< ဗျာဒိတ်ကျမ်း 1 >
1 ၁ ကာလမကြာမမြင့်မှီဖြစ်ရမည် အမှုအရာများကို ယေရှုခရစ်သည် မိမိအစေခံကျွန်တို့အား ပြစေခြင်းငှါ၊ ဘုရားသခင်အပ်ပေးတော်မူသော ထိုသခင်၏ ဗျာဒိတ်တော်ကို ဆိုပေအံ့။ ထိုသခင်သည် မိမိကောင်း ကင်တမန်ကို စေလွှတ်၍၊ မိမိအစေခံကျွန်ယောဟန်အား ဗျာဒိတ်တော် အရိပ်ကို ပြတော်မူ၏။
Owuu wigule wa Yesu Kilisiti lwashele Ongolobhe apiye abhalanje abhembombo bhakwe ezyaje lazima zifumile nanalieshi. Agabhombile aje gabhoneshe owasontezyo ontumwa wakwe wasontezyo wakwe oYohana.
2 ၂ ယောဟန်သည်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ယေရှုခရစ်၏ သက်သေခံတော်မူချက်ကို မြင်သမျှအတိုင်း သက်သေခံ၏။
O Yohana ayanjile wahala hahalolile hahahusina nizu elwa Ngolobhe gayanjili gafumiziwe ahusu oYesu Kilisti.
3 ၃ ကာလအချိန်ရောက်လုနီးပြီဖြစ်၍၊ ဤအနာဂတ္တိကျမ်းစကားကိုကြည့်ရှု ဘတ်ရွတ်နားထောင်၍၊ ရေးထားသမျှတို့ကို စောင့်ရှောက်သော သူတို့သည် မင်္ဂလာရှိကြ၏။
Asaiwe oyo yamanyila yauje sana nabhala bhoti bhabahgovwa amazu gakuuha ega nahwogope gagasimbilwe omwo, afwatanaje omuda gupalamie.
4 ၄ ငါယောဟန်သည် အာရှိပြည်၌ရှိသော အသင်းတော်ခုနှစ်ပါးကို ကြားလိုက်ပါ၏။ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ် ရှိတော်မူသော ဘုရားသခင်အထံတော်က၎င်း၊ ပလ္လင်တော်ရှေ့၌ရှိသော ဝိညာဉ် ခုနှစ်ပါးအထံက၎င်း၊
O Yohana, huu makanisa saba gagali hu Asia: owene gubhe hulimwi ne lweteshelo afume hulimwe, yahweli, yahali, nowayenza, nafume humpepo saba bhabholi witagalila witengo lyakwe elya pamwanya,
5 ၅ သစ္စာစောင့်သော သက်သေခံဖြစ်တော်မူထသော၊ သေသောသူတို့တွင်သားဦး ဖြစ်တော်မူထသော၊ လောကီဘုရင်တို့၏ အထွဋ်ဖြစ်တော်မူသော ယေရှုခရစ်အထံတော်က၎င်း၊ ကျေးဇူးတော်နှင့် ငြိမ် သက်ခြင်းသည်သင်တို့၌ရှိပါစေသော။ ငါတို့ကိုချစ်၍ မိမိအသွေးနှင့် ငါတို့အပြစ်များကို ဆေးကြောတော်မူ၍၊
nafume hwa Yesu Kilisti yashele keti owelyoli, opapwa owahwande wabhala bhabha fwiye, nayakhete amwene ebhensi ene. Hwamwene oyo yatigene atibheshele shinza afume mmbibhi zyetu widanda lyakwe,
6 ၆ မိမိခမည်းတော်ဘုရားသခင့်ရှေ့၌ ငါတို့ကို ရှင်ဘုရင်အရာ၌၎င်း၊ ယဇ်ပုရောဟိတ်အရာ၌၎င်း ခန့် ထားတော်မူသောသူသည်၊ ကမ္ဘာအဆက်ဆက် ဘုန်းအသရေ၊ အစွမ်းသတ္တိရှိတော်မူစေသတည်း။ အာမင်။ (aiōn )
atibheshele aje umwene ougosi wa Ngolobhe no Baba wakwe - hwamwene zuvyo neguvu wilawila hani lyoli. Amina. (aiōn )
7 ၇ ကြည့်ရှုလော့။ မိုဃ်းတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ထိုးဖောက်သော သူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရ ကြလိမ့်မည်။ မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမည်တမ်းရကြလိမ့်မည်။ မှန်ပေ၏။ အာမင်။
Enya, ehwenza namabhengo; kila liso libhahulole, pandwemo na bhala bhonti bhabhalese. Na makabela gonti ege nsi. Bailila hwa mwene. Lyoli, Amina.
8 ၈ ငါသည် အာလဖဖြစ်၏။ ဩမေဃလည်း ဖြစ်၏ ဟု အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူ၍ ၊ ပစ္စုပ္ပန် ၊ အတိတ်၊ အနာဂတ်ကာလအစဉ် ရှိတော်မူသော ထာဝရ အရှင် ဘုရားသခင် မိန့်တော်မူ၏။
“Omwene yohwawande no wamalezye, ayanga Ogosi Ongolobhe, “Umwene yahweli, na yahali, nayabhe ahwenza owenguvu.”
9 ၉ ယေရှုခရစ်၏ ဆင်းရဲခြင်းဒုက္ခမှစ၍ နိုင်ငံတော်ကို၎င်း၊ သည်းခံတော်မူခြင်းကို၎င်း၊ သင်တို့နှင့်အတူ ဆက်ဆံသော အဘော်အဘက၊ သင်တို့အစ်ကို ငါ ယောဟန်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်နှင့် ယေရှု ခရစ်၏ သက်သေခံတော်မူချက်ကြောင့်၊ ပတ်မုကျွန်းမှာ နေရစဉ်တွင် ၊
Ane, ne Yohana - neholo wenyu nembapandemo namwe humateso na humwene navumilile hasa wauli hwa Yesu; ehali hukisiwa shashiliwetwa patimo husabu hwizu elya Ngolobhe noshuhuda owa Yesu.
10 ၁၀ သခင်ဘုရားနေ့၌ ဝိညာဉ်တော်ကိုခံရ၍ ၊ တံပိုး ခရာ အသံကဲ့သို့ငါ့နောက်၌ မြည်သော အသံကြီးကို ကြား၏။
Ehali hu Mpepo isiku elya Gosi. ehonvweze hunyumayane esauti yapamwanya eye itarumbeta,
11 ၁၁ မြည်သောအချက်ဟူမူကား၊ သင်သည်မြင်သော အရာကို စာစောင်၌ ရေးထား၍၊ ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလဒေလဖိမြို့၊ လောဒိကိမြို့၌ရှိသော အသင်းတော်ခုနှစ်ပါးထံသို့ ပေးလိုက် လော့ဟုဆိုသတည်း။
eyiga, “simba huikalata gogalola ogatume humakanisa saba, abhale wa Efeso, abhale Smirna, abhale Pergamo, abhale Thiatira, abhale Sardi, abhale Philadelphia, na abhale Laodikia.”
12 ၁၂ ထိုသို့ ငါနှင့်စကားပြော၍ အသံမြည်သော သူကိုမြင်ခြင်းငှါ ငါသည်လှည့်ကြည့်လျှင် ၊ ရွှေမီးခွက်ခုနှစ် လုံးကို၎င်း ၊
Nagaluhana ahwenje aje sauti yananu yayangaga nane, nanagaluha nahalola ishinala eshedhahabu eshetaa saba.
13 ၁၃ ထိုမီးခွက်ခုနှစ်လုံးအလယ်၌ လူသားတော်နှင့် တူသောသူတဦး ကို၎င်း မြင်၏။ ထိုသူသည်ခြေသို့ တိုင်အောင်ဝတ်ခြုံလျက်၊ ရင်တော်၌ ရွှေခါးပန်းကို စည်းလျက်ဖြစ်၏။
Pahati pashinala eshetaa aliomo nashi Omwana wa Adamu, akwete inkanzu itali lyalifishile pansi pamanama gakwe, nilampa lyedhahabu azyongole hushifubha shakwe.
14 ၁၄ ခေါင်းတော်နှင့်ဆံပင်တော်သည် ဖြူသော သိုးမွှေးကဲ့သို့၎င်း ၊ မိုဃ်းပွင့်ကဲ့သို့၎င်းဖြူ၏။ မျက်စိတော် သည်လည်း မီးလျှံကဲ့သို့ ဖြစ်၏။
Itwe lyakwe nisisi lyakwe zyalinyini nashi ahantu ahazelu nashi ebalafu, na maso gakwe gali nashi omelegwe mwoto.
15 ၁၅ ခြေတော်သည်လည်း မီး၌ချွတ်ပြီးသော ကြေးဝါစစ်နှင့်တူ၏။ အသံတော်သည်လည်း သမုဒ္ဒရာသံကဲ့သို့ ဖြစ်၏။
Entondwe zyakwe nashi eshaba yesuguliwe tee, nashi eshaba yeshizenywe hu mwoto, ne sauti yakwe ehali nanshi esauti eyamenze aminji gagafuma nanali.
16 ၁၆ လက်ျာလက်တော်သည်လည်း ကြယ်ခုနှစ်လုံးကို ကိုင်၏။ ခံတွင်းတော်ထဲကလည်းထက်သော သန်လျက် ထွက်၏။ မျက်နှာတော်သည်အရှိန်တန်ခိုးနှင့် ထွန်း တောက်သောနေကဲ့သို့ဖြစ်၏။
Ali khatizizye entondi saba mkhono gwakwe ogwelelo, nafume mwilomu mwakwe hwali ni panga ilyoji lyalili lyoji hwoti hubhele. Humaso gakwe hwali hulwaha nasho mwanga okhali owisanya.
17 ၁၇ ထိုသူကိုငါမြင်သောအခါ၊ သေမတတ်ဖြစ်၍ ခြေတော်ရင်း၌ လဲလျက်နေ၏။ ထိုသူသည်လက်ျာ လက်ထောက်ကို ငါ့အပေါ်သို့ တင်လျက်၊ ကြောက်ရွံ့ ခြင်းမရှိနှင့်။ ငါသည်အဦးဆုံးသောသူ၊ နောက်ဆုံးသော သူဖြစ်၏။
Nenalola, nagwa mmanama gakwe nashi umntu yafwiye. Wabheha okhono gwakwe ogwelelo pamwanya pane na yanje, “Osahogope! Ane newa Hwande na wa Malishile,
18 ၁၈ အသက်ရှင်သောသူလည်းဖြစ်၏။ ငါသည် အရင်သေသည် ဖြစ်၍၊ ကမ္ဘာအဆက်ဆက်အသက်နှင့် ပြည့်စုံ၏။ မရဏာနှင့် မရဏာနိုင်ငံကိုလည်းငါအစိုးရ၏။ (aiōn , Hadēs )
nanewendi ekhala. Ehali efwiye, lelo enya, ekhala wilawila! Endine nfukulo ezye nfwa na wilongo. (aiōn , Hadēs )
19 ၁၉ ထိုကြောင့်၊ သင်သည်မြင်ပြီးသော အရာတို့ကို၎င်း၊ ယခုရှိသော အရာတို့ကို၎င်း၊ နောင်ဖြစ်လတံ့သော အရာတို့ကို၎င်း ရေးထားလော့။
Esho yasimbe gogalolile gagali eshi na galagagabhafumile pega.
20 ၂၀ ငါ့လက်ျာလက်၌ ထင်ရှားသောကြယ်ခုနှစ်လုံးနှင့်ရွှေမီးခွက် ခုနှစ်လုံး၏ နက်နဲခြင်းအရာဟူမူကား၊ မီးခွက်ခုနှစ်လုံးသည်အသင်းတော်ခုနှစ်ပါးဖြစ်၏။ ကြယ်ခုနှစ်လုံးသည်လည်းထိုခုနှစ်ပါးသော အသင်းတော် တို့ကို အုပ်သောတမန်ဖြစ်ကြ၏။
Kwana gagawifisile ahusu entondwe saba zyehazilolile hukhono wane olelo, shila eshinala eshe dhahabu eshetala saba: ntondwe saba bhantumi bhagala amakanisa saba, neshinara shetala saba gagala amakanisa saba.”