< ဆာလံ 97 >
1 ၁ ထာဝရဘုရားသည် စိုးစံတော်မူ၏။ မြေကြီး သည် ဝမ်းမြောက်၍၊ ကျွန်းများတို့သည်လည်း ရွှင်လန်း ကြစေ။
Kasakkung: panuekhoeh BAWIPA ni a uk, talai lunghawi seh. Tuilumnaw hai lunghawi awh naseh.
2 ၂ မိုဃ်းတိမ်နှင့် မှောင်မိုက်တို့သည် ထာဝရဘုရား ၏ ပတ်ဝန်းကျင်တို့၌ရှိကြ၏။ တရားသဖြင့် စီရင်ခြင်း၊ ဖြောင့်မတ်စွာဆုံးဖြတ်ခြင်းသည် ပလ္လင်တော်၏တည်ရာ ဖြစ်၏။
Tâmai hoi hmonae ni a ramuk teh, lannae hoi kângingnae teh a bawitungkhung a kamtuenae doeh.
3 ၃ မီးသည် ရှေ့တော်၌သွား၍၊ ရန်သူတို့ကို အလှည့် လှည့်လောင်လေ၏။
A hmalah hmai a cei teh, ka kalup e tarannaw teh a kak awh.
4 ၄ လျှပ်စစ်တော်သည် လောကဓါတ်ကို လင်းစေ ၏။ မြေကြီးသည် မြင်၍တုန်လှုပ်၏။
Sumpapalik ni talai a ang sak teh, talai ni a hmu toteh a pâyaw.
5 ၅ ထာဝရဘုရားရှေ့၊ မြေကြီးတပြင်လုံးကို အစိုးရ တော်မူသော အရှင်၏ရှေ့တော်၌၊ တောင်တို့သည် ဘယောင်းကဲ့သို့ အရည်ဖြစ်ကြ၏။
Monnaw pueng teh BAWIPA hmalah, talai van pueng teh Bawipa hmalah khoilai patetlah koung a kamyawt.
6 ၆ ဖြောင့်မတ်တော်မူခြင်းအကြောင်းကို ကောင်း ကင်တို့သည် ထင်ရှားစွာပြ၍၊ လူများအပေါင်းတို့သည် ဘုန်းတော်ကို မြင်ရကြ၏။
Kalvan ni a lannae hah a pâpho teh, tami pueng ni a bawilennae hah a hmu awh.
7 ၇ ရုပ်တုဆင်းတုကို ဝတ်ပြုသောသူ၊ အချည်းနှီး သက်သက်သောအရာ၌ ဝါကြွားသောသူ အပေါင်းတို့ သည် အရှက်ကွဲခြင်းရှိကြစေ။ ဘုရားအပေါင်းတို့၊ ထာဝရ ဘုရားကို ပြပ်ဝပ်ကိုးကွယ်ကြလော့။
Meikaphawk thaw ka tawk e pueng, ayawmyin dawk kakâoupnaw pueng teh, kaya laihoi awm awh naseh, cathutnaw pueng ama teh bawk awh haw.
8 ၈ အိုထာဝရဘုရား၊ ကိုယ်တော်သည် တရားစီရင် တော်မူချက်တို့အကြောင်းကြောင့်၊ ဇိအုန်မြို့သည်ကြား၍ ရွှင်လန်းပါ၏။ ယုဒသတို့သမီးတို့လည်း ဝမ်းမြောက်ကြ ပါ၏။
Bangkongtetpawiteh, Oe BAWIPA nange lawkcengnae dawkvah, Zion a lunghawi teh Judah canunaw hai a konawm awh.
9 ၉ အိုထာဝရဘုရား၊ ကိုယ်တော်သည် မြေကြီးသား အပေါင်းတို့ထက် ကြီးမြင့်တော်မူ၏။ ဘုရားတကာတို့ ထက် အလွန်ချီးမြှောက်ခြင်း ရှိတော်မူ၏။
Oe BAWIPA, nang teh talai van pueng hlak a lathueng poung lah na o. Cathut pueng lathueng vah tawm lah na o.
10 ၁၀ ထာဝရဘုရားကို ချစ်သောသူတို့၊ မကောင်း သောအမှုကို ရွံရှာကြလော့။ ကိုယ်တော်၏ သန့်ရှင်းသူတို့ ၏ အသက်ဝိညာဉ်ကို စောင့်မတော်မူ၍၊ မတရားသော သူတို့၏လက်မှလည်း ကယ်နှုတ်တော်မူ၏။
Nangmouh Cathut lungpataw naw, kathoute hah panuet awh nateh, ama ni a tamikathoungnaw e hringnae hah a khetyawt teh, tamikathoutnaw e kut dawk hoi a rungngang.
11 ၁၁ အလင်းသည် တရားသောသူအဘို့၊ ဝမ်းမြောက် ခြင်းသည် သဘောဖြောင့်သော သူတို့အဘို့ ပျိုးကြဲလျက် ရှိ၏။
Tamikalannaw koe a ang teh lungthin kalannaw koe konawmnae teh ouk a pha.
12 ၁၂ ဖြောင့်မတ်သောသူတို့၊ ထာဝရဘုရားကို အမှီပြု ၍ ဝမ်းမြောက်ကြလော့။ သန့်ရှင်းသော နာမတော်ကို ချီးမွမ်းကြလော့။
Nangmouh tami kalannaw, BAWIPA koe konawm awh haw. A min kathoung hah pholen awh.