< ဆာလံ 81 >
1 ၁ ငါတို့ အစွမ်းသတ္တိတည်းဟူသော ဘုရားသခင် အား ရွှင်လန်းစွာ သီချင်းဆိုကြလော့။ ယာကုပ်အမျိုး၏ ဘုရားသခင်အား ကျူးဧသော အသံကို ပြုကြလော့။
Psalmus Asaph, in finem, pro torcularibus, quinta sabbati. Exultate Deo adiutori nostro: iubilate Deo Iacob.
2 ၂ တုရိယာမျိုးကိုဆောင်ကြ။ ပတ်သာကို၎င်း၊ သာယာသော စောင်းနှင့်တယောကို၎င်း ယူခဲ့ကြ။
Sumite psalmum, et date tympanum: psalterium iucundum cum cithara.
3 ၃ လဆန်းနေ့၊ လပြည့်နေ့၊ ပွဲသဘင်နေ့၌ တံပိုး မှုတ်ကြ။
Buccinate in Neomenia tuba, in insigni die sollemnitatis vestrae:
4 ၄ ထိုသို့ ဣသရေလအမျိုး၌ထုံးဖွဲ့၍၊ ယာကုပ် အမျိုး၏ ဘုရားသခင်သည် ဆုံးဖြတ်တော်မူ၏။
Quia praeceptum in Israel est: et iudicium Deo Iacob.
5 ၅ နားမလည်သော စကားကိုကြားရာအရပ်၊ အဲဂုတ္တုပြည်တဘက်၌ ကြွသွားတော်မူသောအခါ၊ ယောသပ်အမျိုး၌ ထိုသို့သော သက်သေခံချက်ကို စီရင် တော်မူ၏။
Testimonium in Ioseph posuit illud, cum exiret de Terra Aegypti: linguam, quam non noverat, audivit.
6 ၆ ငါသည်သူ၏ ပခုံးကိုဝန်နှင့် လွတ်စေ၏။ သူ၏ လက်ကိုလည်း တင်ခြင်းတို့ အထဲက နှုတ်ယူ၏။
Divertit ab oneribus dorsum eius: manus eius in cophino servierunt.
7 ၇ သင်သည်ဒုက္ခကိုခံရသောအခါ၊ ငါ့ကိုခေါ်၍ ငါသည်ချမ်းသာပေး၏။ မထင်ရှားသော မိုဃ်းကြိုးနေရာ ၌ ငါပြန်ပြော၏။ မေရိဘရေနားမှာ သင့်ကို ငါစုံစမ်း၏။
In tribulatione invocasti me, et liberavi te: exaudivi te in abscondito tempestatis: probavi te apud aquam contradictionis.
8 ၈ ငါ၏လူစု၊ နားထောင်လော့။ ငါမှာထားမည်။ အိုဣသရေလအမျိုး၊ သင်သည် ငါ့စကားကို နားထောင် ပါစေသော။
Audi populus meus, et contestabor te: Israel si audieris me,
9 ၉ သင်၌ တပါးအမျိုး၏ ဘုရားမရှိရ။ တကျွန်း တနိုင်ငံဘုရားကို မကိုးကွယ်ရ။
non erit in te deus recens, neque adorabis deum alienum.
10 ၁၀ ငါသည်သင့်ကို အဲဂုတ္တုပြည်မှ ကယ်နှုတ်ဆောင် ယူခဲ့ပြီးသော သင်၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။ သင်၏နှုတ်ကို ကျယ်ကျယ်ဖွင့်လော့။ ဝပြောစွာ ကျွေး မည်။
Ego enim sum Dominus Deus tuus, qui eduxi te de terra Aegypti: dilata os tuum, et implebo illud.
11 ၁၁ ငါ၏လူများမူကား၊ ငါ့စကားကို နားမထောင် ကြ။ ဣသရေလအမျိုးသည် ငါ့ကိုအလိုမရှိကြပါတကား။
Et non audivit populus meus vocem meam: et Israel non intendit mihi.
12 ၁၂ ငါသည်လည်း ထိုသူတို့ကို သူတို့နှလုံးခိုင်မာ ခြင်း၌ အပ်၍၊ သူတို့သည် မိမိတို့အလိုသို့ လိုက်ကြ၏။
Et dimisi eos secundum desideria cordis eorum, ibunt in adinventionibus suis.
13 ၁၃ ငါ၏လူစုသည် ငါ့စကားကို နားထောင်၍၊ ဣသရေလအမျိုးသည် ငါ့လမ်း၌ လိုက်ပါစေသော။
Si populus meus audisset me: Israel si in viis meis ambulasset:
14 ၁၄ လိုက်လျှင် ငါသည်သူတို့ရန်သူများကို အလျင် အမြန် နှိပ်စက်၍၊ ရန်ဘက်ပြုသောသူတို့ကို ဒဏ်ခတ် မည်။
Pro nihilo forsitan inimicos eorum humiliassem: et super tribulantes eos misissem manum meam.
15 ၁၅ ထာဝရဘုရားကို မုန်းသောသူတို့သည် တောင်း ပန်ခြင်းကို ပြု၍၊ ငါ၏လူတို့သည်လည်း၊ အစဉ်အမြဲ တည်ရသော အခွင့်ရှိကြလိမ့်မည်။
Inimici Domini mentiti sunt ei: et erit tempus eorum in saecula.
16 ၁၆ အကောင်းဆုံးသော ဆန်စပါးနှင့် ငါကျွေးမည်။ ကျောက်ထဲက ထွက်သောပျားရည်နှင့်လည်း ဝပြော စေမည်။
Et cibavit eos ex adipe frumenti: et de petra, melle saturavit eos.