစွာသော ဒေါသအမျက်ထွက်တော်မူလတံ့၊
ty však, kteří prosazují sami sebe, odporují pravdě a dopouštějí se bezpráví, stihne spravedlivý trest.
9 ရှေးဦးစွာ၌ ယုဒလူ၊ နောက်၌ဟေလသလူ၊ ဆိုးညစ်သောအမှုကို ပြုသောသူရှိသမျှတို့သည် ကြီးစွာ သော ဆင်းရဲဒုက္ခဝေဒနာကို ခံရကြလတံ့၊
Zlo se jako bumerang vrátí na každého, kdo je páchá, ať je to nevěrec nebo pobožnůstkář – na toho tím spíš!
10 ၁၀ ရှေးဦးစွာ၌ယုဒလူ၊ နောက်၌ဟေလသလူ၊ ကောင်းသော အကျင့်ကိုကျင့်သောသူရှိသမျှတို့သည် ဘုန်းအသရေချမ်းသာကို ခံစားရကြလတံ့။
Věčná sláva, čest a pokoj budou však odměnou všech, kdo konají dobro: věřících především, ale stejně tak i nekřesťanů.
11 ၁၁ ဘုရားသခင်သည် အဘယ်သူ၏မျက်နှာကို မျှမှတ်တော်မမူ။
U Boha neplatí žádná protekce.
12 ၁၂ ပညတ်တရားကို မသိဘဲပြစ်မှားသော သူတို့သည် ပညတ်တရားမဲ့ပျက်စီးခြင်းသို့ရောက်ကြလိမ့်မည်။ ပညတ်တရားကို သိလျက်ပင်ပြစ်မှားသော သူတို့သည် ပညတ်တရား၏စီရင်ခြင်းကို ခံရကြလိမ့်မည်။
Každý, kdo hřeší proti Božím přikázáním, musí zahynout, ať už je zná či nikoliv.
13 ၁၃ အကြောင်းမူကား၊ တရားနာသောသူသည် ဘုရားသခင်ရှေ့၌ ဖြောင့်မတ်သည်မဟုတ်။ တရားကို ကျင့်သောသူသာလျှင် ဖြောင့်မတ်ရာသို့ ရောက်လိမ့်မည်။
Aby byl člověk uznán za bezúhonného, k tomu nestačí zákon pouze znát; je nutno také jej plnit.
14 ၁၄ သာသနာပလူတို့သည် ပညတ်တရားတော်ကို မသိဘဲ၊ ကိုယ်အလိုအလျောက်တရားတော်ကို ကျင့်သောအခါ၊ သူတို့သည် ပညတ်တရားတော်ကို မသိဘဲ၊ ကိုယ်ကျင့်တရားကို အမှီပြုသဖြင့်၎င်း၊
Jestliže nevěrci, přestože Boží zákon neznají, jednají podle svého svědomí tak, že je to v souladu s Božími příkazy,
15 ၁၅ ကိုယ်ကို ကိုယ်သိသောစိတ်နှလုံးသည် သက်သေခံသဖြင့်၎င်း၊ အချင်းချင်းဆွေးနွေးဆင်ခြင်၍ အပြစ်တင်လျက်၊ လွှတ်လျက်နေသဖြင့်၎င်း၊ မိမိတို့စိတ်နှလုံးထဲ၌ မှတ်သားသော တရား၏အကျိုးကို ထင်ရှားစွာ ပြကြ၏။
dokazují tím, že Boží zákon skrytě existuje v jejich svědomí. Ono je jejich zákonem, který je buď obviňuje nebo obhajuje,
16 ၁၆ ငါဟောပြောသော ဧဝံဂေလိတရားအတိုင်း၊ ဘုရားသခင်သည် ယေရှုခရစ်အားဖြင့် လူတို့၏ မထင်ရှား သော အမှုအရာတို့ကို စစ်ကြော စီရင်တော်မူသောနေ့၌ ထိုသို့စီရင်တော်မူလတံ့။
a to se ukáže i v den soudu, kdy Bůh odhalí hlubiny lidského nitra.
17 ၁၇ သင်သည် ယုဒလူဟု သမုတ်ခြင်းကို ခံသောသူ၊ ပညတ်တရားတော်ကို ကိုးစားသောသူ၊ ဘုရားသခင်ကို အမှီပြု၍ ဝါကြွားသောသူ၊
Ty jsi věřící, spoléháš na příslušnost k církvi, oháníš se Bohem,
18 ၁၈ အလိုတော်ကိုသိသောသူ၊ ပညတ်တရားတော်ကို လေ့ကျက်သဖြင့် ခြားနားသောအရာတို့ကို ပိုင်းခြားထား တတ်သောသူဖြစ်သည်နှင့်၊
znalostí jeho vůle, poučen Biblí umíš věci správně hodnotit.
19 ၁၉ လူကန်းတို့အား လမ်းပြသောသူ၊ မှောင်မိုက်၌ နေသောသူတို့ကို လင်းစေသောသူ၊
Domníváš se, že ostatní jsou slepí, nevzdělaní a nevychovaní a ty že jsi jejich vůdce, učitel a vychovatel, poněvadž z Bible čerpáš pravé vědění a poznání.
20 ၂၀ လူမိုက်တို့ကို ဆုံးမတတ်သောသူ၊ သူငယ်တို့ကို နည်းပေးသောသူ၊ ပညတ်တရားတော်အားဖြင့် ပညာကို ၎င်း၊ သမ္မာတရားကို၎င်းရိပ်မိသောသူဖြစ်သည်ဟူ၍၊ ကိုယ်ကိုထင်မှတ်တတ်သည်မှန်လျှင်၊
21 ၂၁ သူတပါးကိုဆုံးမလျက်ပင်ကိုယ်ကို မဆုံးမသလော။ သူ့ဥစ္စာကို မခိုးနှင့်ဟုတရားဟောလျက်ပင် ကိုယ်တိုင်ခိုးသလော။
Jak je tedy možné, když druhé poučuješ, že si sám poučení nebereš? Kážeš, že krást je hřích, ale to ti nebrání, aby sis přivlastňoval cizí majetek?
22 ၂၂ သူ့မယားကို မပြစ်မှားနှင့်ဟုဆိုလျက်ပင် ကိုယ်တိုင်ပြစ်မှားသလော။ ရုပ်တုကိုစက်ဆုပ်ရွံ့ရှာလျက် ပင် ဗိမာန်တော်ကို လုယူဖျက်ဆီးသလော။
Druhým cizoložství zakazuješ, sobě ne? Modláře zatracuješ, jejich peníze jsou ti však dobré?
23 ၂၃ ပညတ်တရားတော်ကိုအမှီပြု၍ ဝါကြွားလျက်ပင် ထိုတရားကို လွန်ကျူး၍ ဘုရားသခင်၏ ဂုဏ် အသရေတော်ကို ရှုတ်ချသလော။
Na všechno máš pohotově biblický citát, ale Boha urážíš tím, že ho neposloucháš.
24 ၂၄ အကြောင်းမူကား၊ ကျမ်းစာ၌ လာသည်နှင့်အညီ၊ တပါးအမျိုးသားတို့သည် သင်တို့အကျင့်ကို ထောက်၍ ဘုရားသခင်၏နာမတော်ကို ကဲ့ရဲ့တတ်ကြ၏။
Jaký div, že se nevěrci Bohu posmívají, když u věřících vidí takové jednání!
25 ၂၅ သင်သည်ပညတ်တရားကို ကျင့်လျှင်၊ အရေဖျားလှီးခြင်းအားဖြင့် အကျိုးရှိ၏။ ပညတ်တရားကို လွန်ကျူးလျှင်၊ သင်၏အရေဖျားလှီးခြင်းသည် အရေဖျား မလှီးဘဲဖြစ်ပြန်၏။
Na svém vyznání si může zakládat jen ten, kdo podle něj žije.
26 ၂၆ ထိုမှတပါး၊ အရေဖျားလှီးခြင်းကို မခံသောသူ သည်တရား၌ ပါသောပညတ်တို့ကို စောင့်ရှောက်လျှင်၊ ထိုသူ၏အရေဖျားမလှီးဘဲ အဖြစ်ကို အရေဖျားလှီးခြင်း အဖြစ်ကဲ့သို့ မှတ်ရသည်မဟုတ်လော။
Jestliže se věřící člověk ve svém jednání rozchází s učením Bible, není víc než pohan a nevěrec.
27 ၂၇ အရေဖျားလှီးခြင်းကို မခံသောသူသည်လည်း ကိုယ်အလိုအလျောက်ပညတ်တရားကို ကျင့်လျှင်၊ ကျမ်းစာနှင့်အရေဖျားလှီးခြင်းရှိလျက်ပင် ပညတ်တရားကို လွန်ကျူးသောသင်ကို တရားတွေ့၍ အရှုံးခံစေမည် မဟုတ်လော။
Spíše má právo počítat se mezi lidi ten, kdo Boha sice nezná, ale žije v souladu s Božími požadavky. Takový člověk, který zásady tvé víry nepoznal – ač třeba jiného náboženství nebo ateista, pokud žije podle biblických zásad, plným právem zahanbí tebe se vším tvým náboženstvím, jehož zákony přestupuješ.
28 ၂၈ အကြောင်းမူကား၊ အပြင်အားဖြင့်သာ ယုဒလူဖြစ်သောသူသည် ယုဒလူမှန်မဟုတ်။ အပြင်အားဖြင့်သာ ကိုယ်အသား အရေဖျားလှီးခြင်းသည် အရေဖျားလှီးခြင်း အမှန် မဟုတ်။
Pravým židem rozhodně není ten, kdo tak navenek vypadá nebo se může vykázat židovským původem. To snad udělá dojem na lidi.
29 ၂၉ အတွင်းအားဖြင့် ယုဒလူဖြစ်သောသူသည် ယုဒလူမှန်၏။ အရေဖျားလှီးခြင်းလည်း ကျမ်းဟောင်း တရားအားဖြင့်မဟုတ်ဘဲ၊ ဝိညာဉ်တော်တရားအားဖြင့် စိတ်နှလုံးနှင့်စပ်ဆိုင်၏။ ထိုသို့အရေးဖျားလှီးခြင်းကို ခံသောသူ၏အချီးအမွမ်းသည် လူအလိုနှင့်မဆိုင်၊ ဘုရားသခင့်အလိုတော်နှင့်ဆိုင်သတည်း။
Před Bohem však je rozhodující čistota srdce.

< ရောမ 2 >