< ဆာလံ 83 >
1 ၁ အိုဘုရားသခင်၊ တိတ်ဆိတ်စွာနေတော်မမူပါ နှင့်။ အို ဘုရားသခင်၊ အမိန့်တော်မရှိဘဲ ငြိမ်ဝပ်စွာ နေတော်မမူပါနှင့်။
Cantique du psaume d’Asaph. Ô Dieu, qui sera semblable à vous? Ne vous taisez pas, et ne soyez pas retenu, ô Dieu,
2 ၂ ကိုယ်တော်၏ရန်သူတို့သည် ရုန်းရင်းခတ်ပြုကြပါ၏။ ကိုယ်တော်ကို မုန်းသောသူတို့သည် ထကြပါ၏။
Parce que voilà que vos ennemis se sont assemblés en tumulte, ont fait un grand bruit, et que ceux qui vous haïssent ont levé la tête.
3 ၃ ကိုယ်တော်၏ လူစုတဘက်၌ပရိယာယ်ကိုကြံ၍၊ ကိုယ်တော် ကွယ်ကာတော်မူသော သူတို့တဘက်၌ တိုင်ပင်ကြပါ၏။
Contre votre peuple ils ont formé un dessein plein de malice, et ils ont conspiré contre vos saints.
4 ၄ ဣသရေလ၏နာမကို နောက်တဖန်အောက် မေ့စရာမရှိစေခြင်းငှါ လာကြ၊ သူတို့အမျိုးကို ပယ်ဖြတ် ကြကုန်အံ့ဟု ဆိုကြပါ၏။
Ils ont dit: Venez, et perdons-les entièrement, en sorte qu’ils ne soient plus un peuple, qu’on ne se souvienne pas du nom d’Israël, dans la suite.
5 ၅ သဘော တညီတညွတ်တည်း တိုင်ပင်၍၊ ကိုယ် တော်တဘက်၌ အချင်းချင်းသင်းဖွဲ့သော သူဟူမူကား။
Parce qu’ils ont conspiré unanimement, qu’ensemble contre vous ils ont fait alliance,
6 ၆ ဧဒုံပြည်၌နေသောသူ၊ ဣရှမေလအမျိုးသား၊ မောဘပြည်သား၊ ဟာဂရပြည်သား၊
Les tabernacles des Iduméens et les Ismaélites: Moab, et les Agaréniens,
7 ၇ ဂေဗလပြည်သား၊ အမ္မုန်ပြည်သား၊ အာမလက် ပြည်သား၊ တုရုမြို့သားနှင့်တကွ ဖိလိတ္တိ အမျိုးသားတို့ သည် သင်းဖွဲ့ကြပါ၏။
Gébal et Ammon et Amalec: des étrangers avec les habitants de Tyr.
8 ၈ အာရှုရိအမျိုးသားတို့သည်လည်း၊ ဝိုင်း၍ လောတအမျိုးသားတို့ဘက်သို့ ဝင်ကြပါ၏။
Et aussi Assur est venu avec eux: ils ont prêté secours aux fils de Lot.
9 ၉ မိဒျန်အမျိုးကို၎င်း၊ ခိရှုန်ချောင်းနားမှာ သိသရ မင်းနှင့် ယာဘိန်မင်းကို၎င်း ပြုသကဲ့သို့ သူတို့ကို ပြုတော် မူပါ။
Faites-leur comme à Madian et à Sisara; comme à Jabin au torrent de Cisson.
10 ၁၀ ထိုသူတို့သည် အင်္ဒေါရအရပ်၌ ဆုံးရှုံး၍၊ မြေ ပေါ်မှာ နောက်ချေးကဲ့သို့ ဖြစ်ကြပါ၏။
Ils périrent entièrement à Endor: ils devinrent comme un fumier pour la terre.
11 ၁၁ ငါတို့သည် ဘုရားသခင်၏အိမ်များကို ကိုယ်ဘို့ သိမ်းယူကြကုန်အံ့ဟု ဆိုသောဩရဘမင်းနှင့် ဇေဘမင်း ကဲ့သို့၊
Traitez leurs princes comme Oreb, et Zeb, et Zébée, et Salmana: Tous leurs princes,
12 ၁၂ ဤသူတို့၏မှူးမတ်များကို၎င်း၊ ဇေဘဟမင်းနှင့် ဇာလမုန္နမင်း ကဲ့သို့ ဤသူတို့၏ မင်းသားအပေါင်းကို၎င်း ဖြစ်စေတော်မူပါ။
Qui ont dit: Possédons en héritage le sanctuaire de Dieu.
13 ၁၃ အကျွန်ုပ်၏ ဘုရားသခင်၊ လေဘွေ၌ ပါသွား သော အမှိုက်ကဲ့သို့၎င်း၊ လေတိုက်၍ လွင့်သော ဖွဲ့ကဲ့သို့ ၎င်း၊ လေတိုက်၍ လွင့်သောဖွဲ့ကဲ့သို့၎င်း သူတို့ကို ဖြစ်စေ တော်မူပါ။
Mon Dieu, rendez-les comme une roue, et comme une paille devant la face du vent.
14 ၁၄ တောကို မီးရှို့သကဲ့သို့၎င်း၊ တောင်ပေါ်မှာ မီးလောင်သကဲ့သို့၎င်း၊
Comme un feu qui brûle entièrement une forêt, et comme une flamme brûlant entièrement des montagnes;
15 ၁၅ ထိုနည်းတူ၊ မိုဃ်းသက်မုန်တိုင်းတော်အားဖြင့် သူတို့ကိုညှဉ်းဆဲ၍၊ ပြင်းစွာသော လေတော်အားဖြင့် ချောက်လှန့်တော်မူပါ။
Ainsi vous les poursuivrez par votre tempête, et dans votre colère vous les troublerez.
16 ၁၆ အိုထာဝရဘုရား၊ သူတို့မျက်နှာကို ရှက်စေတော် မူ၍ သူတို့သည် နာမတော်ကို ရှာကြပါစေသော။
Remplissez leurs faces d’ignominie, et ils chercheront votre nom, ô Seigneur.
17 ၁၇ စိတ်ပျက်၍ အစဉ်ပင်ပန်းခြင်းရှိကြပါစေသော။ အရှက်ကွဲ၍ ဆုံးရှုံးခြင်းသို့ ရောက်ကြပါစေသော။
Qu’ils rougissent, et qu’ils soient troublés dans les siècles des siècles: qu’ils soient confondus et qu’ils périssent.
18 ၁၈ ထာဝရဘုရားဟူ၍ နာမတော်ရှိသော ကိုယ် တော်တပါးတည်းသာလျှင်၊ မြေကြီးတပြင်လုံးအပေါ်မှာ အမြင့်ဆုံးသောဘုရားဖြစ်တော်မူကြောင်းကို သိကြပါ စေသော။
Et qu’ils sachent que votre nom est le Seigneur, que vous seul êtes le Très-Haut sur toute la terre.