< ဗျာဒိတ်ကျမ်း 12 >
1 ၁ ကောင်းကင်၌ ကြီးစွာသော နိမိတ်လက္ခဏာ ဟူမူကား၊ မိန်းမတဦးသည် နေကိုဝတ်လျက်၊ လကို ခြေဖြင့်နင်းလျက်၊ မိမိခေါင်းပေါ်၌ ကြယ်ဆယ်နှစ်လုံးဖြင့်ပြီးသော သရဖူကို ဆောင်းလျက်ပေါ်လာ၏။
၁ကောင်းကင် ၌ ကြီးစွာ သော နိမိတ် လက္ခဏာ ဟူမူကား ၊ မိန်းမ တစ်ဦးသည် နေ ကိုဝတ် လျက်၊ လ ကို ခြေ ဖြင့်နင်း လျက် ၊ မိမိ ခေါင်း ပေါ်၌ ကြယ် ဆယ်နှစ် လုံးဖြင့်ပြီးသော သရဖူ ကို ဆောင်းလျက်ပေါ်လာ ၏။
2 ၂ ထိုမိန်းမသည် ကိုယ်ဝန်ဆောင်၍ ဘွားအံ့သော ဝေဒနာပြင်းသောကြောင့် အော်ဟစ်လေ၏။
၂ထိုမိန်းမသည်ကိုယ်ဝန်ဆောင် ၍ ဘွား အံ့သော ဝေဒနာ ပြင်း သောကြောင့် အော်ဟစ် လေ၏။
3 ၃ ကောင်းကင်၌ အခြားသော နိမိတ်လက္ခဏာပေါ်လာသည်ကား၊ အဆင်းနီသော နဂါးကြီးသည် ခေါင်း ခုနစ်လုံး၊ ချိုဆယ်ချောင်းနှင့်တကွ ခေါင်းပေါ်၌ သရဖူ ခုနစ်ဆူကို ဆောင်းလျက်ရှိ၏။
၃ကောင်းကင် ၌ အခြား သော နိမိတ် လက္ခဏာပေါ်လာ သည်ကား ၊ အဆင်းနီ သော နဂါး ကြီး သည် ခေါင်း ခုနစ် လုံး၊ ချို ဆယ် ချောင်းနှင့်တကွ ခေါင်း ပေါ်၌ သရဖူ ခုနစ် ဆူကို ဆောင်းလျက်ရှိ ၏။
4 ၄ သူ၏အမြီးသည် ကောင်းကင်ကြယ်သုံးစုတစုကို ဆွဲငင်၍ မြေကြီးသို့ချလိုက်လေ၏။ သားကိုဘွားလုသော မိန်းမသည် ဘွားသောအခါ၊ နဂါးသည် ထိုသားကို ကိုက်စားမည့်အကြံနှင့် မိန်းမရှေ့၌ရပ်နေ၏။
၄သူ ၏အမြီး သည် ကောင်းကင် ကြယ် သုံးစုတစု ကိုဆွဲငင် ၍ မြေကြီး သို့ ချ လိုက်လေ၏။ သားကိုဘွား လု သော မိန်းမသည် ဘွား သောအခါ ၊ နဂါး သည် ထို သား ကို ကိုက်စား မည့်အကြံနှင့် မိန်းမ ရှေ့ ၌ရပ် နေ၏။
5 ၅ ထိုမိန်းမသည် လူမျိုးတကာတို့ကို သံလှံတံနှင့် အုပ်စိုးလတံ့သော သားယောက်ျားကို ဘွားမြင်၏။ ထိုသားကို ဘုရားသခင်ထံသို့၎င်း ၊ ပလ္လင်တော်သို့၎င်း ချီယူတော်မူ၏။
၅ထို မိန်းမသည်လူမျိုး တကာ တို့ကို သံ လှံတံ နှင့် အုပ်စိုး လတံ့ သော သား ယောက်ျား ကို ဘွားမြင်၏ ။ ထို သား ကို ဘုရားသခင် ထံသို့ ၎င်း ၊ ပလ္လင် တော်သို့ ၎င်း ချီယူ တော်မူ၏။
6 ၆ မိန်းမသည် အရက်တထောင်နှစ်ရာခြောက် ဆယ်ပတ်လုံး တော၌ ကျွေးမွေးခြင်းကို ခံရမည်အ ကြောင်း ဘုရားသခင် ပြင်ဆင်တော်မူသော အရပ်သို့ ပြေးလေ၏။
၆မိန်းမ သည် အရက် တစ်ထောင် နှစ်ရာ ခြောက်ဆယ် ပတ်လုံးတော ၌ ကျွေးမွေး ခြင်းကို ခံရမည်အကြောင်း ဘုရားသခင် ပြင်ဆင် တော်မူသော အရပ် သို့ ပြေး လေ၏။
7 ၇ ကောင်းကင်၌ စစ်ဖြစ်၏။ မိက္ခေလနှင့် သူ၏ ကောင်းကင်တမန်တို့သည် နဂါးကို စစ်တိုက်ကြ၏။ နဂါးနှင့် သူ၏တမန်တို့သည် စစ်တိုက်၍ မနိုင်ကြ။ ကောင်းကင်၌လည်းသူတို့နေစရာမရှိ။
၇ကောင်းကင် ၌ စစ် ဖြစ် ၏။ မိက္ခေလ နှင့် သူ ၏ ကောင်းကင်တမန် တို့သည် နဂါး ကို စစ်တိုက် ကြ၏။ နဂါး နှင့် သူ ၏တမန် တို့သည် စစ်တိုက် ၍ မ နိုင် ကြ။ ကောင်းကင် ၌ လည်း သူ တို့နေစရာ မ ရှိ ။
8 ၈ ထိုအခါ ဤလောကတနိုင်ငံလုံးကို လှည့်ဖြား၍ မာရ်နတ်စာတန် အမည်ရှိသော ရှေးမြွေဟောင်းတည်း ဟူသော နဂါးကြီးကို၎င်း၊
၈ထိုအခါဤ လောက တစ်နိုင်ငံလုံး ကို လှည့်ဖြား ၍ မာရ်နတ် စာတန် အမည် ရှိသော ရှေး မြွေ ဟောင်းတည်းဟူသောနဂါး ကြီး ကို၎င်း၊
9 ၉ သူနှင့်အတူ သူ၏တမန်တို့ကို၎င်း၊ မြေကြီးသို့ချလိုက်ကြ၏။
၉သူ နှင့်အတူ သူ ၏တမန် တို့ကို၎င်း၊ မြေကြီး သို့ ချ လိုက်ကြ၏။
10 ၁၀ ကောင်းကင်ဘုံ၌ ကြီးသောအသံကား၊ ယခုမှာ ကယ်တင်ခြင်းဖြစ်၏။ တန်ခိုးတော်လည်းဖြစ်၏။ ငါတို့ ဘုရားသခင်၏ နိုင်ငံတော်နှင့် သူ၏ ခရစ်တော်၏ အာဏာတော်စက်လည်းဖြစ်၏။ အကြောင်းမူကား၊ ငါတို့ညီအစ်ကိုများကို ငါတို့ဘုရားသခင်ရှေ့တော်၌ နေ့ညဉ့်မပြတ် အပြစ်တင်သောရန်သူကို အောက်သို့ ချလေပြီ။
၁၀ကောင်းကင် ဘုံ၌ ကြီး သောအသံ ကား ၊ ယခု မှာ ကယ်တင် ခြင်းဖြစ် ၏။ တန်ခိုး တော်လည်း ဖြစ်၏။ ငါ တို့ ဘုရားသခင် ၏ နိုင်ငံ တော်နှင့် သူ ၏ ခရစ်တော် ၏ အာဏာ တော်စက်လည်းဖြစ်၏။ အကြောင်းမူကား ၊ ငါ တို့ညီအစ်ကို များကို ငါ တို့ဘုရားသခင် ရှေ့ တော်၌ နေ့ ညဉ့် မပြတ်အပြစ်တင် သောရန်သူ ကို အောက်သို့ ချ လေပြီ။
11 ၁၁ သူတို့သည် သိုးသငယ်၏ အသွေးအားဖြင့်၎င်း၊ မိမိတို့သက်သေခံချက် နှုတ်ကပတ်တရားအားဖြင့်၎င်း အောင်မြင်၍၊ အသေခံသည်တိုင်အောင် ကိုယ်အသက်ကို မနှမြောကြ။
၁၁သူ တို့သည် သိုးသူငယ် ၏ အသွေး အားဖြင့် ၎င်း၊ မိမိ တို့သက်သေခံ ချက်နှုတ်ကပတ် တရားအားဖြင့် အောင်မြင် ၍ ၊ အသေခံ သည်တိုင်အောင် ကိုယ် အသက် ကို မ နှမြော ကြ။
12 ၁၂ ထိုကြောင့် ကောင်းကင်နှင့် ကောင်းကင်သားတို့ ရွှင်လန်းကြလော့။ မြေကြီးနှင့် ပင်လယ်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ မာရ်နတ်သည် မိမိကာလ တခဏသာရှိသည်ကို သိ၍၊ ပြင်းစွာသော ဒေါသအမျက်နှင့်တကွ သင်တို့ရှိရာသို့ ဆင်းလေပြီဟု ဆိုကြသည်ကို ငါကြား၏။
၁၂ထိုကြောင့် ကောင်းကင် နှင့် ကောင်းကင် သားတို့ ရွှင်လန်း ကြလော့။ မြေကြီး နှင့် ပင်လယ် သည် အမင်္ဂလာ ရှိ၏။ အကြောင်းမူကား ၊ မာရ်နတ် သည် မိမိကာလ တခဏ သာရှိသည် ကို သိ ၍၊ ပြင်းစွာ သော ဒေါသ အမျက်နှင့်တကွသင် တို့ရှိ ရာသို့ ဆင်း လေပြီဟု ဆိုကြသည်ကို ငါကြား၏။
13 ၁၃ ထိုနဂါးသည် မြေကြီးသို့ ကိုယ်ကျသည်ကို သိမြင်လေသော်၊ သားယောက်ျားကို ဘွားမြင်သော မိန်းမကို ညှဉ်းဆဲ၏။
၁၃ထို နဂါး သည် မြေကြီး သို့ ကိုယ်ကျ သည်ကို သိမြင် လေသော် ၊ သား ယောက်ျားကို ဘွားမြင် သော မိန်းမ ကို ညှဉ်းဆဲ ၏။
14 ၁၄ မိန်းမသည် ထိုမြွေနှင့်လွတ်၍၊ တကာလ၊ နှစ်ကာလ၊ ကာလတဝက်ပတ်လုံး ကျွေးမွေးခြင်းကို ခံရာ အရပ်တည်းဟူသော တောအရပ်သို့ ပျံနိုင်မည့်အကြောင်း၊ ရွှေလင်းတကြီး၏ အတောင်နှစ်ဘက်ကို ရလေ၏။
၁၄မိန်းမ သည် ထို မြွေ နှင့်လွတ်၍၊ တစ်ကာလ ၊ နှစ်ကာလ ၊ ကာလ တစ်ဝက် ပတ်လုံးကျွေးမွေး ခြင်းကို ခံရာ အရပ် တည်းဟူသောတော အရပ် သို့ ပျံ နိုင်မည့် အကြောင်း၊ ရွှေလင်းတ ကြီး ၏ အတောင် နှစ် ဘက်ကို ရ လေ၏။
15 ၁၅ ထိုအခါ၊ မိန်းမကို ရေအဟုန်ဖြင့် မျောသွားစေခြင်းငှါ၊ နဂါးသည် မိမိခံတွင်းထဲက မြေရေစီးသကဲ့သို့ ရေကို မိန်းမနောက်၌ ထုတ်ပစ်လေ၏။
၁၅ထိုအခါ ၊ မိန်းမ ကို ရေ အဟုန်ဖြင့်မျောသွားစေခြင်းငှာ ၊ နဂါး သည် မိမိ ခံတွင်း ထဲက မြစ် ရေစီးသကဲ့သို့ ရေ ကို မိန်းမ နောက် ၌ ထုတ်ပစ် လေ၏။
16 ၁၆ မြေကြီးသည် မိန်းမကို မစ၍ မိမိခံတွင်းကို ဖွင့်ပြီးလျှင်၊ နဂါး၏ ခံတွင်းထဲက ထုတ်ပစ်သော မြစ်ရေ ကို မျိုလေ၏။
၁၆မြေကြီး သည် မိန်းမ ကို မစ ၍ မိမိ ခံတွင်း ကို ဖွင့် ပြီးလျှင် ၊ နဂါး ၏ ခံတွင်း ထဲက ထုတ်ပစ် သော မြစ် ရေကို မျို လေ၏။
17 ၁၇ နဂါးသည် မိန်းမကို အငြိုးထား၏။ ဘုရားသခင်၏ ပညတ်တော်တို့ကို ကျင့်၍ ယေရှု၏ သက်သေခံတော်မူချက်ကို စွဲလမ်းသောသူတည်းဟူသော ထိုမိန်းမ၌ ကြွင်းသော အမျိုးအနွယ်ကို စစ်တိုက်ခြင်းငှါသွား၏။
၁၇နဂါး သည် မိန်းမ ကို အငြိုး ထား၏။ ဘုရားသခင် ၏ ပညတ် တော်တို့ကို ကျင့် ၍ ယေရှု ၏ သက်သေခံ တော်မူချက်ကို စွဲလမ်း သောသူတည်းဟူသောထိုမိန်းမ ၌ ကြွင်း သော အမျိုးအနွယ် ကို စစ်တိုက် ခြင်းငှာ သွား ၏။