< ဆာလံ 82 >

1 ဘုရားသခင်သည် ဘုရားတို့၏ ပရိသတ်၌ ရပ်လျက် နေတော်မူ၍၊ ဘုရားတို့ အလယ်၌ စီရင်တော်မူ ၏။
מזמור לאסף אלהים נצב בעדת-אל בקרב אלהים ישפט
2 သင်တို့သည် မတရားသော သူတို့၏ မျက်နှာကို ထောက်၍၊ အဘယ်မျှ ကာလပတ်လုံး မတရားသဖြင့် စီရင်ကြမည်နည်း။
עד-מתי תשפטו-עול ופני רשעים תשאו-סלה
3 ဆင်းရဲသော သူနှင့် မိဘမရှိသောသူတို့ကို စောင့်မကြလော့။ ငြိုငြင်သောသူနှင့် ငတ်မွတ်သော သူတို့ဘက်၌ တရားစီရင်ကြလော့။
שפטו-דל ויתום עני ורש הצדיקו
4 ဆင်းရဲသောသူနှင့် ငတ်မွတ်သော သူတို့ကို မတရားသော သူ၏လက်မှ ကယ်နှုတ်ကြလော့။
פלטו-דל ואביון מיד רשעים הצילו
5 သူတို့သည် မသိ၊ နားမလည်ကြ။ မှောင်မိုက်၌ ကျင်လည်ကြ၏။ မြေကြီးတိုက်မြစ်အပေါင်းတို့သည် လှုပ်ရှားလျက်ရှိကြ၏။
לא ידעו ולא יבינו-- בחשכה יתהלכו ימוטו כל-מוסדי ארץ
6 သင်တို့သည် ဘုရားဖြစ်ကြ၏။ ရှိသမျှတို့သည် အမြင့်ဆုံးသော ဘုရား၏သားဖြစ်ကြ၏ဟုငါဆိုသတည်း။
אני-אמרתי אלהים אתם ובני עליון כלכם
7 သို့သော်လည်း၊ သင်တို့သည် လူကဲ့သို့သေ၍၊ အခြားသော မင်းကဲ့သို့ ဆုံးရှုံးခြင်းသို့ရောက်ကြလိမ့်မည်။
אכן כאדם תמותון וכאחד השרים תפלו
8 အိုဘုရားသခင်၊ ထ၍မြေကြီးကို တရားစီရင် တော်မူပါ။ ကိုယ်တော်သည် လူမျိုးအပေါင်းတို့ကို အပိုင် ရတော်မူ၏။
קומה אלהים שפטה הארץ כי-אתה תנחל בכל-הגוים

< ဆာလံ 82 >