< ဆာလံ 98 >
1 ၁ ထာဝရဘုရားအား အသစ်သောသီချင်းကို ဆိုကြလော့။ အံ့ဘွယ်သော အမှုတို့ကို ပြုတော်မူပြီ။ လက်ျာလက်တောနှင့် သန့်ရှင်းသော လက်ရုံ့းတော်သည် ကိုယ်တော်အဘို့ ကယ်တင်ခြင်း၊ အမှုကို ပြုလေပြီ။
Ein Psalm. Singet dem HERRN ein neues Lied! Denn er hat Wunder getan; es half ihm seine Rechte und sein heiliger Arm.
2 ၂ ထာဝရဘုရားသည် ကယ်တင်တော်မူခြင်း ကျေးဇူးကို ထင်ရှားစေ၍၊ ဖြောင့်မတ်တော်မူခြင်း တရား ကိုလည်း တပါးအမျိုးသားတို့အား ဘော်ပြတော်မူပြီ။
Der HERR hat sein Heil kundgetan; vor den Augen der Heiden hat er seine Gerechtigkeit offenbart.
3 ၃ ဣသရေလအမျိုးသားတို့၌ ကရုဏာတော်နှင့် သစ္စာတော်ကို အောက်မေ့တော်မူပြီ။ ငါတို့ဘုရားသခင် ၏ ကယ်တင်တော်မူခြင်းကျေးဇူးကို မြေကြီးစွန်းအပေါင်း တို့သည် မြင်ရကြပြီ။
Er hat sich seiner Gnade und Treue gegenüber dem Hause Israel erinnert; aller Welt Enden sehen das Heil unsres Gottes.
4 ၄ မြေကြီးသားအပေါင်းတို့၊ ထာဝရဘုရားအား ကြွေးကြော်ကြလော့။ အသံဗလံကို ပြု၍ ရွှင်လန်းစွာ သီချင်းဆိုလျက် ချီးမွမ်းကြလော့။
Jauchzet dem HERRN, alle Welt; brecht in Jubel aus und singet!
5 ၅ စောင်းတီး၍ထာဝရဘုရားအားသီချင်းဆိုကြလော့။ စောင်းတီး၍ တုရိယာ သံကို ပြုကြလော့။
Singet dem HERRN mit der Harfe, mit der Harfe und mit klangvoller Stimme;
6 ၆ တံပိုးနှဲခရာကိုမှုတ်၍၊ ရှင်ဘုရင်တည်းဟူသော ထာဝရဘုရားရှေ့တော်၌ ကြွေးကြော်ကြလော့။
mit Trompeten und Posaunenschall spielet vor dem König, dem HERRN!
7 ၇ ထာဝရဘုရားရှေ့တော်၌၊ ပင်လယ်နှင့်ပင်လယ် တန်ဆာသည် အသံဗလံကို ပြုစေ။ လောကဓာတ်နှင့် လောကသားတို့သည် ထိုနည်းတူ၊
Es brause das Meer und was darinnen ist, der Erdkreis und die darauf wohnen;
8 ၈ မြစ်တို့သည် လက်ခုပ်တီး၍၊ တောင်ရှိသမျှ တို့သည်လည်း ရွှင်လန်းကြစေ။
die Ströme sollen in die Hände klatschen, alle Berge jubeln vor dem HERRN, weil er kommt, die Erde zu richten!
9 ၉ အကြောင်းမူကား၊ မြေကြီးသားတို့ကို တရား စီရင်ခြင်းငှါ ကြွလာတော်မူ၏။ လောကာသားတို့ကို ဖြောင့်မတ်စွာ စီရင်၍၊ လူများကို ဟုတ်မှန်ခြင်းတရား အတိုင်း စီရင်ဆုံးဖြတ်တော်မူလတံ့။
Er wird den Erdkreis richten mit Gerechtigkeit und die Völker in Geradheit.