< ဆာလံ 88 >
1 ၁ အကျွန်ုပ်ကို ကယ်တင်တော်မူသော ဘုရား သခင် ထာဝရဘုရား၊ အကျွန်ုပ်သည် ရှေ့တော်၌ နေ့ညဉ့် မပြတ် အော်ဟစ်ပါ၏။
Пісня. Псалом. Синів Кореєвих. Для дириґента хору. На „Махалат леаннот“. Пісня навча́льна Ге́мана езрахе́янина. Господи, Боже спасі́ння мого́, вдень я кли́чу й вночі Я перед Тобою:
2 ၂ အကျွန်ုပ်ပြုသောပဌနာသည် အထံတော်သို့ ဝင်ပါစေသော။ အော်ဟစ်သံကို နားထောင်တော်မူပါ။
хай молитва моя дійде перед обличчя Твоє, нахили Своє ухо до зо́йку мого,
3 ၃ အကျွန်ုပ်၏ ဝိညာဉ်သည် ဒုက္ခနှင့်ပြည့်၍၊ အသက်သည်လည်း မရဏနိုင်ငံအနီးသို့ ရောက်ပါပြီ။ (Sheol )
душа бо моя насити́лась нещастями, а життя моє збли́зилося до шео́лу! (Sheol )
4 ၄ အကျွန်ုပ်သည် သင်္ချိုင်းတွင်းထဲသို့ ဆင်းသော သူတို့နှင့်အတူ ရေတွက်ဝင်ခြင်းသို့ ရောက်ပါ၏။ အား ကုန်သော သူကဲ့သို့ ဖြစ်ပါ၏။
Я до тих прирахований став, що в могилу відхо́дять, я став, немов муж той безсилий.
5 ၅ အသေကောင်တို့တွင် ပစ်ထားသောသူ၊ ကွပ် မျက်၍ သင်္ချိုင်းတွင်း၌ အိပ်နေသောသူတည်းဟူသော အောက်မေ့တော်မမူ၊ လက်တော်၏ မစခြင်းနှင့်ကွာဝေး သော သူကဲ့သို့ ဖြစ်ပါ၏။
Я кинений серед померлих, немов оті тру́пи, що в гро́бі лежать, що про них Ти не згадуєш більш, і потя́ті вони від Твоєї руки.
6 ၆ အကျွန်ုပ်ကို အနက်ဆုံးသောတွင်း၊ မှောင်မိုက် ဖုံးလွှမ်း၍ အလွန်နက်နဲသော အရပ်၌ ချထားတော်မူပြီ။
Умісти́в Ти мене в глибоче́зну могилу, до пітьми́ в глибина́х.
7 ၇ အမျက်တော်သည် အကျွန်ုပ်အပေါ်၌ ဖိလျက် ရှိပါ၏။ လှိုင်းတံပိုးတော်အပေါင်းတို့နှင့် နှိပ်စက်တော် မူ၏။
На мене лягла́ Твоя лють, і Ти всіма́ Своїми лама́ннями мучив мене. (Се́ла)
8 ၈ အကျွန်ုပ်၏ အသိအကျွမ်းများကို အဝေးသို့ ရွေ့တော်မူပြီ။ သူတို့အား အကျွန်ုပ်ကို ရွံ့ရှာဖွယ် ဖြစ်စေတော်မူပြီ။ အကျွန်ုပ်သည် အချုပ်ခံရ၍၊ ပြင်သို့ မထွက်ရပါ။
Віддалив Ти від мене знайо́мих моїх, учинив Ти мене за оги́ду для них, Я за́мкнений і не вихо́джу,
9 ၉ အကျွန်ုပ်ခံရေသော ဒုက္ခကြောင့် အကျွန်ုပ် မျက်စိသည် ပျက်ပါ၏။ အို ထာဝရဘုရား၊ ကိုယ်တော်ကို အစဉ်အော်ဟစ်ပါ၏။ အထံတော်သို့ လက်ကိုဆန့်ပါ၏။
стемні́ло з біди моє око. Я кожного дня Тебе кличу, о Господи, простяга́ю до Тебе ру́ки свої!
10 ၁၀ သေလျက်နေသောသူတို့အား အံ့ဘွယ်သော အမှုတို့ကို ပြတော်မူမည်လော။ သင်္ချိုင်းသားတို့သည်ထ၍ ကိုယ်တော်ကို ချီးမွမ်းကြပါမည်လော။
Чи Ти чудо вчиниш померлим? Чи тру́пи встануть і будуть хвали́ти Тебе? (Се́ла)
11 ၁၁ ကရုဏာတော်ကို သင်္ချိုင်းတွင်း၌၎င်း၊ သစ္စာ တော်ကို ပျက်စီးရာအရပ်၌၎င်း ကြားပြောရကြပါ မည်လော။
Хіба милість Твоя буде в гро́бі звіща́тись, а вірність Твоя в аввадо́ні?
12 ၁၂ အံ့ဘွယ်သော အမှုတော်တို့ကို မှောင်မိုက်သော အရပ်၌၎င်း၊ ဖြောင့်မတ်တော်မူခြင်းတရားကို မေ့လျော့ ရာပြည်၌၎င်း သိရကြပါမည်လော။
Чи позна́ється в те́мряві чудо Твоє, а в краю́ забуття́ — справедливість Твоя?
13 ၁၃ အိုထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ် အော်ဟစ်ပါ၏။ နံနက်အချိန်၌ အကျွန်ုပ်၏ ပဌနာသည် ရှေ့တော်သို့ရောက်ပါ၏။
Та я кличу до Тебе, о Господи, і вранці молитва моя Тебе випере́джує.
14 ၁၄ အိုထာဝရဘုရား၊ အကျွန်ုပ်၏ ဝိညာဉ်ကို အဘယ်ကြောင့် ပယ်တော်မူသနည်း။ မျက်နှာတော်ကို အကျွန်ုပ်မှ အဘယ်ကြောင့်လွှဲတော်မူသနည်း။
Для чо́го, о Господи, кидаєш душу мою, ховаєш від мене обличчя Своє?
15 ၁၅ အကျွန်ုပ်သည် ဒုက္ခဝေဒနာကိုခံရ၍ သေဆဲ ရှိပါ၏။ စီရင်တော်မူသောဘေးများကို ငယ်သောအရွယ် ကပင် ခံရ၍ ပင်ပန်းပါ၏။
Нужде́нний я та помираю відма́лку, перено́шу страхіття Твої, я осла́блений став.
16 ၁၆ အမျက်တော်သည် အကျွန်ုပ်ကို လွှမ်းမိုးပါ၏။ စီရင်တော်မူသော ဘေးတို့သည် အကျွန်ုပ်၏ အသက်ကို ညှဉ်းဆဲသည်တိုင်အောင်၊
Перейшли́ надо мною Твої пересе́рдя, страхіття Твої зруйнува́ли мене, —
17 ၁၇ ရေကဲ့သို့ အစဉ်မပြတ်ဝိုင်း၍ တညီတညွတ် တည်း ဝန်းရံကြပါ၏။
вони оточа́ють мене, як вода, увесь день, вони ра́зом мене обляга́ють.
18 ၁၈ ချစ်သောသူနှင့်အဆွေခင်ပွန်းကို အကျွန်ုပ်နှင့် ဝေးဝေးရွှေ့တော်မူပြီ။ အသိအကျွမ်းတို့သည် မှောင်မိုက် ထဲမှာရှိကြပါ၏။
друга й при́ятеля віддалив Ти від мене, знайо́мі мої — як та те́мрява!