< ရောမ 10 >
1 ၁ ညီအစ်ကိုတို့၊ ဣသရေလလူတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်စေခြင်းငှါ၊ ငါ၏စေတနာ အလိုရှိ၍ ဘုရားသခင်ကို ဆုတောင်းလေ့ရှိ၏။
ⲁ̅ⲛⲁⲥⲛⲏⲩ ⲡⲟⲩⲱϣ ⲙⲉⲛ ⲛ̅ⲧⲉⲡⲁϩⲏⲧ ⲙⲛ̅ⲡⲁⲥⲟⲡⲥ̅ ϣⲟⲟⲡ ⲉϩⲣⲁⲓ̈ ⲉⲡⲛⲟⲩⲧⲉ ϩⲁⲣⲟⲟⲩ ⲉⲩⲟⲩϫⲁⲓ̈
2 ၂ ထိုသူတို့သည် မှန်သောပညာမရှိသော်လည်း၊ ဘုရားသခင် ဘက်၌ စိတ်အားကြီးသည်ဟု သူတို့အဘို့ ငါသက်သေခံ၏။
ⲃ̅ϯⲣ̅ⲙⲛ̅ⲧⲣⲉ ⲅⲁⲣ ⲛⲁⲩ ϫⲉ ⲟⲩⲛ̅ⲧⲁⲩ ⲙ̅ⲙⲁⲩ ⲛ̅ⲟⲩⲕⲱϩ ⲛ̅ⲧⲉⲡⲛⲟⲩⲧⲉ. ⲁⲗⲗⲁ ⲕⲁⲧⲁⲟⲩⲥⲟⲟⲩⲛ ⲁⲛ.
3 ၃ ထိုသူတို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားကို မသိဘဲ၊ ကိုယ်ဖြောင့်မတ်ခြင်းကို တည်စေခြင်း ငှါ ရှာကြံသောကြောင့်၊ ဘုရားသခင်၏ ဖြောင့်မတ်ခြင်း တရားကို ဝန်မခံကြ။
ⲅ̅ⲉⲩⲟ ⲅⲁⲣ ⲛⲁⲧⲥⲟⲟⲩⲛ ⲉⲧⲇⲓⲕⲁⲓⲟⲥⲩⲛⲏ ⲙ̅ⲡⲛⲟⲩⲧⲉ. ⲉⲩϣⲓⲛⲉ ⲛ̅ⲥⲁⲧⲁϩⲉⲧⲱⲟⲩ ⲉⲣⲁⲧⲥ̅ ⲙ̅ⲙⲓⲛ ⲙ̅ⲙⲟⲟⲩ. ⲙ̅ⲡⲟⲩϩⲩⲡⲟⲧⲁⲥⲥⲉ ⲛ̅ⲧⲇⲓⲕⲁⲓⲟⲥⲩⲛⲏ ⲙ̅ⲡⲛⲟⲩⲧⲉ.
4 ၄ ယုံကြည်သောသူအပေါင်းတို့သည် ဖြောင့်မတ်ရာသို့ ရောက်မည်အကြောင်း၊ ပညတ်တရားသည် ခရစ်တော်အားဖြင့် စုံလင်ခြင်းရှိ၏။
ⲇ̅ⲡϫⲱⲕ ⲅⲁⲣ ⲙ̅ⲡⲛⲟⲙⲟⲥ ⲡⲉ ⲡⲉⲭ̅ⲥ̅ ⲉⲧⲇⲓⲕⲁⲓⲟⲥⲩⲛⲏ ⲛ̅ⲟⲩⲟⲛ ⲛⲓⲙ ⲉⲧⲡⲓⲥⲧⲉⲩⲉ·
5 ၅ မောရှေကလည်း၊ ထိုအကျင့်ကို ကျင့်သောသူသည် ထိုအကျင့်အားဖြင့် အသက်ရှင်လိမ့်မည်ဟု ပညတ်၊ တရားနှင့်စပ်ဆိုင်သော ဖြောင့်မတ်ခြင်းတရားကို ရည်မှတ်၍ ရေးထားသတည်း။
ⲉ̅ⲁⲙⲱⲩ̈ⲥⲏⲥ ⲅⲁⲣ ⲥϩⲁⲓ̈ ϫⲉ ⲧⲇⲓⲕⲁⲓⲟⲥⲩⲛⲏ ⲧⲉⲃⲟⲗ ϩⲙ̅ⲡⲛⲟⲙⲟⲥ ⲡⲣⲱⲙⲉ ⲉⲧⲛⲁⲁⲥ ϥⲛⲁⲱⲛϩ̅ ⲛ̅ϩⲏⲧⲥ̅.
6 ၆ ယုံကြည်ခြင်းနှင့်စပ်ဆိုင်သော ဖြောင့်မတ်ခြင်းတရားဆိုသည်ကား၊
ⲋ̅ⲧⲇⲓⲕⲁⲓⲟⲥⲩⲛⲏ ⲇⲉ ⲧⲉⲃⲟⲗ ϩⲛ̅ⲧⲡⲓⲥⲧⲓⲥ ϫⲱ ⲙ̅ⲙⲟⲥ ⲛ̅ⲧⲉⲉⲓϩⲉ. ϫⲉ ⲙ̅ⲡⲣ̅ϫⲟⲟⲥ ϩⲙ̅ⲡⲉⲕϩⲏⲧ ϫⲉ ⲛⲓⲙ ⲡⲉⲧⲛⲁⲃⲱⲕ ⲉϩⲣⲁⲓ̈ ⲉⲧⲡⲉ ⲉⲧⲉⲡⲁⲓ̈ ⲡⲉ ⲉⲙ̅ⲡⲉⲭ̅ⲥ̅ ⲉⲡⲉⲥⲏⲧ.
7 ၇ ကောင်းကင်သို့ အဘယ်သူတက်လိမ့်မည်နည်း။ နက်နဲရာထဲသို့ အဘယ်သူဆင်းလိမ့်မည်နည်းဟု စိတ်ထဲမှာ မအောက်မေ့နှင့်ဟု ဆို၏။ ထိုသို့ဆိုသော်၊ ခရစ်တော်ကို ဆောင်ခဲ့ခြင်းငှါကောင်းကင်သို့ အဘယ်သူ တက်လိမ့်မည်နည်း။ ခရစ်တော်ကို သေခြင်းမှ ထမြောက်စေခြင်းငှါ နက်နဲရာထဲသို့ အဘယ်သူ ဆင်းလိမ့်မည်နည်းဟု ဆိုလိုသတည်း။ (Abyssos )
ⲍ̅ⲏ̅ ⲛⲓⲙ ⲡⲉⲧⲛⲁⲃⲱⲕ ⲉⲡⲉⲥⲏⲧ ⲉⲡⲛⲟⲩⲛ ⲉⲧⲉⲡⲁⲓ̈ ⲡⲉ ⲉⲙ̅ⲡⲉⲭ̅ⲥ̅ ⲉϩⲣⲁⲓ̈ ϩⲛ̅ⲛⲉⲧⲙⲟⲟⲩⲧ. (Abyssos )
8 ၈ တဖန်ဆိုသည်ကား၊ တရားတော်သည် သင်နှင့် နီး၏။ သင်၏ နှုတ်၌၎င်း၊ သင်၏နှလုံး၌၎င်း ရှိသည်ဟု ဆို၏။ ထိုသို့ဆိုသော်၊ ငါတို့ ဟောသောယုံကြည်ခြင်း တရားကို ဆိုလိုသတည်း။
ⲏ̅ⲁⲗⲗⲁ ⲟⲩ ⲡⲉⲧϥ̅ϫⲱ ⲙ̅ⲙⲟϥ ϫⲉ ⲡϣⲁϫⲉ ϩⲏⲛ ⲉϩⲟⲩⲛ ⲉⲣⲟⲕ ϩⲛ̅ⲧⲉⲕⲧⲁⲡⲣⲟ. ⲁⲩⲱ ϩⲣⲁⲓ̈ ϩⲙ̅ⲡⲉⲕϩⲏⲧ ⲉⲧⲉⲡⲁⲓ̈ ⲡⲉ ⲡϣⲁϫⲉ ⲛ̅ⲧⲡⲓⲥⲧⲓⲥ ⲉⲧⲛ̅ⲧⲁϣⲉⲟⲉⲓϣ ⲙ̅ⲙⲟϥ.
9 ၉ အဘယ်သို့နည်းဟူမူကား၊ သင်သည် သခင် ယေရှုကိုနှုတ်ဖြင့် ဝန်ခံ၍၊ ဘုရားသခင်သည် သူ့ကို သေခြင်းမှ ထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ ယုံကြည်လျှင်၊ ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။
ⲑ̅ϫⲉ ⲉⲕϣⲁⲛϩⲟⲙⲟⲗⲟⲅⲓ ⲙ̅ⲡϣⲁϫⲉ ϩⲛ̅ⲧⲉⲕⲧⲁⲡⲣⲟ ϫⲉ ⲡϫⲟⲉⲓⲥ ⲡⲉ ⲓ̅ⲥ̅. ⲁⲩⲱ ⲛ̅ⲅⲡⲓⲥⲧⲉⲩⲉ ϩⲙ̅ⲡⲉⲕϩⲏⲧ ϫⲉ ⲡⲛⲟⲩⲧⲉ ⲁϥⲧⲟⲩⲛⲟⲥϥ̅ ⲉⲃⲟⲗ ϩⲛ̅ⲛⲉⲧⲙⲟⲟⲩⲧ ⲕⲛ̅ⲁⲱⲛϩ̅.
10 ၁၀ ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှါ စိတ်နှလုံးဖြင့် ယုံကြည်ရ၏။
ⲓ̅ⲉⲩⲡⲓⲥⲧⲉⲩⲉ ⲅⲁⲣ ⲉⲣⲟϥ ϩⲙ̅ⲡϩⲏⲧ ⲉⲩⲇⲓⲕⲁⲓⲟⲥⲩⲛⲏ ⲉⲩϩⲟⲙⲟⲗⲟⲅⲉⲓ ⲇⲉ ⲙ̅ⲙⲟϥ ϩⲛ̅ⲧⲧⲁⲡⲣⲟ ⲉⲩⲟⲩϫⲁⲓ̈.
11 ၁၁ ကယ်တင်ခြင်းသို့ ရောက်ခြင်းငှါ နှုတ်ဖြင့် ဝန်ခံရ၏။ ကျမ်းစာလာသည်ကား၊ ထိုကျောက်ကို အမှီပြု သော သူမည်သည်ကား၊ ရှက်ကြောက်ခြင်းမရှိနိုင်ရာဟု လာသတည်း။
ⲓ̅ⲁ̅ϣⲁⲣⲉⲧⲉⲅⲣⲁⲫⲏ ⲅⲁⲣ ϫⲟⲟⲥ ϫⲉ ⲟⲩⲟⲛ ⲛⲓⲙ ⲉⲧⲡⲓⲥⲧⲉⲩⲉ ⲉⲣⲟϥ ⲛ̅ϥⲛⲁϫⲓϣⲓⲡⲉ ⲁⲛ.
12 ၁၂ ယုဒအမျိုး၊ ဟေလသအမျိုးကိုမရွေး၊ လူ အပေါင်းတို့ကို အစိုးရသော အရှင်တပါးတည်းရှိ၍၊ ကိုယ်တော်ကိုပဌာနပြုသော သူအပေါင်းတို့၌ ကျေးဇူး ကြွယ်ဝတော်မူ၏။
ⲓ̅ⲃ̅ⲙⲛ̅ⲡⲱⲣϫ̅ ⲅⲁⲣ ϣⲟⲟⲡ ⲙ̅ⲡⲓⲟⲩⲇⲁⲓ̈ ⲙⲛ̅ⲡⲟⲩⲉⲓ̈ⲉⲛⲓⲛ. ⲡⲓϫⲟⲉⲓⲥ ⲅⲁⲣ ⲛ̅ⲟⲩⲱⲧ ⲡⲉ ⲙ̅ⲙⲟⲟⲩ ⲧⲏⲣⲟⲩ ⲉϥⲟ ⲛ̅ⲣⲙ̅ⲙⲁⲟ ⲉⲟⲩⲟⲛ ⲛⲓⲙ. ⲉⲟⲩⲟⲛ ⲛⲓⲙ ⲉⲧⲛⲁⲉⲡⲓⲕⲁⲗⲉⲓ ⲙ̅ⲙⲟϥ.
13 ၁၃ အကြောင်းမူကား၊ ထာဝရဘုရားကို ပဌနာပြုသောသူရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရကြလတံ့။
ⲓ̅ⲅ̅ⲟⲩⲟⲛ ⲅⲁⲣ ⲛⲓⲙ ⲉⲧⲛⲁⲉⲡⲓⲕⲁⲗⲉⲓ ⲙ̅ⲡⲣⲁⲛ ⲙ̅ⲡϫⲟⲉⲓⲥ ϥⲛⲁⲟⲩϫⲁⲓ̈.
14 ၁၄ သို့ရာတွင်၊ မယုံကြည်လျှင် အဘယ်သို့ ပဌနာ ပြုနိုင်မည်နည်း။ သိတင်းမကြားလျှင် အဘယ်သို့ ယုံကြည် နိုင်မည်နည်း။ ဟောပြောသောသူမရှိလျှင် အဘယ်သို့ ကြားနိုင်မည်နည်း။
ⲓ̅ⲇ̅ⲛ̅ⲁϣ ⲇⲉ ⲛ̅ϩⲉ ⲉⲩⲛⲁⲉⲡⲓⲕⲁⲗⲉⲓ ⲙ̅ⲡⲉⲧⲉⲙ̅ⲡⲟⲩⲡⲓⲥⲧⲉⲩⲉ ⲉⲣⲟϥ. ⲛ̅ⲁϣ ⲇⲉ ⲛ̅ϩⲉ ⲉⲩⲛⲁⲡⲓⲥⲧⲉⲩⲉ ⲉⲡⲉⲧⲉⲙ̅ⲡⲟⲩⲥⲱⲧⲙ̅ ⲉⲣⲟϥ. ⲛ̅ⲁϣ ⲇⲉ ⲛ̅ϩⲉ ⲉⲩⲛⲁⲥⲱⲧⲙ̅ ⲛ̅ⲟⲩⲉϣ ⲙ̅ⲡⲉⲧⲧⲁϣⲉⲟⲓ̈ϣ.
15 ၁၅ လူကို မစေလွှတ်လျှင် အဘယ်သို့ ဟောပြောနိုင် မည်နည်း။ ထိုသို့နှင့်အညီကျမ်းစာလာသည်ကား၊ ငြိမ်သက်ခြင်း၏ဝမ်းမြောက်စရာ သိတင်း၊ ကောင်းကျိုး ချမ်းသာ၏ ဝမ်းမြောက်စရာသိတင်းကို ကြားပြောသော သူ၏ခြေတို့သည် အလွန်တင့်တယ်စွတကားဟု လာသတည်း။
ⲓ̅ⲉ̅ⲛ̅ⲁϣ ⲇⲉ ⲛ̅ϩⲉ ⲉⲩⲛⲁⲧⲁϣⲉⲟⲉⲓϣ ⲉⲩⲧⲙ̅ϫⲟⲟⲩⲥⲉ. ⲕⲁⲧⲁⲑⲉ ⲉⲧⲥⲏϩ ϫⲉ ⲉϣϫⲉⲛⲉⲥⲉⲛⲟⲩⲉⲣⲏⲧⲉ ⲛ̅ⲛⲉⲧⲉⲩⲁⲅⲅⲉⲗⲓⲍⲉ ⲛ̅ⲙ̅ⲡⲉⲧⲛⲁⲛⲟⲩϥ
16 ၁၆ သို့သော်လည်း၊ လူအပေါင်းတို့သည် ဝမ်းမြောက်စရာသိတင်းကို နားထောင်ကြသည်မဟုတ်။ ပရောဖက် ဟေရှာယ စကားဟူမူကား၊ အိုထာဝရဘုရား၊ အကျွန်ုပ်တို့ ဟောပြောသော သိတင်းစကားကို အဘယ်သူယုံပါ သနည်းဟုဆို၏။
ⲓ̅ⲋ̅ⲁⲗⲗⲁ ⲙ̅ⲡⲟⲩⲥⲱⲧⲙ̅ ⲧⲏⲣⲟⲩ ⲛ̅ⲥⲁⲡⲉⲩⲁⲅⲅⲉⲗⲓⲟⲛ. ϣⲁⲣⲉⲏ̅ⲥⲁⲓ̈ⲁⲥ ⲅⲁⲣ ϫⲟⲟⲥ ϫⲉ ⲡϫⲟⲉⲓⲥ ⲛⲓⲙ ⲡⲉⲛⲧⲁϥⲡⲓⲥⲧⲉⲩⲉ ⲉⲡⲉⲛϩⲣⲟⲟⲩ.
17 ၁၇ သို့ဖြစ်၍၊ ယုံကြည်ခြင်းသည် ကြားနာခြင်း အားဖြင့်ဖြစ်၏။ ကြားနာခြင်းသည်လည်း၊ ဘုရားသခင်၏ စကားတော်အားဖြင့် ဖြစ်၏။
ⲓ̅ⲍ̅ⲁⲣⲁ ϭⲉ ⲧⲡⲓⲥⲧⲓⲥ ⲟⲩⲉⲃⲟⲗ ϩⲙ̅ⲡⲥⲱⲧⲙ̅ ⲧⲉ. ⲡⲥⲱⲧⲙ̅ ⲇⲉ ϩⲓⲧⲙ̅ⲡϣⲁϫⲉ ⲙ̅ⲡⲉⲭ̅ⲥ̅.
18 ၁၈ သို့ရာတွင် လူအပေါင်းတို့သည် မကြားရကြပြီလော။ အမှန်ကြားရကြပြီ။ သူတို့၏အသံသည်မြေတပြင် လုံး၌ နှံပြား၍၊ သူတို့၏စကားသည် မြေကြီးစွန်းတိုင်အောင် ရောက်လေပြီဟုငါဆို၏။
ⲓ̅ⲏ̅ⲁⲗⲗⲁ ⲧⲁϫⲟⲟⲥ ϫⲉ ⲉⲧⲉⲙ̅ⲡⲟⲩⲥⲱⲧⲙ̅. ⲉϣⲱⲡⲉ ϭⲉ ⲁⲡⲉⲩϩⲣⲟⲟⲩ ⲉⲓ ⲉⲃⲟⲗ ⲉⲡⲕⲁϩ ⲧⲏⲣϥ̅. ⲁⲩⲱ ⲁⲛⲉⲩϣⲁϫⲉ ⲡⲱϩ ϣⲁⲁⲣⲏϫⲥ̅ ⲛ̅ⲧⲟⲓⲕⲟⲩⲙⲉⲛⲏ.
19 ၁၉ တဖန်ငါဆိုသည်ကား၊ ဣသရေလလူတို့သည် ဤအမှုကို မသိကြသလော။ မောရှေက၊ မရေရသော လူမျိုးအားဖြင့် သင်တို့သည် ငြူစူသောစိတ်ရှိစေခြင်းငှါ၎င်း၊ ပညာမရှိသောလူမျိုးအားဖြင့် စိတ်ဆိုးစေခြင်းငှါ ၎င်း၊ ငါပြုမည်ဟု ရှေ့ဦးစွာ ဆို၏။
ⲓ̅ⲑ̅ⲁⲗⲗⲁ ⲧⲁϫⲟⲟⲥ ϫⲉ ⲉⲧⲉⲙ̅ⲡⲉⲡⲓⲥⲣⲁⲏⲗ ⲉⲓⲙⲉ. ϣⲁⲣⲉⲙⲱⲩ̈ⲥⲏⲥ ϫⲟⲟⲥ ϫⲓⲛⲛ̅ϣⲟⲣⲡ̅ ϫⲉ ⲁⲛⲟⲕ ϯⲛⲁϯⲕⲱϩ ⲛⲏⲧⲛ̅ ⲉϫⲙ̅ⲡⲉⲧⲉⲛⲟⲩϩⲉⲑⲛⲟⲥ ⲁⲛ ⲡⲉ. ϯⲛⲁϯⲛⲟⲩϭⲥ̅ ⲛⲏⲧⲛ̅ ⲉϫⲛ̅ⲟⲩϩⲉⲑⲛⲟⲥ ⲛ̅ⲁⲑⲏⲧ.
20 ၂၀ ဟေရှာယသည် သာ၍ရဲရင့်စွာဆိုသည်ကား၊ ငါ့ကိုမရှာသော သူတို့သည် ငါ့ကိုတွေ့ရကြ၏။ ငါ၏ အကြောင်းကို မေးမြန်းသောသူတို့၌ ငါထင်ရှားသည်ဟု ဆို၏။
ⲕ̅ϣⲁⲣⲉⲏ̅ⲥⲁⲓ̈ⲁⲥ ⲇⲉ ⲧⲟⲗⲙⲁ ⲛϥ̅ϫⲟⲟⲥ ϫⲉ ⲁⲩϩⲉ ⲉⲣⲟⲓ̈ ϩⲛ̅ⲛⲉⲧⲉⲛ̅ⲥⲉϣⲓⲛⲉ ⲛ̅ⲥⲱⲓ̈ ⲁⲛ. ⲁⲓ̈ⲟⲩⲱⲛϩ̅ ⲉⲃⲟⲗ ⲛ̅ⲛⲉⲧⲉⲛ̅ⲥⲉϫⲛⲟⲩ ⲙ̅ⲙⲟⲓ̈ ⲁⲛ.
21 ၂၁ ဣသရေလလူတို့ကို ရည်မှတ်၍ တဖန်မိန့်တော်မူသည်ကား၊ နားမထောင်ငြင်းဆန်တတ်သော လူမျိုးသို့ တနေလုံးငါသည် လက်ဝါးကို ဖြန့်ရပြီဟု ဆိုသတည်း။
ⲕ̅ⲁ̅ϣⲁϥϫⲟⲟⲥ ⲇⲉ ⲉⲡⲓⲥⲣⲁⲏⲗ ϫⲉ ⲁⲓ̈ⲡⲣϣ̅ⲛⲁϭⲓϫ ⲉⲃⲟⲗ ⲙ̅ⲡⲉϩⲟⲟⲩ ⲧⲏⲣϥ̅ ⲉⲩⲗⲁⲟⲥ ⲛ̅ⲁⲧⲛⲁϩⲧⲉ ⲁⲩⲱ ⲉϥⲟⲩⲱϩⲙ̅.