< ရောမ 1 >
1 ၁ လူဇာတိအားဖြင်း ဒါဝိဒ်အမျိုးဖြစ်တော်မူ ထသော၊
Paul, a servant of Jesus Christ, called as an Apostle, separated for the Gospel of God,
2 ၂ သေခြင်းမှထမြောက်တော်မူ၍၊
which he had promised beforehand, through his Prophets, in the Holy Scriptures,
3 ၃ သန့်ရှင်းသောဝိညာဉ်အားဖြင့် ၊
about his Son, who was made for him from the offspring of David according to the flesh,
4 ၄ တန်ခိုးနှင့်တကွ ဘုရားသခင်၏သားတော် ထင်ရှားဖြစ်တော်မူသော ငါတို့သခင်ယေရှုခရစ်တည်း ဟူသော မိမိသားတော်ကို အကြောင်းပြု၍ ဘုရားသခင် သည် ရှေးကမိမိပရောဖက်များအားဖြင့်၊ သန့်ရှင်းသော ကျမ်းစာ၌ ဂတိထားတော်မူသော ဧဝံဂေလိတရားကို ဟောစေခြင်းငှါ၊ ရွေးချယ်ခွဲထား၍ တမန်တော်အရာ၌ ခန့်ထားသော ယေရှုခရစ်၏ ကျွန်ငါပေါလုသည်၊
the Son of God, who was predestined in virtue according to the Spirit of sanctification from the resurrection of the dead, our Lord Jesus Christ,
5 ၅ ဘုရားသခင်ချစ်တော်မူ၍၊
through whom we have received grace and Apostleship, for the sake of his name, for the obedience of faith among all the Gentiles,
6 ၆ သန့်ရှင်းသူအရာ၌ ခန့်ထားသော ရောမ မြို့သူမြို့သားအပေါင်းတို့ကို ကြားလိုက်ပါ၏။
from whom you also have been called by Jesus Christ:
7 ၇ သခင်ယေရှုခရစ်နှင့်ငါတို့အဘတည်းဟူသော ဘုရားသခင့် အထံတော်ကကျေးဇူးတော်နှင့် ငြိမ်သက် ခြင်းသည် သင်တို့၌ ရှိပါစေသော။ သခင်ယေရှုခရစ်၏ နာမတော်ကို အမှီပြု၍ လူမျိုးအပေါင်းတို့သည် ယုံကြည် နားထောင်စေခြင်းငှါ။ ထိုသခင်ထံ၌ ကျေးဇူးတော်နှင့် တမန်တော်အရာကို ငါတို့သည် ခံရကြပြီ။ ထိုသခင်ခေါ် ထားတော် မူသောသင်တို့သည်လည်း ထိုလူမျိုးတို့၌ အပါ အဝင်ဖြစ်ကြ၏။
To all who are at Rome, the beloved of God, called as saints. Grace to you, and peace, from God our Father and from the Lord Jesus Christ.
8 ၈ သင်တို့၏ယုံကြည်ခြင်းအရာသည် မြေတပြင်လုံး၌ အနှံ့အပြား ကျော်စောသည်ဖြစ်၍၊ သင်တို့ အကြောင်းကြောင့် ယေရှုခရစ်အားဖြင့်၊ ငါ၏ဘုရား သခင်ကျေးဇူးတော်ကို ရှေးဦးစွာ ငါချီးမွမ်း၏။
Certainly, I give thanks to my God, through Jesus Christ, first for all of you, because your faith is being announced throughout the entire world.
9 ၉ ငါသည်သင်တို့ကို မခြားမလပ်အောက်မေ့၍ အစဉ်မပြတ်ဆုတောင်းပဌနာပြုသည်ဟု သားတော်၏ ဧဝံဂေလိတရားကို ဟောလျက်၊ အမှုတော်ကို စိတ် ဝိညာဉ်နှင့်တကွ ငါဆောင်ရွက်၍ ငါကိုးကွယ်သော ဘုရားသခင်သည် ငါ၏အသက်သေခံဖြစ်တော်မူ၏။
For God is my witness, whom I serve in my spirit by the Gospel of his Son, that without ceasing I have kept a remembrance of you
10 ၁၀ မကြာမမြင့်မှီဘုရားသခင်အလိုတော်အားဖြင့် အဆင်သင့်၍၊ သင်တို့ရှိရာသို့ ငါလာရသော အခွင့် တစုံတခုရှိပါမည်အကြောင်း ဆုတောင်းပဌာနပြု၏။
always in my prayers, pleading that in some way, at some time, I may have a prosperous journey, within the will of God, to come to you.
11 ၁၁ သင်တို့သည် မြဲမြံခိုင်ခံ့မည့်အကြောင်း၊ ငါသည် သင်တို့၌ ဝိညာဉ်ဆုကျေးဇူးတစုံတခုကို အပ်ပေးခြင်းငှါ၊ သင်တို့ကိုအလွန်တွေ့မြင်ချင်ပါ၏။
For I long to see you, so that I may impart to you a certain spiritual grace to strengthen you,
12 ၁၂ ထိုသို့ဆိုသော်၊ ငါနှင့်သင်တို့သည် ယုံကြည်သော အားဖြင့် အချင်းချင်း အားရသက်သာခြင်းသို့ ရောက်ကြ မည်အကြောင်းကို ဆိုလိုသတည်း။
specifically, to be consoled together with you through that which is mutual: your faith and mine.
13 ၁၃ ညီအစ်ကိုတို့၊ ငါသည်အခြားသော တပါးအမျိုးသားတို့တွင် အကျိုးကိုရသကဲ့သို့ သင်တို့တွင်လည်း အကျိုးတစုံတခုကိုရခြင်းငှါ၊ သင်တို့ရှိရာသို့သွားမည်ဟု အဖန်ဖန်အကြံရှိကြောင်းကို သင်တို့မသိဘဲနေစေခြင်းငှါ ငါအလိုမရှိ၊ ထိုသို့အကြံရှိသော်လည်း၊ ယခုတိုင်အောင် မြစ်တားသော အကြောင်းရှိ၏။
But I want you to know, brothers, that I have often intended to come to you, (though I have been hindered even to the present time) so that I might obtain some fruit among you also, just as also among the other Gentiles.
14 ၁၄ ဟေလသလူဖြစ်စေ၊ လူရိုင်းဖြစ်စေ၊ ပညာရှိဖြစ်စေ၊ ပညာမဲ့ဖြစ်စေ၊ လူအမျိုးမျိုးတို့၏ကြွေးသည် ငါ၌တင်လျက်ရှိ၏။
To the Greeks and to the uncivilized, to the wise and to the foolish, I am in debt.
15 ၁၅ သို့ဖြစ်လျှင်၊ ငါတတ်နိုင်သမျှအတိုင်း ရောမမြို့သားဖြစ်သော သင်တို့အား ဧဝံဂေလိတရားကို ဟောခြင်းငှါ စေတနာစိတ်ရှိ၏။
So within me there is a prompting to evangelize to you also who are at Rome.
16 ၁၆ ငါသည်ခရစ်တော်၏ ဧဝံဂေလိတရားကြောင့်၊ ရှက်ကြောက်ခြင်းမရှိ။ အကြောင်းမူကား၊ ထိုတရားသည် ရှေ့ဦးစွာ၌ ယုဒလူ၊ နောက်၌ ဟေလသလူ၊ ယုံကြည်သမျှသောသူအပေါင်းတို့ကို ကယ်တင် စေသော ဘုရားသခင်၏တန်ခိုးတော်ဖြစ်၏။
For I am not ashamed of the Gospel. For it is the power of God unto salvation for all believers, the Jew first, and the Greek.
17 ၁၇ အဘယ်သို့ဖြစ်သနည်းဟူမူကား၊ ဖြောင့်မတ် သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည် ဟု ကျမ်းစာလာသည်နှင့်အညီ၊ ယုံကြည်ခြင်း၌ တည်သောဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားသည်၊ ယုံကြည်ခြင်းအဘို့အလိုငှါ ဧဝံဂေလိတရားအားဖြင့် ထင်ရှားလျက်ရှိ၏။
For the justice of God is revealed within it, by faith unto faith, just as it was written: “For the just one lives by faith.”
18 ၁၈ သမ္မာတရားကိုအဓမ္မဖြင့် ဆီးတားနှိပ်စက်သော သူတို့ ပြုတတ်သော ဘုရားမဲ့နေခြင်းအမှု၊ တရားကို လွန်ကျူးခြင်း အမှုအမျိုးမျိုးတို့ တဘက်၌ဘုရားသခင်၏ အမျက်တော်သည်ကောင်းကင်မှ ထင်ရှားလျက်ရှိ၏။
For the wrath of God is revealed from heaven over every impiety and injustice among those men who fend off the truth of God with injustice.
19 ၁၉ အဘယ်ကြောင့်နည်းဟူမူကား၊ သိအပ်သော ဘုရားသခင်၏ အကြောင်းအရာတို့သည် သူတို့တွင် ထင်ရှားလျက်ရှိ၏။ ဘုရားသခင်သည် သူတို့အား ပြတော်မူပြီ။
For what is known about God is manifest in them. For God has manifested it to them.
20 ၂၀ အဘယ်သို့နည်းဟူမူကား၊ ဖန်ဆင်းတော်မူသော အရာများကို ထောက်ရှုသဖြင့်၊ ထာဝရတန်ခိုးတော်နှင့် ထာဝရအဖြစ်တော်တည်းဟူသော မျက်မြင်မရသော ဘုရားသခင်၏ အရာတို့သည် ကမ္ဘာတည် သည်ကာလမှ စ၍ ထင်ရှားလျက်ရှိကြ၏။ ထိုကြောင့်သူတို့သည် ကိုယ်အပြစ်ကို မဖုံးနိုင်ရာ။ (aïdios )
For unseen things about him have been made conspicuous, since the creation of the world, being understood by the things that were made; likewise his everlasting virtue and divinity, so much so that they have no excuse. (aïdios )
21 ၂၁ အကြောင်းမူကား၊ ထိုသူတို့သည် ဘုရားသခင်ကို သိလျက်ပင်၊ ဘုရားသခင်ကိုချီးမွမ်းသင့်သည် အတိုင်း မချီးမွမ်းကျေးဇူးတော်ကိုလည်း မသိမမှတ်၊ အချည်းနှီး တွေးဆခြင်း၊ သတိမရှိသောစိတ်နှလုံးကို မိုက်မဲခြင်းသို့ ရောက်ကြ၏။
For although they had known God, they did not glorify God, nor give thanks. Instead, they became weakened in their thoughts, and their foolish heart was obscured.
22 ၂၂ ပညာရှိယောင်ဆောင်လျက်နှင့် လူမိုက်အရာ၌ တည်ကြသည် ဖြစ်၍၊
For, while proclaiming themselves to be wise, they became foolish.
23 ၂၃ မဖေါက်ပြန်မပျက်စီးနိုင်သော ဘုရားသခင်၏ ဂုဏ်တော်ကိုပယ်လျက်၊ ဖေါက်ပြန်ပျက်စီးတတ်သော လူ၏ ရုပ်တု၊ သားငှက်အစရှိသော တွားတတ်သော တိရစ္ဆာန်၏ရုပ်တုကို ဘုရားသခင်အရာ၌ ချီးမြှောက် ကြ၏။
And they exchanged the glory of the incorruptible God for the likeness of an image of corruptible man, and of flying things, and of four-legged beasts, and of serpents.
24 ၂၄ ထိုကြောင့်သူတို့သည် မိမိတို့ကိုယ်ကာယ၏ အသရေကို အချင်းချင်းရှုတ်ချမည်အကြောင်း၊ ဘုရား သခင်သည် သူတို့ကိုသူတို့၏ ကိလေသာစိတ်ညစ်ညူးခြင်း လက်သို့ အပ်လိုက်တော်မူ၏။
For this reason, God handed them over to the desires of their own heart for impurity, so that they afflicted their own bodies with indignities among themselves.
25 ၂၅ သူတို့သည် မှန်သောဘုရားသခင့်အရာ၌ အမှားကိုထားလျက်၊ ဖန်ဆင်းတတ်သော သခင်ကိုပယ်၍ ဖန်ဆင်းအပ်သောအရာကို ဝတ်ပြုကိုးကွယ်သောသူ ဖြစ်ကြ၏။ ထိုသခင်သည် ထာဝရမင်္ဂလာ ရှိတော်မူ၏။ အာမင်။ (aiōn )
And they exchanged the truth of God for a lie. And they worshipped and served the creature, rather than the Creator, who is blessed for all eternity. Amen. (aiōn )
26 ၂၆ ထိုသို့ပြုကြသောကြောင့် ဘုရားသခင်သည် သူတို့ကို ရှက်ကြောက်ဘွယ်သော ကိလေသာလက်သို့ အပ်လိုက်တော်မူ၏။ အဘယ်သို့နည်းဟူမူကား၊ မိန်းမတို့သည် ပကတိထုံးစံကိုစွန့်၍၊ ပကတိနှင့် ဆန့်ကျင်ဘက် ထုံးစံကို လိုက်ကြ၏။
Because of this, God handed them over to shameful passions. For example, their females have exchanged the natural use of the body for a use which is against nature.
27 ၂၇ ထိုအတူ၊ ယောက်ျားတို့သည်လည်း မိန်းမနှင့် ဆက်ဆံခြင်း ပကတိထုံးစံကိုစွန့်၍ အချင်းချင်းကိလေ သာစိတ်ပူလောင်သဖြင့်၊ ရှက်ကြောက်ဘွယ်သောအမှုကို ယောက်ျားချင်းပြုလျက်၊ မိမိတို့ မှားယွင်းခြင်းနှင့် အလျောက် မိမိတို့အပြစ်ဒဏ်ကို ခံရကြ၏။
And similarly, the males also, abandoning the natural use of females, have burned in their desires for one another: males doing with males what is disgraceful, and receiving within themselves the recompense that necessarily results from their error.
28 ၂၈ ထိုသူတို့သည် ဘုရားသခင်ကို မသိမမှတ်လိုသည်ဖြစ်၍၊ မလျောက်ပတ်သော အမှုကို ပြုစေမည် အကြောင်း၊ ဘုရားသခင်သည် သူတို့ကို မောဟလက်သို့ အပ်လိုက်တော်မူသည်နှင့်အညီ၊
And since they did not prove to have God by knowledge, God handed them over to a morally depraved way of thinking, so that they might do those things which are not fitting:
29 ၂၉ သူတို့သည်အလုံးစုံသော အဓမ္မကျင့်ခြင်း၊ မတရားသော မေထုန်ကိုပြုခြင်း၊ ဆိုးညစ်ခြင်း၊ လောဘ လွန်ကျူးခြင်း၊ မနာလိုခြင်း၊ ငြူစူခြင်း၊ လူအသက်ကို သတ်ခြင်း၊ ရန်တွေ့ခြင်း၊ လှည့်ဖြားခြင်း၊ သူတပါးကို မြင်ပျင်းခြင်းတို့နှင့်ပြည့်စုံသောသူ၊ ချောစားသောသူ၊
having been completely filled with all iniquity, malice, fornication, avarice, wickedness; full of envy, murder, contention, deceit, spite, gossiping;
30 ၃၀ ဆဲရေးသောသူ၊ ဘုရားသခင်ကိုမုန်းသောသူ၊ ကြမ်းတမ်းသောသူ၊ မာနထောင်လွှားသောသူ၊ ဝါကြွား သောသူ၊ မတတ်ကောင်းသော အတတ်ကိုစီရင်သောသူ၊ မိဘစကားကို နားမထောင်သောသူ၊ သတိမရှိသောသူ၊ သစ္စာပျက်သောသူ၊
slanderous, hateful toward God, abusive, arrogant, self-exalting, devisers of evil, disobedient to parents,
31 ၃၁ မိဘသားမယားစသည်တို့ကို မချစ်သောသူ၊ ရန်ငြိုးထားသောသူ၊ သနားခြင်း ကရုဏာစိတ်မရှိသော သူဖြစ်ကြ၏။
foolish, disorderly; without affection, without fidelity, without mercy.
32 ၃၂ ထိုသို့ ကျင့်သောသူတို့သည် သေပြစ်ကိုခံထိုက်သည်ဟု ဘုရားသခင်စီရင်တော်မူကြောင်းကို ထိုသူတို့ သည် သိလျက်ပင် ကိုယ်တိုင်ကျင့်သည်သာမက၊ ထိုသို့ ကျင့်သောသူတို့၌ အားရဝမ်းမြောက်ကြ၏။
And these, though they had known the justice of God, did not understand that those who act in such a manner are deserving of death, and not only those who do these things, but also those who consent to what is done.