< ဗျာဒိတ်ကျမ်း 15 >
1 ၁ တဖန်တုံ၊ ဘုရားသခင်၏အမျက်တော်ကို ပြီးစီးစေသော နောက်ဆုံးဘေးဒဏ် ခုနစ်ပါးရှိသော ကောင်းကင်တမန်ခုနစ်ပါးတည်းဟူသော၊ ကောင်းကင်၌ အံ့ဘွယ်သော နိမိတ်ကြီးအခြားတပါးကို ငါမြင်ရ၏။
Vantung ah a dang musakna, a lian le a lamdang, vantungmi sali in a khakbel vawtsiatna nam sali nei hi; banghangziam cile tua sali te sia Pathian thin-ukna taw kidim hi.
2 ၂ မီးနှင့်ရောသော ဖန်ရေကန်ကဲ့သို့ရှိသည်ကိုလည်း မြင်ရ၏။ သားရဲနှင့်၎င်း၊ သူ၏ရုပ်တုနှင့်၎င်း၊ သူ၏နာမအရေအတွက်နှင့်၎င်း၊ လွတ်၍ အောင်မြင်သော သူတို့သည်၊ ဘုရားသခင်၏ စောင်းတော်တို့ကို ကိုင်လျက်၊ ဖန်ရေကန်နားမှာ ရပ်နေကြသည်ကို မြင်ရ၏။
Taciang mei taw a ki hel limlang tuipi bang khat ka mu hi: sapi, a milim, a ceptena le a min nambat tung ah zaw a nga te sia limlang tuipi tung ah ding in, amate in Pathian i tengtong te zong nei hi.
3 ၃ ထိုသူတို့သည် ဘုရားသခင်၏ ကျွန်မောရှေ၏ သီချင်းနှင့်သိုးသငယ်၏သီချင်းကိုသီ၍၊ အနန္တတန်ခိုး နှင့်ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်၏ အပြုအမူတို့သည် ကောင်းမြတ်၍ အံ့ဩ ဘွယ်ဖြစ်ကြပါ၏။ လူမျိုးတို့၏ဘုရင်၊ ကိုယ်တော်၏ အကျင့်ဓလေ့တို့သည် ဖြောင့်မတ်ဟုတ်မှန်ကြပါ၏။
Amate in Pathian i sal Moses le Tuuno i la sa khawm uh a, Topa na theampo a hi thei Pathian, na nasep te lian in lamdang hi; na lampi te zong thutang le a thuman a hihi, nangma sia mithiangtho te i Kumpipa na hihi, ci hi.
4 ၄ အိုထာဝရဘုရား၊ ကိုယ်တော်ကိုမကြောက်ရွံ့ဘဲ၊ နာမတော်ကို မချီးမွမ်းဘဲ အဘယ်သူနေရပါအံ့နည်း။ ကိုယ်တော်တပါးတည်းသာလျှင် သန့်ရှင်းတော်မူ၏။ တရားသဖြင့် စီရင်တော်မူခြင်းအရာတို့သည် ထင်ရှား သည်ဖြစ်၍၊ လူမျိုးအပေါင်းတို့သည်လာ၍ ရှေ့တော်၌ ကိုးကွယ်ကြပါလိမ့်မည်ဟု လျှောက်ဆိုကြ၏။
Maw Topa awng, nangma hong kita ngawl le na min a thangsak ngawl akua om tu ziam? banghangziam cile nangma bek na thiangtho a: minam theampo na mai ah hongpai in hong bia tu hi; banghangziam cile na thukhenna te kilang zo hi.
5 ၅ ထိုနောက် ငါကြည့်လျှင်၊ ကောင်းကင်ဘုံ၌ သက်သေခံတော်မူချက် ဌာပနာရာ တဲတော်ရှိသော ဗိမာန်တော်ကို ဖွင့်ထားပြီ။
Tua zawkciang in ka en a, tetti panna biakbuk a kici vantung i biakinn sia ki hong hi:
6 ၆ ဘေးဒဏ်ခုနစ်ပါးရှိသော ကောင်းကင်တမန် ခုနစ်ပါးတို့သည် စင်ကြယ်ပြောင်လက်သော ပိုက်ဆန် အဝတ်ကို ဝတ်လျက် ၊ ရင်၌ ရွှေရင်စည်းကို စည်းလျက် ဗိမာန်တော်ထဲက ထွက်လာကြ၏။
Taciang vantungmi sali te sia biakinn sung pan pusuak uh a, ngimna sali nei in, puanpak neam a thiang mama sil uh hi, amate i awm zong kham awmkil taw khil uh hi.
7 ၇ သတ္တဝါလေးပါးတွင် တပါးသည် ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူသော ဘုရားသခင်၏ အမျက် တော်နှင့် ပြည့်သောရွှေဖလား ခုနစ်လုံးကို ကောင်းကင်တမန်ခုနစ်ပါးတို့အားပေး၏။ (aiōn )
A tawntung a nungta Pathian thin-ukna taw a kidim, kham kuang sali te sia, nganhing li te sung pan khat in vantungmi sali te pia hi. (aiōn )
8 ၈ ဘုရားသခင်၏ ဘုန်းတန်ခိုးအာနုဘော်တော် ကြောင့်၊ ဗိမာန်တော်သည် မီးခိုးနှင့်ပြည့်၍ ကောင်းကင် တမန် ခုနစ်ပါး၏ ဘေးဒဏ်ခုနစ်ပါး မကုန်မှီတိုင်အောင် ဗိမာန်တော်ထဲသို့ အဘယ်သူမျှ မဝင်နိုင်။
Taciang biakinn sia Pathian minthanna le vangletna pan hong theng meikhu taw kidim a; vantungmi sali te ngimna sali a bo mateng kuama biakinn sung ah tum thei ngawl hi.