< ဆာလံ 72 >
1 ၁ အိုဘုရားသခင်၊ ကိုယ်တော်၏ တရားဆုံးဖြတ်ခြင်းနှင့် ဖြောင့်မတ်စွာ စီရင်ခြင်း အခွင့်ကို မင်းသား ဖြစ်သော ရှင်ဘုရင်အား ပေးသနားတော်မူပါ။
Para SalomãoDeus, dá teus juízos ao rei, e tua justiça ao filho do rei.
2 ၂ ထိုမင်းသည် ကိုယ်တော်၏ လူတို့ကို ဖြောင့်မတ်စွာ စီရင်၍၊ ကိုယ်တော်၏ဆင်းရဲသားတို့ကို တရားပေး ပါလိမ့်မည်။
Ele julgará a teu povo com justiça, e a teus aflitos com juízo.
3 ၃ တောင်ကြီးတောင်ငယ်တို့သည် တရားတော်အားဖြင့်၊ ကိုယ်တော်၏ လူတို့အား ချမ်းသာပေးကြ ပါလိမ့်မည်။
Os montes trarão paz ao povo, e os morros [trarão] justiça.
4 ၄ ထိုမင်းသည် ကိုယ်တော်၏ လူတို့တွင် ဆင်းရဲ သားတို့ကို တရားစီရင်လျက်၊ ငတ်မွတ်သောသူတို့၏ သား သမီးများကို ကယ်မ၍၊ ညှဉ်းဆဲသောသူကိုလည်း နှိပ်စက် ပါလိမ့်မည်။
Ele julgará os pobres do povo, livrará os filhos do necessitado, e quebrará o opressor.
5 ၅ နေနှင့်လတည်သမျှသော ကာလပတ်လုံး၊ လူ အစဉ်အဆက်အပေါင်းတို့သည် ကိုယ်တော်ကို ကြောက်ရွံ ကြပါလိမ့်မည်။
Temerão a ti enquanto durarem o sol e a luz, geração após geração.
6 ၆ ထိုမင်း၏ သက်ရောက်ခြင်းသည် ရိတ်သော မြက်ပင်ပေါ်မှာ ရွာသောမိုဃ်းကဲ့သို့၎င်း၊ မြေကို စိုစေ သော မိုဃ်းပေါက်များကဲ့သို့၎င်း ဖြစ်လိမ့်မည်။
Ele descerá como chuva sobre a [erva] cortada, como as chuvas que regam a terra.
7 ၇ လက်ထက်တော်၌ လသည်ပပျောက်ခြင်းသို့ မရောက်မှီတိုင်အောင်၊ တရားသောသူသည် ပွင့်လန်း၍ ချမ်းသာများပြားလိမ့်မည်။
Em seus dias o justo florescerá, e [haverá] abundância de paz, até que não [haja] mais a lua.
8 ၈ ပင်လယ်တပါးမှ တပါးတိုင်အောင်၎င်း၊ မြစ်မှ သည် မြေစွန်းတိုင်အောင်၎င်း အစိုးရတော်မူလိမ့်မည်။
E ele terá domínio de mar a mar; e desde o rio até os limites da terra.
9 ၉ တောတွင်းသားတို့သည် ရှေ့တော်၌ ဦးချ၍၊ ရန်သူတို့သည်လည်း မြေမှုန့်ကို လျက်ကြလိမ့်မည်။
Os moradores dos desertos se inclinarão perante sua presença, e seus inimigos lamberão o pó da terra.
10 ၁၀ တာရှု မင်းတို့နှင့် ပင်လယ်တဘက်၌ နေသော မင်းတို့သည်အခွင်သွင်း၍၊ ဗရှဘမင်းနှင့် သေဘမင်းတို့သည် လည်း လက်ဆောင်ပဏ္ဏာများကို ဆက်ကြ လိမ့်မည်။
Os reis de Társis e das ilhas trarão presentes; os reis de Sabá e Seba apresentarão bens.
11 ၁၁ ထိုမျှမက ရှင်ဘုရင်အပေါင်းတို့သည် ရှေ့တော်၌ ပြပ်ဝပ်၍၊ ခပ်သိမ်းသော လူမျိုးတို့သည် အမှုတော်ကို ထမ်းကြလိမ့်မည်။
E todos os reis se inclinarão a ele; todas as nações o servirão;
12 ၁၂ အကြောင်းမူကား၊ ငတ်မွတ်သောသူ အော်ဟစ် သောအခါ၊ ထိုသူကို၎င်း၊ ကိုးကွယ်ရာမရှိ၍ ဆင်းရဲသော သူကို၎င်း ချမ်းသာပေးတော်မူလိမ့်မည်။
Porque ele livrará ao necessitado que clamar, e também ao aflito que não tem quem o ajude.
13 ၁၃ ဆင်းရဲသောသူနှင့် ငတ်မွတ်သောသူကို သနား၍၊ ငတ်မွတ်သော သူတို့၏ အသက်ကို ကယ်တင်တော် မူလိမ့်မည်။
Ele será piedoso para o pobre e necessitado, e salvará as almas dos necessitados.
14 ၁၄ သူတို့အသက်ကို လှည့်စားခြင်းနှင့်ညှဉ်းဆဲခြင်း၏ လက်မှ ရွေးနှုတ်၍၊ သူတို့အသွေးကို နှမြောတော်မူလိမ့် မည်။
Ele livrará suas almas da falsidade e da violência, e o sangue deles lhe será precioso.
15 ၁၅ အသက်တော်တည်၍ လူများတို့သည် ရှေဘရွှေ ကို ဆက်ခြင်း၊ ကိုယ်တော်အဘို့ အစဉ်မေတ္တာပို့ခြင်း၊ နေ့တိုင်းထောမနာချီးမွမ်းခြင်းတို့ကို ပြုကြလိမ့်မည်။
E ele viverá; e lhe darão ouro de Sabá, e continuamente orarão por ele; o dia todo o bendirão.
16 ၁၆ ပြည်တော်၌ များစွာသော စပါးရှိ၍၊ အသီးအနှံ သည် လေဗနုန် တောကဲ့သို့ တောင်ထိပ်ပေါ်မှာ လှုပ်ရှား လိမ့်မည်။ မြို့သူမြို့သားတို့သည်လည်း၊ မြေ၏မြက်ပင်ကဲ့သို့ စည်ပင်ကြလိမ့်မည်။
Haverá bastante trigo na terra sobre os cumes dos montes; seu fruto brotará como o Líbano; e desde a cidade florescerão como a erva da terra.
17 ၁၇ နာမတော်သည် အစဉ်အမြဲတည်လိမ့်မည်။ နေ သည် တည်သမျှသော ကာလပတ်လုံး နာမတော်တိုးပွား လိမ့်မည်။ ကျေးဇူးတော်အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကိုခံရကြ၏၊ မင်္ဂလာရှိတော်မူသည်ဟု ချီးမွမ်းကြလိမ့်မည်။
Seu nome permanecerá para sempre; enquanto o sol durar, seu nome continuará; e se bendirão nele; todas as nações o chamarão de bem-aventurado.
18 ၁၈ အံ့ဘွယ်သော အမှုတို့ကို တပါးတည်းသာ စီရင် တော်မူသော ထာဝရအရှင်ဘုရားသခင်၊ ဣသရေလအမျိုး၏ ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။
Bendito [seja] o SENHOR Deus, o Deus de Israel! Somente ele faz [tais] maravilhas!
19 ၁၉ ဘုန်းကြီးသော နာမတော်သည်လည်း အစဉ်အမြဲ မင်္ဂလာရှိတော်မူစေသတည်း။ မြေကြီးတပြင်လုံးသည် ဘုန်းတော်နှင့်ပြည့်စုံပါစေသတည်း။ အာမင်နှင့်အာမင်။
E bendito seja seu glorioso nome eternamente; e que sua glória encha toda a terra! Amem, e amém!
20 ၂၀ ယေရှဲ၏ သားဒါဝိဒ် ဆုတောင်းသောပဌနာ စကားပြီး၏။
[Aqui] terminam as orações de Davi, filho de Jessé.