< ဆာလံ 88 >

1 အကျွန်ုပ်ကို ကယ်တင်တော်မူသော ဘုရား သခင် ထာဝရဘုရား၊ အကျွန်ုပ်သည် ရှေ့တော်၌ နေ့ညဉ့် မပြတ် အော်ဟစ်ပါ၏။
ကျွန်​တော်​မျိုး​ကို​ကယ်​တင်​တော်​မူ​သော ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​သည်​နေ့​အ​ချိန်​၌​ဟစ်​အော်​၍ ည​အ​ချိန်​၌​ကိုယ်​တော်​ရှင်​၏​ထံ​တော်​သို့ ချဉ်း​ကပ်​ပါ​၏။
2 အကျွန်ုပ်ပြုသောပဌနာသည် အထံတော်သို့ ဝင်ပါစေသော။ အော်ဟစ်သံကို နားထောင်တော်မူပါ။
ကျွန်​တော်​မျိုး​၏​ဆု​တောင်း​ပတ္ထ​နာ​ကို နား​ညောင်း​တော်​မူ​ပါ။ ကူ​မ​တော်​မူ​ရန်​ကျွန်​တော်​မျိုး​အော်​ဟစ်​သံ​ကို နား​ထောင်​တော်​မူ​ပါ။
3 အကျွန်ုပ်၏ ဝိညာဉ်သည် ဒုက္ခနှင့်ပြည့်၍၊ အသက်သည်လည်း မရဏနိုင်ငံအနီးသို့ ရောက်ပါပြီ။ (Sheol h7585)
ကျွန်​တော်​မျိုး​သည်​ဒုက္ခ​ရောက်​ရ​ဖန်​များ​လှ သ​ဖြင့် သေ​လု​ပါ​ပြီ။ (Sheol h7585)
4 အကျွန်ုပ်သည် သင်္ချိုင်းတွင်းထဲသို့ ဆင်းသော သူတို့နှင့်အတူ ရေတွက်ဝင်ခြင်းသို့ ရောက်ပါ၏။ အား ကုန်သော သူကဲ့သို့ ဖြစ်ပါ၏။
ကျွန်​တော်​မျိုး​သည်​သေ​အံ့​ဆဲ​ဆဲ​ဖြစ်​လျက် နေ​သူ​တစ်​ယောက်​ဖြစ်​ပါ​၏။ အား​အင်​လည်း​ကုန်​ခန်း​ပါ​ပြီ။
5 အသေကောင်တို့တွင် ပစ်ထားသောသူ၊ ကွပ် မျက်၍ သင်္ချိုင်းတွင်း၌ အိပ်နေသောသူတည်းဟူသော အောက်မေ့တော်မမူ၊ လက်တော်၏ မစခြင်းနှင့်ကွာဝေး သော သူကဲ့သို့ ဖြစ်ပါ၏။
ကျွန်​တော်​မျိုး​သည်​သူ​သေ​ကဲ့​သို့​ဖြစ်​ပါ​၏။ အ​သတ်​ခံ​ရ​၍​သင်္ချိုင်း​တွင်း​ထဲ​သို့​ရောက်​ရှိ​နေ​သည့် သူ​သေ​ကဲ့​သို့​ဖြစ်​ပါ​၏။ ကိုယ်​တော်​လုံး​ဝ​သ​တိ​မ​ရ​သော​သူ၊ကိုယ်​တော် မ​စ​ရန် မ​ဖြစ်​နိုင်​သော​သူ​ကဲ့​သို့​ဖြစ်​ပါ​၏။
6 အကျွန်ုပ်ကို အနက်ဆုံးသောတွင်း၊ မှောင်မိုက် ဖုံးလွှမ်း၍ အလွန်နက်နဲသော အရပ်၌ ချထားတော်မူပြီ။
ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား အ​မှောင်​ဆုံး၊ အ​နက်​ဆုံး​သော​တွင်း​တည်း​ဟူ​သော​နက်​ရှိုင်း​ရာ သင်္ချိုင်း​တွင်း​ထဲ​သို့​ပစ်​ချ​တော်​မူ​ပါ​ပြီ။
7 အမျက်တော်သည် အကျွန်ုပ်အပေါ်၌ ဖိလျက် ရှိပါ၏။ လှိုင်းတံပိုးတော်အပေါင်းတို့နှင့် နှိပ်စက်တော် မူ၏။
အ​မျက်​တော်​သည်​ကျွန်​တော်​မျိုး​အား​ဖိ​လျက် ရှိ​ပါ​၏။ ကျွန်​တော်​မျိုး​သည်​အ​မျက်​တော်​၏ လှိုင်း​တံ​ပိုး​အောက်​တွင်​ပိ​ပြား​၍​နေ​ပါ​၏။
8 အကျွန်ုပ်၏ အသိအကျွမ်းများကို အဝေးသို့ ရွေ့တော်မူပြီ။ သူတို့အား အကျွန်ုပ်ကို ရွံ့ရှာဖွယ် ဖြစ်စေတော်မူပြီ။ အကျွန်ုပ်သည် အချုပ်ခံရ၍၊ ပြင်သို့ မထွက်ရပါ။
ကျွန်​တော်​မျိုး​အား​မိတ်​ဆွေ​များ​စွန့်​ပစ်​စေ​တော် မူ​ပါ​ပြီ။ ထို​သူ​တို့​၏​ရှေ့​တွင်​ကျွန်​တော်​မျိုး​အား စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ဖြစ်​စေ​တော်​မူ​ပါ​ပြီ။ ကျွန်​တော်​မျိုး​သည်​ပိတ်​မိ​နေ​သ​ဖြင့် မ​လွတ်​မြောက်​နိုင်​တော့​ပါ။
9 အကျွန်ုပ်ခံရေသော ဒုက္ခကြောင့် အကျွန်ုပ် မျက်စိသည် ပျက်ပါ၏။ အို ထာဝရဘုရား၊ ကိုယ်တော်ကို အစဉ်အော်ဟစ်ပါ၏။ အထံတော်သို့ လက်ကိုဆန့်ပါ၏။
ကျွန်​တော်​မျိုး​ခံ​ရ​သော​ဒုက္ခ​ကြောင့်​မျက်​စိ​များ​သည် ပြာ​ဝေ​လျက်​ရှိ​ပါ​၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​နေ့​စဉ်​နေ့​တိုင်း​ကိုယ်​တော်​ရှင် အား​ခေါ်​ပါ​၏။ လက်​အုပ်​ချီ​၍​ကိုယ်​တော်​ထံ​ဆု​တောင်း​ပတ္ထနာ​ပြု​ပါ​၏။
10 ၁၀ သေလျက်နေသောသူတို့အား အံ့ဘွယ်သော အမှုတို့ကို ပြတော်မူမည်လော။ သင်္ချိုင်းသားတို့သည်ထ၍ ကိုယ်တော်ကို ချီးမွမ်းကြပါမည်လော။
၁၀ကိုယ်​တော်​ရှင်​သည်​သူ​သေ​တို့​အ​တွက်​ထူး​ဆန်း​သော နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ​တော်​မူ​ပါ​သ​လော။ သူ​တို့​သည်​သေ​ရာ​မှ​ထ​၍​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​ပြု​ပါ​သ​လော။
11 ၁၁ ကရုဏာတော်ကို သင်္ချိုင်းတွင်း၌၎င်း၊ သစ္စာ တော်ကို ပျက်စီးရာအရပ်၌၎င်း ကြားပြောရကြပါ မည်လော။
၁၁ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော် အ​ကြောင်း​ကို သင်္ချိုင်း​တွင်း​၌​လည်း​ကောင်း၊ ကိုယ်​တော်​ရှင်​၏​သစ္စာ​တော်​အ​ကြောင်း​ကို ပျက်​စီး​ရာ​ဌာ​န​၌​လည်း​ကောင်း ထုတ်​ဖော်​ပြော​ဆို​ခြင်း​ရှိ​ပါ​သ​လော။
12 ၁၂ အံ့ဘွယ်သော အမှုတော်တို့ကို မှောင်မိုက်သော အရပ်၌၎င်း၊ ဖြောင့်မတ်တော်မူခြင်းတရားကို မေ့လျော့ ရာပြည်၌၎င်း သိရကြပါမည်လော။
၁၂ကိုယ်​တော်​ရှင်​၏​ထူး​ဆန်း​သော​နိ​မိတ်​လက္ခ​ဏာ များ​ကို ထို​မှောင်​မိုက်​ရာ​အ​ရပ်​၌​လည်း​ကောင်း၊ ကိုယ်​တော်​၏​ကောင်း​မြတ်​တော်​မူ​ခြင်း​ကို မေ့​လျော့​ရာ​အ​ရပ်​၌​လည်း​ကောင်း​သိ​မြင်​ခြင်း ရှိ​ပါ​သ​လော။
13 ၁၃ အိုထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ် အော်ဟစ်ပါ၏။ နံနက်အချိန်၌ အကျွန်ုပ်၏ ပဌနာသည် ရှေ့တော်သို့ရောက်ပါ၏။
၁၃အို ထာ​ဝ​ရ​ဘု​ရား၊ ကူ​မ​တော်​မူ​ရန်​ကိုယ်​တော်​အား​ဟစ်​ခေါ်​ပါ​၏။
14 ၁၄ အိုထာဝရဘုရား၊ အကျွန်ုပ်၏ ဝိညာဉ်ကို အဘယ်ကြောင့် ပယ်တော်မူသနည်း။ မျက်နှာတော်ကို အကျွန်ုပ်မှ အဘယ်ကြောင့်လွှဲတော်မူသနည်း။
၁၄အို ထာ​ဝ​ရ​ဘု​ရား၊ အ​ဘယ်​ကြောင့်​ကျွန်​တော်​မျိုး​ထံ​မှ​မျက်​နှာ​တော်​ကို လွှဲ​တော်​မူ​ပါ​သ​နည်း။
15 ၁၅ အကျွန်ုပ်သည် ဒုက္ခဝေဒနာကိုခံရ၍ သေဆဲ ရှိပါ၏။ စီရင်တော်မူသောဘေးများကို ငယ်သောအရွယ် ကပင် ခံရ၍ ပင်ပန်းပါ၏။
၁၅ကျွန်​တော်​မျိုး​သည်​ငယ်​စဉ်​က​တည်း​က​ဝေ​ဒ​နာ ခံ​ရ​လျက်​သေ​လု​နီး​ပါး​ဖြစ်​ခဲ့​ပါ​၏။ ကိုယ်​တော်​ရှင်​ပေး​တော်​မူ​သော အ​ပြစ်​ဒဏ်​ကြီး​လေး​မှု​ကြောင့်​ကျွန်​တော်​မျိုး​သည် မော​ပန်း​နွမ်း​နယ်​ပါ​၏။
16 ၁၆ အမျက်တော်သည် အကျွန်ုပ်ကို လွှမ်းမိုးပါ၏။ စီရင်တော်မူသော ဘေးတို့သည် အကျွန်ုပ်၏ အသက်ကို ညှဉ်းဆဲသည်တိုင်အောင်၊
၁၆ကိုယ်​တော်​ရှင်​၏​ပြင်း​ထန်​သော​အ​မျက်​တော်​သည် ကျွန်​တော်​မျိုး​အား​ပြို​လဲ​စေ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​ကြောက်​မက်​ဖွယ်​သော တိုက်​ခိုက်​မှု​များ​သည်​ကျွန်​တော်​မျိုး​အား ချေ​မှုန်း​စေ​ပါ​၏။
17 ၁၇ ရေကဲ့သို့ အစဉ်မပြတ်ဝိုင်း၍ တညီတညွတ် တည်း ဝန်းရံကြပါ၏။
၁၇ယင်း​တို့​သည်​မြစ်​ရေ​လျှံ​သ​ကဲ့​သို့​တစ်​နေ့​လုံး ကျွန်​တော်​မျိုး​အား​ဝိုင်း​ရံ​လျက်​ရှိ​ပါ​၏။ အ​ဘက်​ဘက်​မှ​နေ​၍​ကျွန်​တော်​မျိုး​အ​နီး​သို့ ချဉ်း​ကပ်​လာ​ကြ​ပါ​၏။
18 ၁၈ ချစ်သောသူနှင့်အဆွေခင်ပွန်းကို အကျွန်ုပ်နှင့် ဝေးဝေးရွှေ့တော်မူပြီ။ အသိအကျွမ်းတို့သည် မှောင်မိုက် ထဲမှာရှိကြပါ၏။
၁၈အ​ရင်း​နှီး​ဆုံး​သော​မိတ်​ဆွေ​များ​အား​ပင် လျှင် ကျွန်​တော်​မျိုး​ကို​စွန့်​ပစ်​စေ​တော်​မူ​ပါ​ပြီ။ ကျွန်​တော်​မျိုး​မှာ​မိတ်​ဆွေ​ဖွဲ့​ရန်​မှောင်​မိုက်​သာ​လျှင် ကျန်​ရှိ​ပါ​တော့​၏။

< ဆာလံ 88 >