< ဆာလံ 76 >
1 ၁ ယုဒပြည်မှာ ဘုရားသခင်ကို သိကြ၏။ ဣသရေလ တိုင်းမှာ နာမတော်သည် ကြီးမြတ်လေ၏။
Fohiñe e Iehodà ao t’i Andrianañahare; ra’elahy e Israele ao i tahina’ey.
2 ၂ ယေရုရှလင်မြို့မှာ တဲတော်ရှိ၏။ ဇိအုန်တောင် မှာ ကျိန်ဝပ်လျက် နေတော်မူ၏။
E Salema ao ty kivoho’e; e Tsiône ao ty fimoneña’e.
3 ၃ ထိုအရပ်၌ လေးမြှား၊ ဒိုင်းလွှား၊ ထားလက်နက်၊ စစ်အင်္ဂါတို့ကို ချိုးဖျက်တော်မူပြီ။
Teo ty nampipeñafa’e o ana-pale nibebañeo, o kalan-defoñeo, o fibarao, naho o hotakotakeo. Selà
4 ၄ သင်သည် သားရဲနေသော တောင်တို့ထက်ဘုန်းသာ၍ ကြီးမြတ်ပေ၏။
Mireandrean-drehe, am-bolonahetse, mandikoatse ty vohitse aman-tsindroke.
5 ၅ ရဲရင့်သော သူတို့သည် လုယူခြင်း ကို ခံရ၍ အိပ်ပျော်ကြပြီ။ အားကြီးသော သူတစုံ တယောက်မျှ မိမိလက်ကို မတွေ့ရ။
Nivoloseñe o fanalolahio, ie nilañake ty rotse, ndra raik’ amo lahi-maozatseo tsy nahaisake ty fità’e.
6 ၆ ယာကုပ်အမျိုး၏ ဘုရားခင်၊ ကိုယ်တော်ဆုံးမ တော်မူသောအားဖြင့်၊ ရထားစီးသောသူနှင့် မြင်းစီးသော သူတို့သည် ကြီးစွာသော အိပ်ခြင်းဖြင့် အိပ်ပျော်ကြပါ၏။
Ami’ty trevo’o, ry Andrianañahare’ Iakobe, le sindre nitsikorak’ an-drotse ty mpiningitse reke-tsoavala.
7 ၇ ကိုယ်တော်တပါးတည်းသာလျှင် ကြောက်ရွံ ဘွယ်ဖြစ်တော်မူ၏။ အမျက်ထွက်တော်မူသောအခါ၊ ရှေ့တော်၌ အဘယ်သူရပ်နေနိုင်ပါမည်နည်း။
Ihe le Ihe avao ro añeveñañe! Ia ty mahafitroatse añatrefa’o eo te ihe ro viñetse?
8 ၈ ဘုရားသခင်သည် နှိမ့်ချလျက်ရှိသော မြေကြီးသား အပေါင်းတို့ကို ကယ်တင်၍၊
Nampijanjiñe’o boak’ an-dikerañe añe ty zaka, nihembañe ty tane toy vaho nitsiñe,
9 ၉ တရားဆုံးဖြတ်ခြင်းငှါ ထတော်မူသောအခါ၊ တရားဆုံးဖြတ်သံကို ကောင်းကင်ထဲက လွှတ်တော်မူ သဖြင့်၊ မြေကြီးသည် ကြောက်၍ တိတ်ဆိတ်စွာနေပါ၏။
ie nitroatse hizaka t’i Andrianañahare handrombake o mpisotri’ ty tane toio. Selà
10 ၁၀ အကယ်စင်စစ်လူတို့၏ ဒေါသသည် ကိုယ်တော် ကို ချီးမွမ်းလိမ့်မည်။ ကြွင်းသောဒေါသကိုလည်း ခါးပန်း စည်းတော်မူမည်။
Toe handrenge Azo ty haboseha’ ondatio, ho sadiañe’o ty tsy niritse amo haviñerañeo.
11 ၁၁ သစ္စာဂတိပြုကြလော့။ သင်တို့၏ဘုရားခင် ထာဝရဘုရားအား သစ္စာဝတ်ကိုလည်း ဖြေကြလော့။ ကိုယ်တော်၏ ပတ်လည်၌နေသော သူအပေါင်းတို့သည် ကြောက်ရွံ ရိုသေဘွယ်သော ဘုရားထံတော်သို့ လက်ဆောင်ကို ဆောင်ခဲ့ကြစေ။
Mifantà am’Iehovà Andrianañahare’ areo, le henefo; Songa mañengà amy Mampañeveñey o mañohok’ azeo.
12 ၁၂ ထိုဘုရားသည် မင်းသားတို့၏ စိတ်ကို နှိမ့်ချ တော်မူ၏။ လောကီရှင်ဘုရင်တို့၌ ကြောက်ရွံဘွယ် ဖြစ်တော်မူ၏။
Aitoa’e ty kofò’ o roandriañeo; irevendreveña’ o mpanjaka’ ty tane toio.