< ဆာလံ 85 >
1 ၁ အို ထာဝရဘုရား၊ ကိုယ်တော်သည် ပြည်တော် ကိုစိတ်နှင့်တွေ့တော်မူ၍၊ ဘမ်းဆီးသိမ်းသွားခြင်းကို ခံရသော ယာကုပ်အမျိုးသားတို့ကို ပြန်ပို့စေတော်မူပြီ။
In finem, filiis Core, Psalmus. Benedixisti Domine terram tuam: avertisti captivitatem Iacob.
2 ၂ ကိုယ်တော်၏ လူတို့အပြစ်ကိုလွှတ်၍၊ သူတို့၏ ဒုစရိုက်အပေါင်းကိုလည်း ဖုံးအုပ်တော်မူပြီ။
Remisisti iniquitatem plebis tuæ: operuisti omnia peccata eorum.
3 ၃ စိတ်တော်ရှင်းရှင်းပြေ၍၊ အမျက်တော်အရှိန်ကို လျော့စေတော်မူပြီ။
Mitigasti omnem iram tuam: avertisti ab ira indignationis tuæ.
4 ၄ အကျွန်ုပ်တို့ကို ကယ်တင်တော်မူသော ဘုရား၊ တဖန်အကျွန်ုပ်တို့ကို ပြောင်းလဲစေ၍၊ ထွက်ဘူးသော အမျက်တော်ကို ငြိမ်းစေတော်မူပါ။
Converte nos Deus salutaris noster: et averte iram tuam a nobis.
5 ၅ အကျွန်ုပ်တို့၌ အစဉ်အမျက်ထွက်တော်မူမည် လော။ ကာလအစဉ်အဆက် စိတ်တော်မပြေဘဲ နေတော် မူမည်လော။
Numquid in æternum irasceris nobis? aut extendes iram tuam a generatione in generationem?
6 ၆ ကိုယ်တော်၏ လူတို့သည် ကိုယ်တော်ကို အမှီပြု ၍ ဝမ်းမြောက်ပါမည်အကြောင်း၊ တဖန်အကျွန်ုပ်တို့ကို အသက်ရှင်စေတော်မူမည်မဟုတ်လော။
Deus tu conversus vivificabis nos: et plebs tua lætabitur in te.
7 ၇ အိုထာဝရဘုရား၊ အကျွန်ုပ်တို့အား ကရုဏာ တော်ကိုပြ၍၊ ကယ်တင်တော်မူခြင်းကျေးဇူးကို ပြုတော် မူပါ။
Ostende nobis Domine misericordiam tuam: et salutare tuum da nobis.
8 ၈ ထာဝရအရှင် ဘုရားသခင်သည် အဘယ်သို့ မိန့်တော်မူမည်ကို ငါနားထောင်မည်။ အကယ်စင်စစ် မိမိလူ၊ မိမိသန့်ရှင်းသူတို့အား ငြိမ်သက်ခြင်းအကြောင်း ကို မိန့်တော်မူလိမ့်မည်။ သို့ရာတွင်၊ နောက်တဖန် မိုက် သော အကျင့်ကို မကျင့်ကြပါစေနှင့်။
Audiam quid loquatur in me Dominus Deus: quoniam loquetur pacem in plebem suam. Et super sanctos suos: et in eos, qui convertuntur ad cor.
9 ၉ ငါတို့ပြည်၌ ဘုန်းတော်ကျိန်းဝပ်မည်အကြောင်း၊ ကယ်တင်တော်မူခြင်း ကျေးဇူးသည်၊ ဘုရားသခင်ကို ကြောက်ရွံ့သော သူတို့၏အနီးသို့ ဧကန်အမှန် ရောက် လေပြီ။
Verumtamen prope timentes eum salutare ipsius: ut inhabitet gloria in terra nostra.
10 ၁၀ ကရုဏာနှင့်သစ္စာဆုံမိပြီ။ တရားနှင့်ချမ်းသာ သည် တပါးကို တပါးနမ်းကြပြီ။
Misericordia, et veritas obviaverunt sibi: iustitia, et pax osculatæ sunt.
11 ၁၁ သစ္စာသည် မြေကြီးထဲက ပေါက်လိမ့်မည်။ တရားသည်လည်း ကောင်းကင်ပေါ်ကငုံ့ကြည့်လိမ့်မည်။
Veritas de terra orta est: et iustitia de cælo prospexit.
12 ၁၂ အကယ်စင်စစ် ထာဝရဘုရားသည် ကျေးဇူးပြု တော်မူ၍၊ ငါတို့ မြေသည် မိမိဘဏ္ဍာကို ပေးလိမ့်မည်။
Etenim Dominus dabit benignitatem: et terra nostra dabit fructum suum.
13 ၁၃ တရားသည် ရှေ့တော်၌သွား၍ ခြေတော်ရာ တို့ကို ပဲ့ပြင်လိမ့်မည်။
Iustitia ante eum ambulabit: et ponet in via gressus suos.