< ရောမ 14 >
1 ၁ ယုံကြည်အားနည်းသော သူတို့ကို လက်ခံကြလော့။ သို့ရာတွင် ယုံမှားဘွယ်သော ပြဿနာတို့ကို ထိုသူနှင့်မဆွေးနွေးကြနှင့်။ အစာအမျိုးမျိုးကို စားအပ်သည်ဟု လူအချို့ယုံ၏။
Quant à celui qui est faible dans la foi, accueillez-le sans discuter ses opinions.
2 ၂ အားနည်းသောသူမူကား၊ ဟင်းသီးဟင်းရွက်ကိုသာစား၏။
Tel croit pouvoir manger de tout; tel autre, qui est faible, se nourrit de légumes.
3 ၃ အမျိုးမျိုးကို စားသောသူသည် မစားသောသူကို မထီမဲ့မြင် မပြုစေနှင့်။ မစားသောသူသည်လည်း၊ စားသော သူကိုမစစ်ကြောမစီရင်စေနှင့် အကြောင်းမူကား၊ ဘုရားသခင်သည် သူ့ကိုလက်ခံတော်မူပြီ။
Que celui qui mange ne méprise pas celui qui ne mange pas, et que celui qui ne mange pas ne juge pas celui qui mange, car Dieu l’a accueilli parmi les siens.
4 ၄ သူတပါးပိုင်သော လူကိုစစ်ကြောစီရင်သော သင်သည် အဘယ်သူနည်း။ သူသည်မိမိသခင်စီရင်သော အားဖြင့်သာအပြစ်လွတ်ခြင်း၊ အပြစ်ခံခြင်းသို့ ရောက်ရ၏။ သူသည်အပြစ်လွတ်ခြင်းသို့ရောက်လိမ့်မည်။ အကြောင်းမူကား၊ ဘုရားသခင်သည် သူ၏ အပြစ်ကို လွှတ်ခြင်းငှါ တတ်နိုင်တော်မူ၏။
Qui es-tu, toi qui juges le serviteur d’autrui? S’il se tient debout, ou s’il tombe, cela regarde son maître. Mais il se tiendra debout, car Dieu a le pouvoir de le soutenir.
5 ၅ နေ့ရက်တရက်ထက်တရက် သာ၍မြတ်သည်ဟု လူအချို့ထင်တတ်၏။ လူအချို့မထင်။ လူတိုင်းမိမိ စိတ်သဘောကျပါစေ။
Tel met de la différence entre les jours; tel autre les estime tous pareils: que chacun ait dans son esprit une pleine conviction.
6 ၆ နေ့ရက်ကိုစောင့်သောသူသည် သခင်ဘုရားကို ထောက်၍ စောင့်၏။ နေ့ရက်ကို မစောင့်သော သူသည်လည်း၊ သခင်ဘုရားကို ထောက်၍ မစောင့်ဘဲနေ၏။ စားသောသူသည်သခင်ဘုရားကို ထောက်သောစိတ်နှင့် စား၍ ကျေးဇူးတော်ရှိသည်ဟု ဝန်ခံ၏။ မစားသော သူသည်လည်း၊ သခင်ဘုရားကို ထောက်သောစိတ်နှင့် မစားဘဲနေ၍၊ ကျေးဇူးတော်ရှိသည်ဟုဝန်ခံ၏။
Celui qui observe tel ou tel jour, l’observe en vue du Seigneur; et celui qui mange, mange en vue du Seigneur, car il rend grâces à Dieu; et celui qui ne mange pas, c’est en vue du Seigneur qu’il ne mange pas, et il rend aussi grâces à Dieu.
7 ၇ ငါတို့တွင် အဘယ်သူမျှကိုယ်အဘို့အလိုငှါ အသက်မရှင်။ အဘယ်သူမျှကိုယ်အဘို့အလို့ငှါမသေ။
En effet, nul de nous ne vit pour soi-même, et nul ne meurt pour soi-même.
8 ၈ အသက်ရှင်လျှင်၊ သခင်ဘုရားအဘို့ အလိုငှါ ရှင်၏။ သေလျှင်လည်း၊ သခင်ဘုရား အဘို့အလိုငှါ သေ၏။ ထိုကြောင့်အသင်ရှင်သည်ဖြစ်စေ၊ သေသည် ဖြစ်စေ၊ သခင်ဘုရားဆိုင်တော်မူ၏။
Car, soit que nous vivions, nous vivons pour le Seigneur; soit que nous mourrions, nous mourons pour le Seigneur. Soit donc que nous vivions, soit que nous mourions, nous appartenons au Seigneur.
9 ၉ အကြောင်းမူကား၊ ခရစ်တော်သည်၊ သေသော သူတို့ကို၎င်း၊ ရှင်သောသူတို့ကို၎င်း၊ အစိုးရသောအရှင် ဖြစ်လိုသောငှါ အသေခံ၍၊ ခံပြီးမှအသက်ရှင်ပြန် တော်မူ၏။
Car le Christ est mort et a vécu afin d’être le Seigneur et des morts et des vivants.
10 ၁၀ သင်သည် ညီအစ်ကိုချင်းကို အဘယ်ကြောင့် စစ်ကြောစီရင်သနည်း။ ညီအစ်ကိုချင်းကို အဘယ် ကြောင့် မထီမဲ့မြင်ပြုသနည်း။ ငါတို့ရှိသမျှသည် ခရစ်တော်၏ တရားပလ္လင်တော်ရှေ့သို့ ရောက်ရကြမည်။
Mais toi, pourquoi juges-tu ton frère? Toi aussi, pourquoi méprises-tu ton frère? puisque nous paraîtrons tous devant le tribunal du Christ;
11 ၁၁ ကျမ်းစာလာသည်ကား၊ ငါအသက်ရှင်တော်မူသည်ဖြစ်၍၊ ငါ့ရှေ့၌ လူတိုင်းဒူးထောက်ရမည်။ ဘုရားသခင်အားလူတိုင်းမိမိနှုတ်နှင့် သစ္စာခံရမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
car il est écrit: « Je suis vivant, dit le Seigneur; tout genou fléchira devant moi, et toute langue donnera gloire à Dieu. »
12 ၁၂ သို့ဖြစ်၍၊ ငါတို့ရှိသမျှသည် ဘုရားသခင် စစ်ကြောတော်မူခြင်းကို ခံရကြမည်။
Ainsi chacun de nous rendra compte à Dieu pour soi-même.
13 ၁၃ ထိုကြောင့်၊ ငါတို့သည် ယခုမှစ၍ အချင်းချင်း မစစ်ကြောမစီရင်ဘဲ နေကြကုန်အံ့။ ညီအစ်ကိုချင်း ထိမိ၍ လဲစရာအခွင့်၊ မှားယွင်းစရာအခွင့်မရှိစေမည်အကြောင်း သာ၍ စီရင်ကြကုန်အံ့။
Ne nous jugeons donc plus les uns les autres; mais jugez plutôt qu’il ne faut rien faire qui soit pour votre frère une pierre d’achoppement ou une occasion de chute.
14 ၁၄ အဘယ်အစာမျှ ပကတိအတိုင်း မညစ်ညူးကြောင်းကို၊ ငါသည်သခင်ယေရှုကို အမှီပြုလျက်သဘော ကျ၍ အမှန်သိ၏။ သို့သော်လည်း၊ ညစ်ညူးသည်ဟု အကြင်သူသည်ထင်၏။ ထိုသူ၌ ညစ်ညူး၏။
Je sais et je suis persuadé dans le Seigneur Jésus que rien n’est impur en soi; néanmoins, si quelqu’un estime qu’une chose est impure, elle est impure pour lui.
15 ၁၅ သင်၏ညီအစ်ကိုသည် သင်စားသော အစာကြောင့် စိတ်နာရလျှင်၊ သင်သည်မေတ္တာတရားကို မကျင့်။ ခရစ်တော်သည် အသေခံတော်မူသော ကျေးဇူးတော်ကို ခံသောသူကိုသင်၏ အစာအားဖြင့် အကျိုး မနည်းစေနှင့်။
Or, si pour un aliment, tu contristes ton frère, tu ne marches plus selon la charité; n’entraîne pas à la perdition, par ton aliment, un homme pour lequel le Christ est mort.
16 ၁၆ သင်တို့သည် အခွင့်သည်အမှုမှာ ကဲ့ရဲ့စရာ အကြောင်းမရှိစေနှင့်။
Que votre bien ne soit pas un sujet de blasphème!
17 ၁၇ ဘုရားသခင်၏ နိုင်ငံတော်သည် အစားအသောက်၌ မတည်။ ဖြောင့်မတ်ခြင်း၊ ငြိမ်သက်ခြင်း၊ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ခံရသော ဝမ်းမြောက်ခြင်း၌ တည်၏။
Car le royaume de Dieu ce n’est pas le manger et le boire; mais la justice et la paix et la joie dans l’Esprit-Saint.
18 ၁၈ ထိုသို့ကျင့်၍ ခရစ်တော်၏အမှုကို ဆောင်ရွက်သောသူသည် ဘုရားသခင့်ရှေ့၌ နှစ်သက်ဘွယ်၊ လူတို့ တွင် ချီးမွမ်းဘွယ်ဖြစ်၏။
Celui qui sert le Christ de cette manière est agréable à Dieu et approuvé des hommes.
19 ၁၉ ထိုကြောင့်၊ ငြိမ်သက်ခြင်းနှင့်၎င်း၊ အချင်းချင်းတည်ဆောက်ခြင်းနှင့်၎င်း ယှဉ်သောအရာတို့ကို မှီအောင်လိုက်ကြကုန်အံ့။
Recherchons donc ce qui contribue à la paix et à l’édification mutuelle.
20 ၂၀ ဘုရားသခင်၏ အမှုတော်ကို သင်၏အစာအလိုငှါ မဖျက်ဆီးနှင့်။ အစာအမျိုးမျိုးတို့သည် စင်ကြယ်၏။ သို့သော်လည်း သူတပါးထိမိ၍ လဲစရာအကြောင်းနှင့် စားသော သူသည်အပြစ်ရှိ၏။
Garde-toi, pour un aliment, de détruire l’œuvre de Dieu. Il est vrai que toutes choses sont pures, mais il est mal à un homme de devenir en mangeant une pierre d’achoppement.
21 ၂၁ အမဲသားကိုစားခြင်း၊ စပျစ်ရည်ကိုသောက်ခြင်း ကိစ္စမှစ၍၊ ညီအစ်ကိုထိမိ၍ လဲစရာအကြောင်း၊ မှားယွင်း စရာအကြောင်း၊ အားနည်းစရာအကြောင်းများကို ရှောင်အပ်၏။
Ce qui est bien, c’est de ne pas manger de viande, de ne pas boire de vin, de [ne rien faire] qui soit pour ton frère une occasion de chute, [de scandale ou de faiblesse].
22 ၂၂ သင်သည်ယုံခြင်းရှိလျှင် ကိုယ်အလိုအလျောက် ဘုရားသခင့်ရှေ့၌ ရှိစေလော့။ ကိုယ်လက်ခံသောအမှုမှာ ကိုယ်ကိုမစစ်ကြော မစီရင်သောသူသည် မင်္ဂလာရှိ၏။
As-tu une conviction? Garde-la pour toi-même devant Dieu. Heureux celui qui ne se condamne pas dans l’acte qu’il approuve.
23 ၂၃ ယုံမှားသောသူသည် စားလျှင်၊ ယုံသောစိတ် မရှိဘဲ စားသောကြောင့် အပြစ်စီရင်ခြင်းကိုခံရ၏။ ယုံသောစိတ်မရှိဘဲ ကျင့်သမျှသော အကျင့်တို့သည် အပြစ်ရှိကြ၏။
Mais celui qui a des doutes, s’il mange, il est condamné, parce qu’il n’agit pas par conviction; tout ce qui ne procède pas d’une conviction est péché.