< ဆာလံ 90 >
1 ၁ အို ဘုရားရှင်၊ ကိုယ်တော်သည် ကာလ အစဉ် အဆက် အကျွန်ုပ်တို့ ခိုလှုံရာ ဖြစ်တော်မူ၏။
हे परमप्रभु, सबै पुस्ताभरि नै तपाईं हाम्रो सरणस्थान हुनुभएको छ ।
2 ၂ တောင်များကို မဘော်၊ မြေကြီးနှင့် လောက ဓာတ်ကို ဖန်ဆင်းတော်မမူမှီ၊ ကိုယ်တော်သည် ရှေးကမ္ဘာ အဆက်ဆက်မှစ၍၊ နောက်ကမ္ဘာ အဆက်ဆက်တိုင် အောင် ဘုရားသခင်ဖြစ်တော်မူ၏။
पहाडहरू बनाउनुअगि वा तपाईंले पृथ्वी र संसारलाई बनाउनुअगि, अनादिदेखि अनन्तसम्म नै तपाईं परमेश्वर हुनुहुन्छ ।
3 ၃ လူမျိုးကိုကား၊ ကြေမွစေတော်မူ၏။ အချင်း လူသားတို့၊ ပြန်ကြလော့ဟု မိန့်တော်မူ၏။
तपाईंले मानिसलाई धूलोमा फर्काउनुहुन्छ, र तपाईं भन्नुहुन्छ, “ए मानवजातिका सन्तानहरू हो, फर्क ।”
4 ၄ ရှေ့တော်၌ အနှစ်တထောင်သည် လွန်ပြီးသော မနေ့ကဲ့သို့၎င်း၊ ညဉ့်ယံတယံကဲ့သို့၎င်း ဖြစ်ပါ၏။
किनकि तपाईंको दृष्टिमा हजार वर्षचाहिं बितेर जाँदा हिजोको दिन र रातको एक पहरजस्तै हो ।
5 ၅ လူတို့ကိုလွှမ်းမိုးတိုက်သွားတော်မူ၏။ သူတို့သည် အိပ်ပျော်ခြင်း ကဲ့သို့ဖြစ်ကြပါ၏။ လူသည်မြက်ပင်ကဲ့သို့ နံနက်အချိန်၌ တိုးပွားတတ်ပါ၏။
तपाईंले तिनीहरूलाई बाढीले झैं बढार्नुहुन्छ र तिनीहरू निदाउँछन् । बिहानमा तिनीहरू उम्रने घाँसहरूजस्तै हुन्छन् ।
6 ၆ နံနက် အချိန်၌ကား၊ ပွင့်လန်း၍ တိုးပွားပါ၏။ ညဦးအချိန်၌ကား၊ ရိတ်၍ညှိုးနွမ်းပါ၏။
बिहानमा त्यो फक्रिन्छ र बढ्छ । साँझमा त्यो ओइलाउँछ र सुक्छ ।
7 ၇ အမျက်တော်ထွက်သောအားဖြင့် အကျွန်ုပ်တို့ သည် ပျက်စီးခြင်းသို့ ရောက်ကြပါ၏။ စိတ်တော်မပြေသော ကြောင့်၊ စိုးရိမ်တုန်လှုပ်ခြင်း ရှိကြပါ၏။
साँच्चै, हामी तपाईंको रिसमा नष्ट भएका छौं र तपाईंको क्रोधमा हामी त्रसित छौं ।
8 ၈ အကျွန်ုပ်တို့၏ ဒုစရိုက်များကို ရှေ့တော်၌၎င်း၊ ဝှက်ထားသော အကျင့်များကို မျက်နှာတော်အလင်း ထဲ၌၎င်း၊ လှန်ထားတော်မူ၏။
तपाईंले हाम्रा अधर्महरू आफ्नो सामु, हाम्रा लुकेका पापहरू आफ्नो उपस्थितिमा राख्नुभएको छ ।
9 ၉ အကျွန်ုပ်တို့သည် အမျက်တော်ကို ခံရသော ကြောင့်၊ နေ့ရက်ကာလရွေ့သွား၍၊ နှစ်များတို့သည် စိတ်ထင်ကဲ့သို့ လွန်တတ်ကြပါ၏။
हाम्रो जीवन तपाईंको क्रोधमा बितेर जान्छ । हाम्रो वर्षहरू सुस्सकेराझैं बित्छ ।
10 ၁၀ အကျွန်ုပ်တို့၏ အသက်အရွယ်သည် အနှစ်ခုနစ် ဆယ် အတိုင်းအရှည်ရှိပါ၏။ အားကြီး၍ အနှစ်ရှစ်ဆယ် ပြည့်သော်လည်း၊ ဝါကြွားခြင်းသည် ပင်ပန်းခြင်းနှင့် ဝမ်းနည်းခြင်း ဖြစ်ပါ၏။ ထို အသက်သည်လည်း မြန်မြန်လွန် ၍၊ အကျွန်ုပ်တို့သည် စုတေ့ကြပါ၏။
हाम्रा आयु सत्तरी वर्ष वा हामी स्वस्थ्य छौं भने असी वर्ष हुन्छ । तर हाम्रा उत्तम वर्षहरू पनि कष्ट र पीडाले पूर्ण छन् । हो, ती चाँडै बितिजन्छन् र हामी उडिजान्छौं ।
11 ၁၁ အမျက်တော်အရှိန်ကို အဘယ်သူ သိပါ သနည်း။ အမျက်ထွက်တော်မူခြင်းကို ကြောက်ရွံ့သင့် သည်အတိုင်း အဘယ်သူ ကြောက်ရွံ့ပါသနည်း။
तपाईंको रिसको प्रचण्डता र तपाईंको भय समानको तपाईंको क्रोध कसले जान्दछ?
12 ၁၂ အကျွန်ုပ်တို့သည် ပညာတရားကို နှလုံးသွင်း မိမည်အကြောင်း၊ ကိုယ်နေ့ရက်ကာလကို ရေတွက်နိုင်စေ ခြင်းငှါ သွန်သင်တော်မူပါ။
त्यसैले हाम्रो जीवनको विचार गर्न हामीलाई सिकाउनुहोस्, ताकि हामी बुद्धिमान् भएर जिउन सकौं।
13 ၁၃ အို ထာဝရဘုရား၊ ပြန်လာတော်မူပါ။ အဘယ် မျှလောက်ကြာရပါမည်နည်း။ ကိုယ်တော်၏ ကျွန်တို့ အတွက် နာကြင်သော စိတ်ရှိတော်မူပါ။
हे परमप्रभु, फर्कनुहोस्! यो कहिलेसम्म हुनेछ? आफ्नो सेवकमाथि दया गर्नुहोस् ।
14 ၁၄ အကျွန်ုပ်တို့ကို ကရုဏာတော်နှင့် အလျင်အမြန် ရောင့်ရဲစေတော်မူပါ။ သို့ပြုလျှင် တသက်လုံးဝမ်းမြောက် ရွှင်လန်းကြပါလိမ့်မည်။
बिहान हामीलाई तपाईंको करारको विश्वस्तताले सन्तुष्ट पार्नुहोस्, ताकि हाम्रो जीवनभरि हामी आनन्दित र खुसी हुन सकौं।
15 ၁၅ အကျွန်ုပ်တို့ကို ညှဉ်းဆဲတော်မူသော နေ့ရက် ကာလ၊ ဒုက္ခခံရခဲ့ပြီးသော နှစ်ပေါင်းများသည်အတိုင်း၊ ဝမ်းမြောက်ရသော အခွင့်ကို ပေးသနားတော်မူပါ။
हामीलाई विपत्तिमा पार्नुभएका दिनहरू र हामीले कष्ट भोगेका वर्षहरू जति थिए त्यति नै हामीलाई खुसी पार्नुहोस् ।
16 ၁၆ အမှုတော်သည် ကိုယ်တော်၏ ကျွန်တို့အား၎င်း၊ ဘုန်းတော်သည် သားမြေးတို့အား၎င်း ထင်ရှားပါစေ သော။
तपाईंको सेवकले तपाईंको काम देखोस् र हाम्रा छोराछोरीले तपाईंको ऐश्वर्य देखून् ।
17 ၁၇ အကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရား၏ ကျေးဇူးတော်သည် အကျွန်ုပ်အပေါ်သို့ ရောက်ပါစေ သော။ အကျွန်ုပ်တို့ပြုသော အမှုတို့ကိုလည်း၊ အကျွန်ုပ်တို့ အဘို့ မြဲမြံစေတော်မူပါ။ ဘုရားသခင်၏လူမောရှေပြုသောပဌနာ။
परमप्रभु परमेश्वरको कृपा हाम्रो होस् । हाम्रा हातका कामहरू फलिफाप होऊन् । वास्तवमा, हाम्रा हातका कामहरू फलिफाप गरिदिनुहोस् ।