< ဗျာဒိတ်ကျမ်း 12 >
1 ၁ ကောင်းကင်၌ ကြီးစွာသော နိမိတ်လက္ခဏာ ဟူမူကား၊ မိန်းမတဦးသည် နေကိုဝတ်လျက်၊ လကို ခြေဖြင့်နင်းလျက်၊ မိမိခေါင်းပေါ်၌ ကြယ်ဆယ်နှစ်လုံးဖြင့်ပြီးသော သရဖူကို ဆောင်းလျက်ပေါ်လာ၏။
Bato kikle kpe-u-to ni shulu iwa wa'a a ka kpama ni irjhi, ni iwha ni ndanza mba nyepli u tsintsen wlon donha nituma.
2 ၂ ထိုမိန်းမသည် ကိုယ်ဝန်ဆောင်၍ ဘွားအံ့သော ဝေဒနာပြင်းသောကြောင့် အော်ဟစ်လေ၏။
A he ni nne, nda sia yi ngrji, gbran yi wu grji vren.
3 ၃ ကောင်းကင်၌ အခြားသော နိမိတ်လက္ခဏာပေါ်လာသည်ကား၊ အဆင်းနီသော နဂါးကြီးသည် ခေါင်း ခုနစ်လုံး၊ ချိုဆယ်ချောင်းနှင့်တကွ ခေါင်းပေါ်၌ သရဖူ ခုနစ်ဆူကို ဆောင်းလျက်ရှိ၏။
Niki mi lato kpe-u-to ni shulu ya! kikle dragon sambran wa a heni tu ton mba njon wlon, ni nyepli tangban nituma.
4 ၄ သူ၏အမြီးသည် ကောင်းကင်ကြယ်သုံးစုတစုကို ဆွဲငင်၍ မြေကြီးသို့ချလိုက်လေ၏။ သားကိုဘွားလုသော မိန်းမသည် ဘွားသောအခါ၊ နဂါးသည် ထိုသားကို ကိုက်စားမည့်အကြံနှင့် မိန်းမရှေ့၌ရပ်နေ၏။
Inghu nama a se ba tsitse iri-ni- tra bi shulu grji hlega ye ni meme. Dragon a kri ni shishi waa yi nne ngrjia nitu anita grjhi, ani tan vivren'a.
5 ၅ ထိုမိန်းမသည် လူမျိုးတကာတို့ကို သံလှံတံနှင့် အုပ်စိုးလတံ့သော သားယောက်ျားကို ဘွားမြင်၏။ ထိုသားကို ဘုရားသခင်ထံသို့၎င်း ၊ ပလ္လင်တော်သို့၎င်း ချီယူတော်မူ၏။
Angrjhi vren, vivren lon, wandi a ti mulki gbungblu wawuu ni ngbala karfe. Ba sran vrema kpahi ni Irjhi ni irjhi, mba hi ni kursiyi ma.
6 ၆ မိန်းမသည် အရက်တထောင်နှစ်ရာခြောက် ဆယ်ပတ်လုံး တော၌ ကျွေးမွေးခြင်းကို ခံရမည်အ ကြောင်း ဘုရားသခင် ပြင်ဆင်တော်မူသော အရပ်သို့ ပြေးလေ၏။
i iwa a tsutsu hi ni miji, ni bubu wa irjhi a mlaati zi niwu, nitu duba mla-u-nji wu vi 1,200.
7 ၇ ကောင်းကင်၌ စစ်ဖြစ်၏။ မိက္ခေလနှင့် သူ၏ ကောင်းကင်တမန်တို့သည် နဂါးကို စစ်တိုက်ကြ၏။ နဂါးနှင့် သူ၏တမန်တို့သည် စစ်တိုက်၍ မနိုင်ကြ။ ကောင်းကင်၌လည်းသူတို့နေစရာမရှိ။
Zizan iku a he ni shulu. Mikailu mba ba maleku ma ba tsi niba ngame.
8 ၈ ထိုအခါ ဤလောကတနိုင်ငံလုံးကို လှည့်ဖြား၍ မာရ်နတ်စာတန် အမည်ရှိသော ရှေးမြွေဟောင်းတည်း ဟူသော နဂါးကြီးကို၎င်း၊
I dragon ana he ni gbengblen tsra wu ri na. niki bubu ana la he niwu mba maleku ma ni shulu na.
9 ၉ သူနှင့်အတူ သူ၏တမန်တို့ကို၎င်း၊ မြေကြီးသို့ချလိုက်ကြ၏။
Kpache dragon-chiche iwan mba, wa ba yondi ibelis koka shetan, wa ani gyur gbungblu wawu ba hwu grjhi ye ni meme, l ba hwu ba maleku maba grji hu.
10 ၁၀ ကောင်းကင်ဘုံ၌ ကြီးသောအသံကား၊ ယခုမှာ ကယ်တင်ခြင်းဖြစ်၏။ တန်ခိုးတော်လည်းဖြစ်၏။ ငါတို့ ဘုရားသခင်၏ နိုင်ငံတော်နှင့် သူ၏ ခရစ်တော်၏ အာဏာတော်စက်လည်းဖြစ်၏။ အကြောင်းမူကား၊ ငါတို့ညီအစ်ကိုများကို ငါတို့ဘုရားသခင်ရှေ့တော်၌ နေ့ညဉ့်မပြတ် အပြစ်တင်သောရန်သူကို အောက်သို့ ချလေပြီ။
Mle mi wo kikle lan rhini shulu “Nizan kpachuwo mba gbegblen ma j. ni mgbrankoson Irjhi mba sarauta Kristi ba ye. Nitu ba tru wa ani tsrowo nitu mrivayiba grji, wawu wa ni nha ba ni shishi Irjhi mbu ni rhi mba chu.
11 ၁၁ သူတို့သည် သိုးသငယ်၏ အသွေးအားဖြင့်၎င်း၊ မိမိတို့သက်သေခံချက် နှုတ်ကပတ်တရားအားဖြင့်၎င်း အောင်မြင်၍၊ အသေခံသည်တိုင်အောင် ကိုယ်အသက်ကို မနှမြောကြ။
Ba rhiwu (nasara) ni iyi vren-tima mba ni lantre u vubla nituma, nitu bana son ki ni sisren mba nda ka tsra ni kwu.
12 ၁၂ ထိုကြောင့် ကောင်းကင်နှင့် ကောင်းကင်သားတို့ ရွှင်လန်းကြလော့။ မြေကြီးနှင့် ပင်လယ်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ မာရ်နတ်သည် မိမိကာလ တခဏသာရှိသည်ကို သိ၍၊ ပြင်းစွာသော ဒေါသအမျက်နှင့်တကွ သင်တို့ရှိရာသို့ ဆင်းလေပြီဟု ဆိုကြသည်ကို ငါကြား၏။
Nitu kima briku, biyi shulu, baba ki nimi. I iyame meme, mba kpantrema, nitu ibelis a grji ye niyi! A shu ni meme nfu, nda to ndi a he ni nton fiime.
13 ၁၃ ထိုနဂါးသည် မြေကြီးသို့ ကိုယ်ကျသည်ကို သိမြင်လေသော်၊ သားယောက်ျားကို ဘွားမြင်သော မိန်းမကို ညှဉ်းဆဲ၏။
Niwa shishi dragon a bwu nitu ndi ba tru grji ye nimeme, a hu iwa wa grji vren lon a ni zu.
14 ၁၄ မိန်းမသည် ထိုမြွေနှင့်လွတ်၍၊ တကာလ၊ နှစ်ကာလ၊ ကာလတဝက်ပတ်လုံး ကျွေးမွေးခြင်းကို ခံရာ အရပ်တည်းဟူသော တောအရပ်သို့ ပျံနိုင်မည့်အကြောင်း၊ ရွှေလင်းတကြီး၏ အတောင်နှစ်ဘက်ကို ရလေ၏။
I banu iwa ngyu hari wu kikle nki nitu du tsutsu hini bubu wa ba mlati zi wu ni mijia. Ni bubu yi yii ba mlaunji wu nton, nton gbugbuwu, mba ngbala nton ri gbangban ni shishi iwan a.
15 ၁၅ ထိုအခါ၊ မိန်းမကို ရေအဟုန်ဖြင့် မျောသွားစေခြင်းငှါ၊ နဂါးသည် မိမိခံတွင်းထဲက မြေရေစီးသကဲ့သို့ ရေကို မိန်းမနောက်၌ ထုတ်ပစ်လေ၏။
Iwan a bwama rhini nyu ma too inne nitu ndi du mma shu nda se iwa hi.
16 ၁၆ မြေကြီးသည် မိန်းမကို မစ၍ မိမိခံတွင်းကို ဖွင့်ပြီးလျှင်၊ နဂါး၏ ခံတွင်းထဲက ထုတ်ပစ်သော မြစ်ရေ ကို မျိုလေ၏။
I meme a zo iwaa. meme a bwu nyuma nda inne wa dragon a sia bwarhuni nyumaa.
17 ၁၇ နဂါးသည် မိန်းမကို အငြိုးထား၏။ ဘုရားသခင်၏ ပညတ်တော်တို့ကို ကျင့်၍ ယေရှု၏ သက်သေခံတော်မူချက်ကို စွဲလမ်းသောသူတည်းဟူသော ထိုမိန်းမ၌ ကြွင်းသော အမျိုးအနွယ်ကို စစ်တိုက်ခြင်းငှါသွား၏။
Niki dragon a vra nfu ni waa nda kuhi tiku ni mbru kpu ma, biwa ba hu gbigbi tre Irjhi nda ni nji vubla kpi nitu Yesu.