< ရောမ 10 >

1 ညီအစ်ကိုတို့၊ ဣသရေလလူတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်စေခြင်းငှါ၊ ငါ၏စေတနာ အလိုရှိ၍ ဘုရားသခင်ကို ဆုတောင်းလေ့ရှိ၏။
ညီ​အစ်​ကို​တို့၊ ငါ​သည်​မိ​မိ​၏​အ​မျိုး​သား များ​ကယ်​တင်​ခြင်း​ခံ​ရ​စေ​ရန်​စိတ်​နှ​လုံး အ​ကြွင်း​မဲ့​လို​လား​တောင့်​တ​လျက် ဘု​ရား သ​ခင်​၏​ထံ​တော်​သို့​ဆု​တောင်း​၏။-
2 ထိုသူတို့သည် မှန်သောပညာမရှိသော်လည်း၊ ဘုရားသခင် ဘက်၌ စိတ်အားကြီးသည်ဟု သူတို့အဘို့ ငါသက်သေခံ၏။
သူ​တို့​သည်​ဘု​ရား​သ​ခင်​အား အ​လွန်​ကြည်​ညို သူ​များ​ဖြစ်​ကြောင်း​ကို​ငါ​အာ​မ​ခံ​နိုင်​၏။ သို့ သော်​သူ​တို့​၏​ကြည်​ညို​မှု​နည်း​လမ်း​သည်​မှန် သော​အ​သိ​ပ​ညာ​အ​ပေါ်​၌​မ​တည်။-
3 ထိုသူတို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားကို မသိဘဲ၊ ကိုယ်ဖြောင့်မတ်ခြင်းကို တည်စေခြင်း ငှါ ရှာကြံသောကြောင့်၊ ဘုရားသခင်၏ ဖြောင့်မတ်ခြင်း တရားကို ဝန်မခံကြ။
သူ​တို့​သည်​ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက် သွယ်​နိုင်​မည့်​လမ်း​စဉ်​ကို​မ​သိ​သ​ဖြင့် ထို​လမ်း စဉ်​ကို​မ​လိုက်​ဘဲ​မိ​မိ​တို့​ကိုယ်​တိုင်​တီ​ထွင် သည့်​လမ်း​စဉ်​ကို​လိုက်​ကြ​ပေ​သည်။-
4 ယုံကြည်သောသူအပေါင်းတို့သည် ဖြောင့်မတ်ရာသို့ ရောက်မည်အကြောင်း၊ ပညတ်တရားသည် ခရစ်တော်အားဖြင့် စုံလင်ခြင်းရှိ၏။
ခ​ရစ်​တော်​သည်​ပ​ညတ်​တ​ရား​ကို​အ​ဆုံး သတ်​စေ​တော်​မူ​ပြီ​ဖြစ်​ရာ​ယုံ​ကြည်​သူ​အ​ပေါင်း တို့​သည် ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​သွယ် မှု​ကို​ရ​ရှိ​ကြ​ပြီ။
5 မောရှေကလည်း၊ ထိုအကျင့်ကို ကျင့်သောသူသည် ထိုအကျင့်အားဖြင့် အသက်ရှင်လိမ့်မည်ဟု ပညတ်၊ တရားနှင့်စပ်ဆိုင်သော ဖြောင့်မတ်ခြင်းတရားကို ရည်မှတ်၍ ရေးထားသတည်း။
ပ​ညတ်​တ​ရား​ကို​စောင့်​ထိန်း​ခြင်း​အား​ဖြင့် ဘု​ရား သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​သွယ်​ခြင်း​အ​ကြောင်း နှင့်​ပတ်​သက်​၍ မော​ရှေ​က``ပ​ညတ်​တ​ရား​ကို စောင့်​ထိန်း​သူ​သည်​အ​သက်​ရှင်​လိမ့်​မည်'' ဟု ဖော်​ပြ​၏။-
6 ယုံကြည်ခြင်းနှင့်စပ်ဆိုင်သော ဖြောင့်မတ်ခြင်းတရားဆိုသည်ကား၊
သို့​ရာ​တွင်​ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​ခြင်း​အား ဖြင့် ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​သွယ်​ခြင်း နှင့်​ပတ်​သက်​၍ ကျမ်း​စာ​တော်​က ``အ​ဘယ်​သူ သည်​ကောင်း​ကင်​ဘုံ​သို့​တက်​ရ​ပါ​မည်​နည်း။ (ဆို​လို​သည်​မှာ​ခ​ရစ်​တော်​အား​အောက်​သို့​ပင့်​ရန်)-
7 ကောင်းကင်သို့ အဘယ်သူတက်လိမ့်မည်နည်း။ နက်နဲရာထဲသို့ အဘယ်သူဆင်းလိမ့်မည်နည်းဟု စိတ်ထဲမှာ မအောက်မေ့နှင့်ဟု ဆို၏။ ထိုသို့ဆိုသော်၊ ခရစ်တော်ကို ဆောင်ခဲ့ခြင်းငှါကောင်းကင်သို့ အဘယ်သူ တက်လိမ့်မည်နည်း။ ခရစ်တော်ကို သေခြင်းမှ ထမြောက်စေခြင်းငှါ နက်နဲရာထဲသို့ အဘယ်သူ ဆင်းလိမ့်မည်နည်းဟု ဆိုလိုသတည်း။ (Abyssos g12)
အ​ဘယ်​သူ​သည်​မ​ရ​ဏာ​နိုင်​ငံ​သို့​ဆင်း​ရ​ပါ မည်​နည်း​ဟု​မ​မေး​ကြ​နှင့်'' ဟူ​၍​ဖော်​ပြ​ပေ သည်။ (ဆို​လို​သည်​မှာ​ခ​ရစ်​တော်​အား​သေ​ခြင်း မှ​ပင့်​ရန်)- (Abyssos g12)
8 တဖန်ဆိုသည်ကား၊ တရားတော်သည် သင်နှင့် နီး၏။ သင်၏ နှုတ်၌၎င်း၊ သင်၏နှလုံး၌၎င်း ရှိသည်ဟု ဆို၏။ ထိုသို့ဆိုသော်၊ ငါတို့ ဟောသောယုံကြည်ခြင်း တရားကို ဆိုလိုသတည်း။
ကျမ်း​စာ​တော်​က​ဆို​လို​သည်​မှာ​နှုတ်​က​ပတ် တ​ရား​တော်​သည် ``သင်​၏​နှုတ်၊ သင်​၏​စိတ်​နှ​လုံး၊ သင်​၏​အ​နီး​၌​ရှိ​၏'' ဟူ​၍​ဖြစ်​သည်။ ထို​နှုတ် က​ပတ်​တ​ရား​ကား​သင်​တို့​အား​ငါ​ဟော​ပြော ကြေ​ညာ​သည့်​ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​ခြင်း နှင့်​ဆိုင်​သော​တ​ရား​တော်​ပင်​ဖြစ်​သည်။-
9 အဘယ်သို့နည်းဟူမူကား၊ သင်သည် သခင် ယေရှုကိုနှုတ်ဖြင့် ဝန်ခံ၍၊ ဘုရားသခင်သည် သူ့ကို သေခြင်းမှ ထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ ယုံကြည်လျှင်၊ ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။
သင်​တို့​သည်​သ​ခင်​ယေ​ရှု​သည်​အ​ရှင်​သ​ခင် ဖြစ်​တော်​မူ​ကြောင်း​ကို​နှုတ်​ဖြင့်​ဝန်​ခံ​၍ ဘု​ရား သ​ခင်​သည်​ထို​အ​ရှင်​အား​သေ​ခြင်း​မှ​ရှင်​ပြန် ထ​မြောက်​စေ​တော်​မူ​ကြောင်း​ကို စိတ်​နှ​လုံး​ထဲ ၌​ယုံ​ကြည်​ကြ​လျှင်​ဘု​ရား​သ​ခင်​သည်​သင် တို့​ကို​ကယ်​တင်​တော်​မူ​လိမ့်​မည်။-
10 ၁၀ ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှါ စိတ်နှလုံးဖြင့် ယုံကြည်ရ၏။
၁၀အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​တို့​သည်​ယုံ​ကြည် ခြင်း​အား​ဖြင့်​ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ ဆက်​သွယ်​ခွင့်​ရ​၍ နှုတ်​ဖြင့်​ဝန်​ခံ​ခြင်း​အား ဖြင့်​ကယ်​တင်​ခြင်း​ခံ​ရ​သော​ကြောင့်​ဖြစ်​၏။-
11 ၁၁ ကယ်တင်ခြင်းသို့ ရောက်ခြင်းငှါ နှုတ်ဖြင့် ဝန်ခံရ၏။ ကျမ်းစာလာသည်ကား၊ ထိုကျောက်ကို အမှီပြု သော သူမည်သည်ကား၊ ရှက်ကြောက်ခြင်းမရှိနိုင်ရာဟု လာသတည်း။
၁၁ကျမ်း​စာ​တော်​က``မည်​သူ​မ​ဆို​ကိုယ်​တော်​ကို ယုံ​ကြည်​လျှင်​စိတ်​ပျက်​ရ​လိမ့်​မည်​မ​ဟုတ်'' ဟု​ဆို​သည်။-
12 ၁၂ ယုဒအမျိုး၊ ဟေလသအမျိုးကိုမရွေး၊ လူ အပေါင်းတို့ကို အစိုးရသော အရှင်တပါးတည်းရှိ၍၊ ကိုယ်တော်ကိုပဌာနပြုသော သူအပေါင်းတို့၌ ကျေးဇူး ကြွယ်ဝတော်မူ၏။
၁၂ယု​ဒ​လူ​မျိုး၊ လူ​မျိုး​ခြား​ဟူ​၍​ခွဲ​ခြား​မှု မ​ရှိ​တော့​သ​ဖြင့်​လူ​တိုင်း​ပါ​ဝင်​၏။ ဘု​ရား သ​ခင်​သည်​လူ​အ​ပေါင်း​တို့​၏​အ​ရှင်​သ​ခင် ဖြစ်​တော်​မူ​၍ ကိုယ်​တော်​အား​ဆု​တောင်း​သ​မျှ သော​သူ​တို့​အား​ကြွယ်​ဝ​စွာ​ကောင်း​ချီး​ပေး တော်​မူ​၏။-
13 ၁၃ အကြောင်းမူကား၊ ထာဝရဘုရားကို ပဌနာပြုသောသူရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရကြလတံ့။
၁၃ကျမ်း​စာ​တော်​က ``ထာ​ဝ​ရ​ဘု​ရား​ရှင်​အား ဆု​တောင်း​သူ​ဟူ​သ​မျှ​တို့​သည် ကယ်​တင်​ခြင်း ကို​ခံ​ရ​ကြ​လိမ့်​မည်'' ဟု​ဖော်​ပြ​သည့်​အ​တိုင်း ဖြစ်​သ​တည်း။
14 ၁၄ သို့ရာတွင်၊ မယုံကြည်လျှင် အဘယ်သို့ ပဌနာ ပြုနိုင်မည်နည်း။ သိတင်းမကြားလျှင် အဘယ်သို့ ယုံကြည် နိုင်မည်နည်း။ ဟောပြောသောသူမရှိလျှင် အဘယ်သို့ ကြားနိုင်မည်နည်း။
၁၄သို့​ရာ​တွင်​ထို​သူ​တို့​သည်​ကိုယ်​တော်​ကို​ယုံ​ကြည် မှု​မ​ရှိ​လျှင် အ​ဘယ်​သို့​ကိုယ်​တော်​ထံ​သို့​ပတ္ထနာ ပြု​နိုင်​မည်​နည်း။ နှုတ်​က​ပတ်​တ​ရား​တော်​ကို မ​ကြား​လျှင်​အ​ဘယ်​သို့​ယုံ​ကြည်​နိုင်​မည်​နည်း။ နှုတ်​က​ပတ်​တ​ရား​တော်​ကို​ဟော​ပြော​ကြေ​ညာ သူ​မ​ရှိ​လျှင်​အ​ဘယ်​သို့​ကြား​နိုင်​မည်​နည်း။-
15 ၁၅ လူကို မစေလွှတ်လျှင် အဘယ်သို့ ဟောပြောနိုင် မည်နည်း။ ထိုသို့နှင့်အညီကျမ်းစာလာသည်ကား၊ ငြိမ်သက်ခြင်း၏ဝမ်းမြောက်စရာ သိတင်း၊ ကောင်းကျိုး ချမ်းသာ၏ ဝမ်းမြောက်စရာသိတင်းကို ကြားပြောသော သူ၏ခြေတို့သည် အလွန်တင့်တယ်စွတကားဟု လာသတည်း။
၁၅ဟော​ပြော​ကြေ​ညာ​သူ​များ​ကို​မ​စေ​လွှတ် လျှင် အ​ဘယ်​သို့​နှုတ်​က​ပတ်​တ​ရား​တော်​ကို ဟော​ပြော​ကြေ​ညာ​နိုင်​မည်​နည်း။ ကျမ်း​စာ တော်​တွင်​ဖော်​ပြ​ပါ​ရှိ​သည်​အ​တိုင်း``သ​တင်း ကောင်း​ကို​ယူ​ဆောင်​လာ​သူ​တို့​၏​ခြေ​တို့​သည် လွန်​စွာ​တင့်​တယ်​စွ​တ​ကား။-''
16 ၁၆ သို့သော်လည်း၊ လူအပေါင်းတို့သည် ဝမ်းမြောက်စရာသိတင်းကို နားထောင်ကြသည်မဟုတ်။ ပရောဖက် ဟေရှာယ စကားဟူမူကား၊ အိုထာဝရဘုရား၊ အကျွန်ုပ်တို့ ဟောပြောသော သိတင်းစကားကို အဘယ်သူယုံပါ သနည်းဟုဆို၏။
၁၆သို့​ရာ​တွင်​ထို​သ​တင်း​ကောင်း​ကို​လူ​တိုင်း မ​ယုံ​ကြ။ ဟေ​ရှာ​ယ​ကိုယ်​တိုင်​က``အို ထာ​ဝ​ရ ဘု​ရား​ရှင်၊ အ​ကျွန်ုပ်​တို့​ကြေ​ညာ​သော​သ​တင်း ကို​အ​ဘယ်​သူ​ယုံ​ပါ​သ​နည်း'' ဟု​ဆို​သည်။-
17 ၁၇ သို့ဖြစ်၍၊ ယုံကြည်ခြင်းသည် ကြားနာခြင်း အားဖြင့်ဖြစ်၏။ ကြားနာခြင်းသည်လည်း၊ ဘုရားသခင်၏ စကားတော်အားဖြင့် ဖြစ်၏။
၁၇သို့​ဖြစ်​၍​နှုတ်​က​ပတ်​တ​ရား​တော်​ကို​ကြား နာ​ခြင်း​ကြောင့်​ယုံ​ကြ​၏။ ခ​ရစ်​တော်​အ​ကြောင်း ဟော​ပြော​ခြင်း​ကြောင့်​နှုတ်​က​ပတ်​တ​ရား​တော် ကို​ကြား​နာ​ရ​၏။
18 ၁၈ သို့ရာတွင် လူအပေါင်းတို့သည် မကြားရကြပြီလော။ အမှန်ကြားရကြပြီ။ သူတို့၏အသံသည်မြေတပြင် လုံး၌ နှံပြား၍၊ သူတို့၏စကားသည် မြေကြီးစွန်းတိုင်အောင် ရောက်လေပြီဟုငါဆို၏။
၁၈သို့​ရာ​တွင်​လူ​တို့​သည်​ထို​နှုတ်​က​ပတ်​တ​ရား တော်​ကို​ကြား​နာ​ခွင့်​မ​ရ​ကြ​သ​လော​ဟု​ငါ မေး​လို​၏။ သူ​တို့​သည်​ကြား​နာ​ခွင့်​ကို​အ​မှန် ပင်​ရ​ကြ​၏။ ကျမ်းစာ​တော်​က၊ ``နှုတ်​က​ပတ်​တ​ရား​တော်​ကို​ဟော​ပြော​သူ​တို့​၏ အ​သံ​သည်​ကမ္ဘာ​မြေ​တစ်​ဝန်း​လုံး​တွင်​ပျံ့​နှံ့​သွား​၏။ သူ​တို့​၏​တ​ရား​စ​ကား​များ​သည်​ကမ္ဘာ​အ​စွန် အ​ဖျား သို့​တိုင်​အောင်​ရောက်​ရှိ​လေ​ပြီ'' ဟု​ဆို​သည့်​အ​တိုင်း​ပင်​ဖြစ်​သည်။-
19 ၁၉ တဖန်ငါဆိုသည်ကား၊ ဣသရေလလူတို့သည် ဤအမှုကို မသိကြသလော။ မောရှေက၊ မရေရသော လူမျိုးအားဖြင့် သင်တို့သည် ငြူစူသောစိတ်ရှိစေခြင်းငှါ၎င်း၊ ပညာမရှိသောလူမျိုးအားဖြင့် စိတ်ဆိုးစေခြင်းငှါ ၎င်း၊ ငါပြုမည်ဟု ရှေ့ဦးစွာ ဆို၏။
၁၉တစ်​ဖန်​ငါ​မေး​ဦး​မည်။ ဣသ​ရေ​လ​အ​မျိုး​သား တို့​သည် ထို​အ​မှု​အ​ရာ​ကို​မ​သိ​နား​မ​လည် ကြ​သ​လော။ မော​ရှေ​က၊ ``ငါ​သည်​မ​ရေ​ရာ​သော​လူ​မျိုး​ကို​အ​သုံး​ပြု သ​ဖြင့် ငါ​၏​လူ​စု​တော်​အား​မ​နာ​လို​စိတ်​ရှိ​စေ​မည်။ မိုက်​မဲ​သော​လူ​မျိုး​အား​ဖြင့်​ငါ​၏​လူ​စု​တော်​အား အ​မျက်​ထွက်​စေ​မည်'' ဟု​ဦး​စွာ​ပ​ထ​မ​ဖြေ​ကြား​၏။
20 ၂၀ ဟေရှာယသည် သာ၍ရဲရင့်စွာဆိုသည်ကား၊ ငါ့ကိုမရှာသော သူတို့သည် ငါ့ကိုတွေ့ရကြ၏။ ငါ၏ အကြောင်းကို မေးမြန်းသောသူတို့၌ ငါထင်ရှားသည်ဟု ဆို၏။
၂၀ဟေ​ရှာ​ယ​က၊ ``ငါ့​ကို​မ​ရှာ​သော​သူ​တို့​သည်​ငါ့​ကို​တွေ့​ရှိ ကြ​၏။ ငါ​၏​အ​ကြောင်း​ကို​မ​စုံ​စမ်း​မ​မေး​မြန်း​သော သူ​တို့​သည်​ငါ့​ကို​ဖူး​မြင်​ရ​ကြ​၏'' ဟု​ပို​၍​ပင်​ပြတ်​သား​စွာ​ဆို​၏။-
21 ၂၁ ဣသရေလလူတို့ကို ရည်မှတ်၍ တဖန်မိန့်တော်မူသည်ကား၊ နားမထောင်ငြင်းဆန်တတ်သော လူမျိုးသို့ တနေလုံးငါသည် လက်ဝါးကို ဖြန့်ရပြီဟု ဆိုသတည်း။
၂၁သို့​ရာ​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် ပတ်​သက်​၍​မူ​ကား``ငါ့​ကို​ဆန့်​ကျင်​ပုန်​ကန်​၍ ငါ​၏​စ​ကား​ကို​မ​နာ​ခံ​သော​လူ​မျိုး​အား ငါ​သည်​တစ်​နေ​ကုန်​လက်​ကမ်း​လျက်​ရှိ​၏'' ဟု ဟေ​ရှာ​ယ​ဆို​၏။

< ရောမ 10 >