< ဗျာဒိတ်ကျမ်း 13 >

1 ပင်လယ်နား၌ သဲပေါ်မှာ ငါရပ်၍၊ သားရဲ တကောင်သည် ခေါင်းခုနစ်လုံး၊ ချိုဆယ်ချောင်းနှင့်တကွ ချိုပေါ်၌ သရဖူဆယ်ဆူကို ဆောင်းလျက်၊ ခေါင်းပေါ်၌ လည်း ဘုရားသခင်၏ အသရေတော်ကို ရှုတ်ချသော နာမရှိလျက်၊ ပင်လယ်ထဲကတက်သည်ကို မြင်၏။
tataH paramahaM sAgarIyasikatAyAM tiSThan sAgarAd udgacchantam EkaM pazuM dRSTavAn tasya daza zRggANi sapta zirAMsi ca daza zRggESu daza kirITAni ziraHsu cEzvaranindAsUcakAni nAmAni vidyantE|
2 ထိုသို့ ငါမြင်သောသားရဲသည် ကျားသစ်နှင့် တူ၏။ သူ၏ခြေသည် ဝံခြေကဲ့သို့ဖြစ်၏။ သူ၏နှုတ်သည် လည်း ခြင်္သေ့နှုတ်ကဲ့သို့ဖြစ်၏။ နဂါးသည် မိမိတန်ခိုးနှင့် မိမိပလ္လင်ကို၎င်း၊ ကြီးစွာသော အာဏာစက်ကို၎င်း သားရဲ၌ အပ်ပေး၏။
mayA dRSTaH sa pazuzcitravyAghrasadRzaH kintu tasya caraNau bhallUkasyEva vadananjca siMhavadanamiva| nAganE tasmai svIyaparAkramaH svIyaM siMhAsanaM mahAdhipatyanjcAdAyi|
3 သားရဲ၏ ခေါင်းတလုံးသည် သေအောင်ကွပ်မျက်ပြီးသကဲ့သို့ ဖြစ်၍၊ သေစေသောဒဏ်ချက်သည် ပျောက်လျက်ရှိ၏။ မြေကြီးသားအပေါင်းတို့သည် သားရဲနောက်သို့ လိုက်၍ အံ့ဩကြ၏။
mayi nirIkSamANE tasya zirasAm Ekam antakAghAtEna chEditamivAdRzyata, kintu tasyAntakakSatasya pratIkArO 'kriyata tataH kRtsnO naralOkastaM pazumadhi camatkAraM gataH,
4 ထိုသားရဲ၌ အာဏာစက်ကို အပ်ပေးသော နဂါးကို ကိုးကွယ်ကြ၏။ သားရဲကိုလည်း ကိုးကွယ်၍၊ အဘယ်သူသည် သားရဲနှင့်တူသနည်း။ အဘယ်သူသည် သူ့ကိုစစ်ပြိုင်နိုင်သနည်းဟု ပြောဆိုကြ၏။
yazca nAgastasmai pazavE sAmarthyaM dattavAn sarvvE taM prANaman pazumapi praNamantO 'kathayan, kO vidyatE pazOstulyastEna kO yOddhumarhati|
5 ထိုသားရဲသည်လည်း ကြီးစွာသော စကားကို၎င်း၊ ဘုရားသခင်ကို ပြစ်မှားသောစကားကို၎င်း၊ ပြော တတ်သော နှုတ်နှင့်ပြည့်စုံ၍၊ လလေးဆယ်နှစ်လပတ်လုံး စီရင်ရသောအခွင့်ကိုရ၏။
anantaraM tasmai darpavAkyEzvaranindAvAdi vadanaM dvicatvAriMzanmAsAn yAvad avasthitEH sAmarthyanjcAdAyi|
6 ဘုရားသခင်ကို ပြစ်မှားသောစကားအားဖြင့် နာမတော်နှင့် တဲတော်ကို၎င်း၊ ကောင်းကင်သားတို့ကို၎င်း၊ ပြစ်မှားခြင်းငှါ နှုတ်ကို ဖွင့်ထား၏။
tataH sa IzvaranindanArthaM mukhaM vyAdAya tasya nAma tasyAvAsaM svarganivAsinazca ninditum Arabhata|
7 သန့်ရှင်းသူတို့ကို စစ်တိုက်၍ နိုင်ရသောအခွင့် ကိုရ၏။ အသီးအသီး ဘာသာစကားကို ပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့ကို အုပ်စိုးရသော အခွင့်ကိုလည်း ရ၏။
aparaM dhArmmikaiH saha yOdhanasya tESAM parAjayasya cAnumatiH sarvvajAtIyAnAM sarvvavaMzIyAnAM sarvvabhASAvAdinAM sarvvadEzIyAnAnjcAdhipatyamapi tasmA adAyi|
8 ကွပ်မျက်သောသိုးသငယ်၏ အသက်စာစောင်၌ ကမ္ဘာဦးကပင် စာရင်းမဝင်သော မြေကြီးသား အပေါင်းတို့သည် သားရဲကို ကိုးကွယ်ကြ၏။
tatO jagataH sRSTikAlAt chEditasya mESavatsasya jIvanapustakE yAvatAM nAmAni likhitAni na vidyantE tE pRthivInivAsinaH sarvvE taM pazuM praNaMsyanti|
9 နားရှိသောသူမည်သည်ကား ကြားပါစေ။
yasya zrOtraM vidyatE sa zRNOtu|
10 ၁၀ သူတပါးကို ဘမ်းဆီးယူသွားသောသူသည် ကိုယ်တိုင်ဘမ်းဆီးယူသွားခြင်းကို ခံရလိမ့်မည်။ ထားဖြင့် သတ်တတ်သော သူသည်လည်း ကိုယ်တိုင် ထားဖြင့်သေရမည်။ ဤအရာ၌ သန့်ရှင်းသူတို့လည်း သည်းခံစရာ အကြောင်း၊ ယုံကြည်စရာအကြောင်းရှိ၏။
yO janO 'parAn vandIkRtya nayati sa svayaM vandIbhUya sthAnAntaraM gamiSyati, yazca khaggEna hanti sa svayaM khaggEna ghAniSyatE| atra pavitralOkAnAM sahiSNutayA vizvAsEna ca prakAzitavyaM|
11 ၁၁ အခြားသော သားရဲတကောင်သည်၊ သိုးသငယ်၏ ချိုနှင့်တူသော ချိုနှစ်ချောင်းရှိ၍၊ နဂါးကဲ့သို့ စကားပြောလျက်၊ မြေကြီးထဲက ထွက်သည်ကို ငါမြင်၏။
anantaraM pRthivIta udgacchan apara EkaH pazu rmayA dRSTaH sa mESazAvakavat zRggadvayaviziSTa AsIt nAgavaccAbhASata|
12 ၁၂ ထိုသားရဲသည် သူ့အရင်ဖြစ်သော ပဋ္ဌမသားရဲ၏ အာဏာစက်ရှိသမျှကို သုံးစွဲ၏။ သေစေသော ဒဏ်ချက်ပျောက်ခဲ့ပြီးသော ပဋ္ဌမသားရဲကို မြေကြီးမှစ၍ မြေကြီးသားတို့သည် ကိုးကွယ်စေခြင်းငှါ ပြု၏။
sa prathamapazOrantikE tasya sarvvaM parAkramaM vyavaharati vizESatO yasya prathamapazOrantikakSataM pratIkAraM gataM tasya pUjAM pRthivIM tannivAsinazca kArayati|
13 ၁၃ ကြီးစွာသော နိမိတ်လက္ခဏာတို့ကိုလည်းပြ၏။ လူတို့မျက်မှောက်၌ ကောင်းကင်က မြေကြီးအပေါ်သို့ မီးကို ဆင်းစေ၏။
aparaM mAnavAnAM sAkSAd AkAzatO bhuvi vahnivarSaNAdIni mahAcitrANi karOti|
14 ၁၄ ပဌမသားရဲရှေ့၌ ပြပိုင်သောနိမိတ်လက္ခဏာတို့အားဖြင့် မြေကြီးသားတို့ကို လှည့်ဖြား၏။ ထားနှင့် ခုတ်သောဒဏ်ချက်ကို ခံရ၍ အသက်ရှင်သေးသော သားရဲ၏ ရုပ်တုကို လုပ်စေခြင်းငှါ မြေကြီးသားတို့ကို မှာထား၏။
tasya pazOH sAkSAd yESAM citrakarmmaNAM sAdhanAya sAmarthyaM tasmai dattaM taiH sa pRthivInivAsinO bhrAmayati, vizESatO yaH pazuH khaggEna kSatayuktO bhUtvApyajIvat tasya pratimAnirmmANaM pRthivInivAsina Adizati|
15 ၁၅ သားရဲ၏ ရုပ်တုသည် စကားပြောနိုင်မည် အကြောင်းနှင့်၊ မိမိကို မကိုးကွယ်သောသူရှိသမျှတို့ကို သတ်ခြင်းငှါ ပြုနိုင်မည်အကြောင်း၊ ရုပ်တု၌ အသက်ကို သွင်းပေးရသော အခွင့်ကိုလည်းရ၏။
aparaM tasya pazOH pratimA yathA bhASatE yAvantazca mAnavAstAM pazupratimAM na pUjayanti tE yathA hanyantE tathA pazupratimAyAH prANapratiSThArthaM sAmarthyaM tasmA adAyi|
16 ၁၆ ငွေရတတ်သောသူ၊ ဆင်းရဲသောသူ၊ ကျွန်ခံ ရသောသူ ၊ လွတ်သောသူ၊ အကြီးအငယ်ရှိသမျှတို့သည် လက်ျာလက်၌ဖြစ်စေ၊ နဖူး၌ဖြစ်စေ၊ တံဆိပ်လက်မှတ်ကို ခံစေခြင်းငှါ၎င်း၊
aparaM kSudramahaddhanidaridramuktadAsAn sarvvAn dakSiNakarE bhAlE vA kalagkaM grAhayati|
17 ၁၇ ထိုတံဆိပ်လက်မှတ်တည်းဟူသော သားရဲ၏ နာမဖြစ်စေ၊ နာမ၏ အရေအတွက်ဖြစ်စေ၊ တခုခုကို မခံသောသူတယောက်မျှ မရောင်းမဝယ်စေခြင်းငှါ၎င်း စီရင်၏။
tasmAd yE taM kalagkamarthataH pazO rnAma tasya nAmnaH saMkhyAgkaM vA dhArayanti tAn vinA parENa kEnApi krayavikrayE karttuM na zakyEtE|
18 ၁၈ ဤအရာ၌ပညာရှိ၏။ ဥာဏ်ရှိသောသူသည် သားရဲ၏ အရေအတွက်ကို ရေတွက်စေ။ လူ၏ အရေ အတွက်ဖြစ်၏။ ခြောက်ရာခြောက်ဆယ်ခြောက်လည်း ဖြစ်၏။
atra jnjAnEna prakAzitavyaM| yO buddhiviziSTaH sa pazOH saMkhyAM gaNayatu yataH sA mAnavasya saMkhyA bhavati| sA ca saMkhyA SaTSaSTyadhikaSaTzatAni|

< ဗျာဒိတ်ကျမ်း 13 >