< ဗျာဒိတ်ကျမ်း 11 >
1 ၁ တဖန်လှံတံနှင့်တူသော ကျူပင်တလုံးကို ငါ့အား ပေး၍ ငါ့ကို ပြောဆိုသည်ကား၊ ထလော့။ ဘုရားသခင်၏ ဗိမာန်တော်နှင့်ယဇ်ပလ္လင်ကို တိုင်းလော့။ ဗိမာန်တော် ၌ ကိုးကွယ်သော သူတို့ကိုလည်း ရေတွက်လော့။
၁တစ်ဖန်လှံတံ နှင့်တူ သော ကျူပင် တစ်လုံးကို ငါ့ အား ပေး ၍ ငါ့ကို ပြောဆို သည်ကား၊ ထ လော့။ ဘုရားသခင် ၏ ဗိမာန် တော်နှင့် ယဇ်ပလ္လင် ကို တိုင်း လော့။ ဗိမာန် တော် ၌ ကိုးကွယ် သော သူ တို့ကိုလည်း ရေတွက်လော့။
2 ၂ ဗိမာန်တော်တန်တိုင်းကို မတိုင်းနှင့်၊ ပယ်ထားလော့။ တပါးအမျိုးသားတို့၌ အပ်ပေးပြီ။ သူတို့သည် သန့်ရှင်းသော မြို့တော်ကို ၊ လ လေးဆယ်နှစ်လပတ်လုံး နင်းကြလိမ့်မည်။
၂ဗိမာန် တော်တန်တိုင်း ကို မ တိုင်း နှင့်၊ ပယ် ထားလော့။ တစ်ပါး အမျိုးသားတို့၌ အပ်ပေး ပြီ။ သူတို့သည် သန့်ရှင်း သော မြို့ တော်ကို ၊ လ လေးဆယ် နှစ် လပတ်လုံးနင်းကြ လိမ့်မည်။
3 ၃ ငါ၏သက်သေခံနှစ်ပါးကို ငါအခွင့်ပေးမည်။ သူတို့သည် လျှော်တေအဝတ်ကိုဝတ်လျက် ၊ အရက် တထောင်နှစ်ရာခြောက်ဆယ် ပတ်လုံး ပရောဖက်ပြုကြလိမ့်မည်။
၃ငါ ၏သက်သေခံ နှစ် ပါးကို ငါ အခွင့်ပေးမည်။ သူ တို့သည် လျှော်တေ အဝတ်ကိုဝတ် လျက် ၊ အရက် တစ်ထောင် နှစ်ရာ ခြောက်ဆယ် ပတ်လုံးပရောဖက်ပြုကြလိမ့်မည်။
4 ၄ ထိုသူတို့သည်ကား၊ မြေကြီးအရှင်၏ ရှေ့တော် ၌ စိုက်ထားသော သံလွင်ပင်နှစ်ပင်နှင့် မီးခွက်နှစ်လုံး ဖြစ်သတည်း။
၄ထိုသူ တို့သည်ကား၊ မြေကြီး အရှင် ၏ ရှေ့ တော် ၌ စိုက် ထားသော သံလွင် ပင်နှစ် ပင်နှင့် မီးခွက် နှစ် လုံး ဖြစ် သတည်း။
5 ၅ တစုံတယောက်သော သူသည် သူတို့ကို ညှင်းဆဲခြင်းငှါ အလိုရှိလျှင်၊ သူတို့၏ ခံတွင်းထဲကမီးထွက်၍ ရန်သူတို့ကို မျိုတတ်၏။ တစုံတယောက်သော သူသည် ထိုသူတို့ကို ညှဉ်းဆဲခြင်းငှါ အလိုရှိလျှင် ၊ ထိုသို့အသေ သတ်ခြင်းကို ခံရမည်။
၅တစ်စုံတစ်ယောက် သော သူသည် သူ တို့ကို ညှင်းဆဲ ခြင်းငှာအလိုရှိ လျှင် ၊ သူ တို့၏ ခံတွင်း ထဲက မီး ထွက် ၍ ရန်သူ တို့ကို မျို တတ်၏။ တစ်စုံတစ်ယောက် သော သူသည် ထိုသူ တို့ကို ညှဉ်းဆဲ ခြင်းငှာအလိုရှိ လျှင် ၊ ထိုသို့ အသေ သတ်ခြင်းကို ခံရ မည်။
6 ၆ ထိုသူတို့သည် ပရောဖက်ပြုသော နေ့ရက်ကာလ၌ မိုဃ်းမရွာစေခြင်းငှါ၊ မိုဃ်းကောင်းကင်ကို ပိတ်ရသောအခွင့်၊ မြစ်ရေ၊ တွင်းရေကို အသွေးဖြစ်စေ ရသောအခွင့်၊ မိမိတို့အလိုရှိသမျှသောအခါ၌ ဘေးအမျိုး မျိုးဖြင့် မြေကြီးကို ဒဏ်ခတ်ရသော အခွင့်ကို ရကြ၏။
၆ထိုသူ တို့သည် ပရောဖက် ပြုသော နေ့ရက် ကာလ၌ မိုဃ်း မ ရွာ စေခြင်းငှာ ၊ မိုဃ်း ကောင်းကင်ကို ပိတ် ရသောအခွင့် ၊ မြစ်ရေ၊ တွင်းရေ ကိုအသွေး ဖြစ် စေ ရသောအခွင့်၊ မိမိ တို့အလိုရှိသမျှသောအခါ ၌ ဘေး အမျိုးမျိုး ဖြင့် မြေကြီး ကို ဒဏ်ခတ် ရသော အခွင့် ကို ရ ကြ၏။
7 ၇ သူတို့သည် သက်သေခံပြီးသောအခါ၊ အနက်ဆုံးသောတွင်းထဲက တက်သော သားရဲသည် သူတို့ကို စစ်တိုက်၍ အောင်လိမ့်မည်။ အသက်ကိုသတ်ပြီးမှ၊ (Abyssos )
၇သူ တို့သည် သက်သေခံ ပြီး သောအခါ ၊ အနက်ဆုံး သောတွင်းထဲက တက် သော သားရဲ သည်သူ တို့ကို စစ်တိုက် ၍ အောင် လိမ့်မည်။ အသက်ကိုသတ် ပြီးမှ ၊ (Abyssos )
8 ၈ သူတို့သခင်သည် လက်ဝါးကပ်တိုင်မှာ အသေခံတော်မူသော အရပ်တည်းဟူသော သောဒုံဟူ၍၎င်း၊ အဲဂုတ္တုဟူ၍၎င်း အတွင်းအနက်အားဖြင့် ခေါ်ဝေါ်သော မြို့ကြီး၏ လမ်း၌ အလောင်းကောင်တို့သည် နေရစ်ကြလိမ့်မည်။
၈သူ တို့သခင် သည် လက်ဝါးကပ်တိုင် မှာ အသေခံတော်မူသော အရပ် တည်းဟူသောသောဒုံ ဟူ၍၎င်း၊ အဲဂုတ္တု ဟူ၍၎င်း အတွင်းအနက်အားဖြင့်ခေါ်ဝေါ် သော မြို့ ကြီး ၏ လမ်း ၌ အလောင်း ကောင်တို့သည် နေရစ်ကြလိမ့်မည်။
9 ၉ အသီးအသီး ဘာသာစကားကို ပြောသော လူအမျိုးအနွယ်တို့သည် သုံးရက်ခွဲပတ်လုံး အလောင်း ကောင်တို့ကို မြင်ရ၍၊ သင်္ဂြိုဟ်ခြင်းကို မြစ်တားကြလိမ့်မည်။
၉အသီးအသီးဘာသာ စကားကို ပြောသော လူ အမျိုးအနွယ် တို့သည် သုံး ရက် ခွဲ ပတ်လုံးအလောင်း ကောင်တို့ကို မြင် ရ၍၊ သင်္ဂြိုဟ်ခြင်းကို မြစ်တား ကြလိမ့်မည်။
10 ၁၀ မြေကြီးပေါ်မှာနေသော သူတို့သည် ထိုအလောင်းကောင်တို့ကို မြင်သောအခါ၊ ဝမ်းမြောက်၍ ပျော်မွေ့ခြင်းကို ပြုကြလိမ့်မည်။ တယောက်ကိုတယောက် လက်ဆောင်ပေးလိုက်ကြလိမ့်မည်။ အကြောင်းမူကား၊ အထက်က ထိုပရောဖက်နှစ်ပါးတို့သည် မြေကြီးပေါ်မှာ နေသောသူတို့ကို ပြင်းစွာ နှောင့်ရှက်ညှင်းဆဲကြသည်ဟု ငါ့အား ပြောဆိုလေ၏။
၁၀မြေကြီး ပေါ်မှာ နေ သော သူ တို့သည် ထိုအလောင်းကောင်တို့ကို မြင်သောအခါ၊ ဝမ်းမြောက် ၍ ပျော်မွေ့ ခြင်းကို ပြုကြလိမ့်မည်။ တစ်ယောက် ကိုတစ်ယောက် လက်ဆောင် ပေး လိုက်ကြလိမ့်မည်။ အကြောင်းမူကား ၊ အထက်က ထိုပရောဖက် နှစ် ပါးတို့သည် မြေကြီး ပေါ်မှာ နေ သောသူ တို့ကို ပြင်းစွာနှောင့်ရှက် ညှင်းဆဲကြသည်ဟု ငါ့အား ပြောဆိုလေ၏။
11 ၁၁ ထိုနောက်သုံးရက်ခွဲလွန်ပြီးလျှင်၊ ဘုရားသခင့် အထံတော်က အသက်ဝိညာဉ်သည် သူတို့၌ဝင်သဖြင့် ၊ သူတို့သည် မတ်တက်ထ၍ မြင်သမျှသောသူတို့သည် အလွန်ကြောက်ရွံ့ကြ၏။
၁၁ထိုနောက် သုံး ရက် ခွဲ လွန်ပြီးလျှင်၊ ဘုရားသခင့် အထံ တော်က အသက် ဝိညာဉ် သည် သူ တို့၌ ဝင် သဖြင့် ၊ သူတို့သည် မတ်တတ် ထ၍ မြင် သမျှသောသူ တို့သည် အလွန် ကြောက်ရွံ့ ကြ၏။
12 ၁၂ ကောင်းကင်ကထွက်သောအသံကြီးကား၊ ဤအရပ်သို့တက်ကြလော့ဟု မိမိတို့အား ပြောဆိုသည်ကို သူတို့သည်ကြားလျှင်၊ မိုဃ်းတိမ်ဖြင့် ကောင်းကင်သို့ တက်၍ ရန်သူတို့သည် မြင်ကြ၏။
၁၂ကောင်းကင် က ထွက်သောအသံ ကြီး ကား၊ ဤအရပ် သို့တက် ကြလော့ဟု မိမိ တို့အား ပြောဆို သည်ကို သူတို့သည်ကြား လျှင် ၊ မိုဃ်းတိမ် ဖြင့် ကောင်းကင် သို့ တက် ၍ ရန်သူ တို့သည် မြင် ကြ၏။
13 ၁၃ ထိုအချိန်နာရီ၌ ကြီးစွာသော မြေလှုပ်ခြင်း ဖြစ်၍၊ မြို့ရိုးဆယ်စု တစုပြိုလေ၏။ ထိုမြေလှုပ်ခြင်း၌ လူခုနစ်ထောင်သေကြ၏။ ကြွင်းသော သူတို့သည် ကြောက်ရွံ့၍ ကောင်းကင်ဘုံ၏ အရှင်ဘုရားသခင်ကို ချီးမွမ်းကြ၏။
၁၃ထို အချိန် နာရီ၌ ကြီးစွာ သော မြေလှုပ် ခြင်း ဖြစ် ၍ ၊ မြို့ရိုး ဆယ်စု တစ်စုပြို လေ၏။ ထို မြေလှုပ် ခြင်း၌ လူ ခုနစ် ထောင် သေ ကြ၏။ ကြွင်း သော သူတို့သည် ကြောက်ရွံ့ ၍ ကောင်းကင် ဘုံ၏ အရှင်ဘုရားသခင် ကို ချီးမွမ်း ကြ၏။
14 ၁၄ ဒုတိယအမင်္ဂလာလွန်ပြီ။ တတိယအမင်္ဂလာသည် အလျင်အမြန် လာလိမ့်မည်။
၁၄ဒုတိယ အမင်္ဂလာ လွန် ပြီ။ တတိယ အမင်္ဂလာ သည်အလျင်အမြန် လာ လိမ့်မည်။
15 ၁၅ သတ္တမကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ ကောင်းကင်ဘုံ၌ကြီးသော အသံတို့ကား၊ လောကီနိုင်ငံသည် ငါတို့အရှင်၏ နိုင်ငံဖြစ်လေပြီ။ ထိုအရှင်၏ ခရစ်တော်နိုင်ငံဖြစ်လေပြီ။ သူသည်လည်း ကမ္ဘာအဆက်ဆက် စိုးစံတော်မူမည်ဟု ပြောဆိုကြ၏။ (aiōn )
၁၅သတ္တမ ကောင်းကင်တမန် သည် တံပိုး မှုတ်သောအခါ ၊ ကောင်းကင် ဘုံ၌ ကြီး သော အသံ တို့ကား ၊ လောကီ နိုင်ငံ သည် ငါ တို့အရှင် ၏ နိုင်ငံဖြစ် လေပြီ။ ထိုအရှင် ၏ ခရစ်တော် နိုင်ငံဖြစ် လေပြီ။ သူသည်လည်း ကမ္ဘာ အဆက်ဆက်စိုးစံ တော်မူမည်ဟု ပြောဆို ကြ၏။ (aiōn )
16 ၁၆ ဘုရားသခင်ရှေ့တော်၌ မိမိတို့ပလ္လင်ပေါ်မှာထိုင်သော အသက်ကြီးသူ နှစ်ဆယ်လေးပါးတို့သည် ပြပ်ဝပ်၍ ဘုရားသခင်ကို ကိုးကွယ်လျက် ၊
၁၆ဘုရားသခင် ရှေ့ တော်၌ မိမိ တို့ပလ္လင် ပေါ်မှာ ထိုင် သော အသက်ကြီး သူ နှစ်ဆယ် လေး ပါးတို့သည် ပြပ်ဝပ် ၍ ဘုရားသခင် ကို ကိုးကွယ် လျက် ၊
17 ၁၇ အနန္တတန်ခိုးနှင့်ပြည့်စုံ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ်ရှိတော်မူသော ထာဝရအရှင် ဘုရားသခင်၊ ကိုယ်တော်၏ မဟာတန်ခိုးတော်ကို ယူဆောင်၍ စိုးစံတော်မူသော ကျေးဇူးတော်ကို အကျွန်ုပ် တို့သည် ချီးမွမ်းပါ၏။
၁၇အနန္တ တန်ခိုးနှင့်ပြည့်စုံ၍၊ ပစ္စုပ္ပန် ၊ အတိတ် ၊ အနာဂတ်ကာလအစဉ်ရှိတော်မူသော ထာဝရ အရှင် ဘုရားသခင် ၊ ကိုယ်တော် ၏ မဟာတန်ခိုး တော်ကို ယူဆောင် ၍ စိုးစံ တော်မူသော ကျေးဇူး တော်ကို အကျွန်ုပ်တို့သည် ချီးမွမ်းပါ၏။
18 ၁၈ လူမျိုးတို့သည် အမျက်ထွက်ကြသည်ဖြစ်၍၊ အမျက်တော်သည်လည်းရောက်ပါပြီ။ သေလွန်သော သူတို့ကို တရားစီရင်ဆုံးဖြတ်တော်မူ၍၊ ကိုယ်တော်၏ ကျွန်တည်းဟူသော ပရောဖက်တို့အား ၎င်း၊ သန့်ရှင်းသူ တို့အား၎င်း၊ ကိုယ်တော်ကိုကြောက်ရွံ့ရိုသေသော သူအကြီးအငယ်တို့အား၎င်း၊ ဆုကျေးဇူးကို ပေးသနား တော်မူ၍ မြေကြီးကို ဖျက်ဆီးသော သူတို့ကို ဖျက်ဆီးတော်မူသော အချိန်ရောက်ပါပြီဟု လျှောက်ဆိုကြ၏။
၁၈လူမျိုး တို့သည် အမျက်ထွက် ကြသည်ဖြစ်၍ ၊ အမျက် တော်သည်လည်း ရောက် ပါပြီ။ သေ လွန်သော သူ တို့ကို တရား စီရင်ဆုံးဖြတ်တော်မူ၍၊ ကိုယ်တော် ၏ ကျွန် တည်းဟူသောပရောဖက် တို့အား ၎င်း ၊ သန့်ရှင်း သူတို့အား ၎င်း၊ ကိုယ်တော် ကိုကြောက်ရွံ့ ရိုသေသော သူ အကြီး အငယ် တို့အား၎င်း၊ ဆု ကျေးဇူးကို ပေး သနား တော်မူ၍ မြေကြီး ကို ဖျက်ဆီး သော သူ တို့ကို ဖျက်ဆီး တော်မူသောအချိန်ရောက်ပါပြီဟုလျှောက်ဆို ကြ၏။
19 ၁၉ တဖန်ကောင်းကင်ဘုံ၌ ဘုရားသခင်၏ ဗိမာန်တော်ကို ဖွင့်ထား၍၊ ဗိမာန်တော်ထဲမှာ ပဋိညာဉ် သေတ္တာတော် ထင်ရှားလေ၏။ လျှပ်စစ်ပြက်ခြင်း၊ အသံမြည်ခြင်း၊ မိုဃ်းချုပ်ခြင်း၊ မြေလှုပ်ခြင်း၊ အလုံးကြီးစွာသော မိုဃ်းသီးကျခြင်းဖြစ်ကြ၏။
၁၉တဖန်ကောင်းကင် ဘုံ၌ ဘုရားသခင် ၏ ဗိမာန် တော်ကို ဖွင့် ထား၍ ၊ ဗိမာန် တော်ထဲမှာ ပဋိညာဉ် သေတ္တာ တော် ထင်ရှား လေ၏။ လျှပ်စစ် ပြက်ခြင်း၊ အသံမြည် ခြင်း၊ မိုဃ်းချုန်း ခြင်း၊ မြေလှုပ် ခြင်း၊ အလုံးကြီးစွာ သော မိုဃ်းသီး ကျခြင်းဖြစ် ကြ၏။