< ဆာလံ 68 >
1 ၁ ဘုရားသခင်ထတော်မူ၍၊ ရန်သူတို့သည် အရပ်ရပ်သို့ ကွဲပြားကြပါစေသော။ ဘုရားသခင်ကို မုန်းသော သူတို့သည် အထံတော်က ပြေးကြပါစေသော။
Az éneklőmesternek; Dávid zsoltára, éneke. Felkél az Isten, elszélednek ellenségei; és elfutnak előle az ő gyűlölői.
2 ၂ မီးခိုးလွှင့်သကဲ့သို့ သူတို့ကို လွှင့်တော်မူပါ။ ဘယောင်းသည် မီးရှေ့မှာ အရည်ဖြစ်သကဲ့သို့၊ မတရားသော သူတို့သည် ဘုရားသခင့်ရှေ့တော်မှာ ပျက်စီးကြပါစေသော။
A mint a füst elszéled, úgy széleszted el őket; a mint elolvad a viasz a tűz előtt, úgy vesznek el a gonoszok Isten elől;
3 ၃ ဖြောင့်မတ်သော သူတို့သည် ဝမ်းမြောက်၍၊ ဘုရားသခင့်ရှေ့တော်မှာ ရွှင်လန်းသော စိတ်နှင့် အလွန် ဝမ်းမြောက်ဝမ်းသာကြပါစေသော။
Az igazak pedig örvendeznek és vígadnak az Isten előtt, és ujjongnak örömmel.
4 ၄ ဘုရားသခင်အား သီချင်းဆိုကြလော့။ နာမတော်ကို ထောမနာသီချင်းဆိုကြလော့။ တော၌စီး၍ ကြွတော်မူသော အရှင်ဘို့ လမ်းကို ပြင်ကြလော့။ ထိုအရှင်၏ နာမတော်ကား၊ ထာဝရဘုရားတည်း။ ရှေ့တော်၌ ရွှင်လန်းကြလော့။
Énekeljetek Istennek, zengedezzetek az ő nevének; csináljatok útat annak, a ki jön a pusztákon át, a kinek Jah a neve, és örüljetek előtte.
5 ၅ ဘုရားသခင်သည် သန့်ရှင်းသော ဘုံဗိမာန်တော်၌ စံပယ်လျက်၊ မိဘမရှိသော သူတို့၏ အဘဖြစ်၍၊ မုတ်ဆိုးမတို့ဘက်မှာ တရားစီရင်တော်မူ၏။
Árváknak atyja, özvegyeknek bírája az Isten az ő szentséges hajlékában.
6 ၆ ဘုရားသခင်သည် ပေါက်ဘော်မရှိသော သူတို့အား အိမ်ထောင်ချခြင်းအခွင့်ကို ပေးတော်မူ၍၊ ချုပ်ထားသော သူတို့ကိုလည်း ကြွယ်ဝခြင်းထဲသို့ သွင်းတော်မူ၏။ ငြင်းဆန်သော သူတို့မူကား၊ သွေ့ခြောက်သော အရပ်၌ နေရကြ၏။
Isten hozza vissza a száműzötteket, kihozza boldogságra a foglyokat; csak az engedetlenek lakoznak sivatag helyen.
7 ၇ အို ဘုရားသခင်၊ ကိုယ်တော်၏လူစုရှေ့မှာ ကြွ၍၊ တော၌ ချီတော်မူသောအခါ၊
Oh Isten, mikor kivonultál a te néped előtt, mikor a pusztába beléptél: (Szela)
8 ၈ ဘုရားသခင်၏ မျက်နှာတော်ကြောင့်၊ မြေကြီး လှုပ်၍ မိုဃ်းကောင်းကင်သည် ယိုစီးလေ၏။ ဣသရေလအမျိုး၏ ဘုရားသခင် မျက်နှာတော်ကြောင့် သိနာတောင်သည်လည်း တုန်လှုပ်၏။
A föld reng vala, az egek is csepegnek vala Isten előtt, ez a Sinai hegy is az Isten előtt, az Izráel Istene előtt.
9 ၉ အိုဘုရားသခင်၊ ကိုယ်တော်သည် မိုဃ်းကို များစွာ ရွာစေ၍၊ ပင်ပန်းသော အမွေတော်လူတို့ကို ထောက်မတော်မူ၏။
Bő záport hintesz vala, oh Isten, a te örökségedre, s a lankadót megújítod vala.
10 ၁၀ ကိုယ်တော်၏ အလုံးအရင်းသည် နေရာကျရကြပါ၏။ အိုဘုရားသခင်၊ ဆင်းရဲသော သူတို့အဘို့ ကျေးဇူးတော်အားဖြင့် ပြင်ဆင်တော်မူ၏။
Benne tanyázott a te gyülekezeted: te szerzéd jóvoltodból a szegénynek, oh Isten!
11 ၁၁ ဘုရားရှင်အမိန့်တော်ရှိ၍၊ ဝမ်းမြောက်စရာ သိတင်းကို ကြားပြောသော သူတို့သည် အတိုင်းမသိ များကြ၏။
Az Úr ad vala szólniok az örömhírt vivő asszonyok nagy csapatának.
12 ၁၂ စစ်အင်္ဂါဗိုလ်ခြေ သခင်ရှင်ဘုရင်တို့သည် အလျင်အမြန် ပြေးကြ၍၊ အိမ်၌ နေရစ်သော မိန်းမတို့သည် လက်ရဥစ္စာကို ဝေမျှကြ၏။
A seregek királyai futnak, futnak: s a házi asszony zsákmányt osztogat.
13 ၁၃ သင်တို့သည် တောင်ကြားမှာ နေရာကျလျက်၊ ငွေနှင့် မွန်းမံသော ချိုးငှက်အတောင်ကဲ့သို့၎င်း၊ နီသော ရွှေနှင့် မွမ်းမံသော အမွေးကဲ့သို့၎င်း၊ ဖြစ်ကြလိမ့်မည်။
Ha cserények között hevertek is: olyanok lesztek, mint a galambnak szárnyai, a melyeket ezüst borít, vagy mint vitorla-tollai, a melyek színarany fényűek.
14 ၁၄ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ဘုရားသည်၊ ရှင်ဘုရင်တို့ကို ကွဲပြားစေတော်မူသောအရပ်သည် ဇာလမုန်တောင်ပေါ်မှာ မိုဃ်းပွင့်ကဲ့သို့ ဖြစ်လေ၏။
Mikor a Mindenható szétszórta benne a királyokat, mintha hó esett volna a Salmonon.
15 ၁၅ ဘုရားသခင်၏ တောင်တည်းဟူသော ဗာရှန်တောင်၊ မြင့်သော ထိပ်များနှင့် ပြည့်စုံသော ဗာရှန်တောင်တို့၊
Isten hegye a Básán hegye; sok halmú hegy a Básán hegye;
16 ၁၆ သင်တို့သည် မြင့်သော တောင်ထိပ်များနှင့် ပြည့်စုံသော်လည်း၊ ဘုရားသခင် ကျိန်းဝပ်ခြင်းငှါ အလိုရှိတော်မူသော တောင်၊ ထာဝရဘုရားသည် အစဉ်အမြဲနေရာချတော်မူသော တောင်တော်ကို အဘယ်ကြောင့် စောင်းမြောင်းကြသနည်း။
Mit kevélykedtek ti sok halmú hegyek? Ezt a hegyet választotta Isten lakóhelyéül; bizony ezen lakozik az Úr mindörökké!
17 ၁၇ ဘုရားသခင်၏ရထားတော်တို့သည် အထောင်အသောင်းမက များကြ၏။ ဘုရားရှင်ပါတော်မူ၏။ သိနာတောင်လည်း သန့်ရှင်းရာဌာနတော်၌ ရှိသတည်း။
Az Isten szekere húszezer, ezer meg ezer; az Úr közöttük van, mint a Sinai hegyen az ő szent hajlékában.
18 ၁၈ ကိုယ်တော်သည် မြင့်သောအရပ်သို့ တက်ကြွတော်မူသဖြင့်၊ များစွာသော သူတို့ကို ဘမ်းသွားတော်မူ၍၊ ထာဝရအရှင် ဘုရားသခင်သည် လူတို့တွင် ကျိန်းဝပ်တော်မူမည်အကြောင်း၊ လူတို့အဘို့မက၊ ပုန်ကန် သော လူတို့အဘို့ ဆုလပ်များကို ခံရတော်မူပြီ။
Felmentél a magasságba, foglyokat vezettél, adományokat fogadtál emberekben: még a pártütők is ide jönnek lakni, oh Uram Isten!
19 ၁၉ ထာဝရဘုရားသည် အစဉ်မင်္ဂလာရှိတော်မူစေသတည်း။ ငါတို့ကို သူတပါး ညှဉ်းဆဲသောအခါ၊ ဘုရားသခင် ကယ်တင်တော်မူ၏။
Áldott legyen az Úr! Napról-napra gondoskodik rólunk a mi szabadításunk Istene! (Szela)
20 ၂၀ ငါတို့၏ ဘုရားသခင်သည် ကယ်တင်နိုင်သော ဘုရားဖြစ်တော်မူ၏။ ဘုရားရှင်ထာဝရဘုရားသည် သေခြင်းသို့ ရောက်သော လမ်းကိုလည်း အစိုးပိုင်တော်မူ၏။
Ez a mi Istenünk a szabadításnak Istene, és az Úr Isten az, a ki megszabadít a haláltól.
21 ၂၁ ဘုရားသခင်သည် မိမိရန်သူတို့၏ ဦးခေါင်းကို၎င်း၊ အပြစ်ပြုမြဲပြုသော သူတို့၏ ဦးသျှောင်ကို၎င်း ဧကန်အမှန် နှိပ်စက်တော်မူမည်။
Csak Isten ronthatja meg az ő ellenségeinek fejét, a bűneiben járónak üstökös koponyáját.
22 ၂၂ သူတို့ကို ဗာရှန်ပြည်က ငါဆောင်ခဲ့ဦးမည်။ နက်နဲသော ပင်လယ်ထဲက ငါဆောင်ခဲ့ဦးမည်။
Azt mondta vala az Úr: Básánból visszahozlak, a tenger mélységéből is kihozlak,
23 ၂၃ ထိုသို့သောအားဖြင့် သင်သည် ရန်သူတို့ အသွေးကို နင်း၍၊ သင်၏ခွေးတို့သည်လည်း လျက်ကြလိမ့် မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
Hogy lábadat veresre fessed a vérben, ebeidnek nyelve az ellenségből lakomázzék.
24 ၂၄ အို ဘုရားသခင်၊ သန့်ရှင်းရာဌာနသို့ ကိုယ်တော်ကြွတော်မူခြင်း၊ အကျွန်ုပ်၏ ဘုရားသခင်၊ အကျွန်ုပ်၏ ရှင်ဘုရင် ကြွတော်မူခြင်းကို မြင်ရကြပါပြီ။
Látták a te bevonulásodat, oh Isten! Az én Istenem, királyom bevonulását a szentélybe.
25 ၂၅ ရှေ့၌ကား၊ သီချင်းဆိုသောသူ၊ နောက်၌ကား၊ စောင်းအမျိုးမျိုးကို တီးသောသူ၊ အလယ်၌ကား၊ ပတ်သာကို တီးသော အပျိုတို့သည် လိုက်သွားကြပါ၏။
Elől mennek vala az éneklők, utánok a húrpengetők, középen a doboló leányok.
26 ၂၆ ဣသရေလအမျိုးသားတို့၊ ပရိသတ်အစည်းအဝေးတို့၌ ထာဝရအရှင် ဘုရားသခင်ကို ကောင်းကြီး ပေးကြလော့။
A gyülekezetekben áldjátok az Istent, az Urat áldjátok, ti Izráel magvából valók!
27 ၂၇ အစိုးရသော ဗင်္ယာမိန်ငယ်မှစ၍၊ မိမိအလုံးအရင်းနှင့်တကွ ယုဒမင်းများ၊ ဇာဗုလုန်မင်းများ နဿလိမင်းများ ပါကြ၏။
Ott a kis Benjámin, a ki uralkodik rajtok, a Júda fejedelmei és az ő gyülekezetök; a Zebulon fejedelmei és a Nafthali fejedelmei.
28 ၂၈ အို ဘုရားသခင်၊ တန်ခိုးတော်ကို ပြတော်မူပါ။ အိုဘုရားသခင်၊ အကျွန်ုပ်တို့၌ ပြုသော ကျေးဇူးတော်ကို တည်စေတော်မူပါ။
Istened rendelte el a te hatalmadat: erősítsd meg, oh Isten, azt, a mit számunkra készítettél!
29 ၂၉ ယေရုရှလင်မြို့၌ရှိသော ဗိမာန်တော်အဘို့ ရှင်ဘုရင်တို့သည် ကိုယ်တော်ထံသို့ လက်ဆောင်များကို ဆောင်ခဲ့ကြပါစေသော။
A te Jeruzsálem felett álló hajlékodból királyok hoznak majd néked ajándékokat.
30 ၃၀ ကျူတောသားရဲကို၎င်း၊ နွားလားဥသဘအစုအဝေးနှင့် လူမျိုးတို့၏ နွားပျိုတို့ကို၎င်း ဆုံးမတော်မူသဖြင့်၊ အသီးအသီးတို့သည် ငွေစနှင့် ကိုယ်ကို နှိမ့်ချကြပါစေသော။ စစ်မှုကို နှစ်သက်သော လူမျိုးတို့ကို အရပ်ရပ်သို့ ကွဲပြားစေတော်မူပါ။
Fenyítsd meg a nádasnak vadját, a bikák csordáját a népek tulkaival egybe, a kik ezüst-rudakkal terpeszkednek; szórd szét a népeket, a kik a háborúban gyönyörködnek.
31 ၃၁ အဲဂုတ္တုပြည်မှ သံတမန်တို့သည် လာကြပါစေသော။ ကုရှပြည်သည် မိမိလက်တို့ကို ဘုရားသခင်ထံ တော်သို့ အလျင်အမြန် ဆန့်ရပါစေသော။
Eljőnek majd a főemberek Égyiptomból; Szerecsenország hamar kinyujtja kezeit Istenhez.
32 ၃၂ မြေကြီးနိုင်ငံတို့၊ ဘုရားသခင့်ရှေ့တော်၌ သီချင်းဆိုကြလော့။
E földnek országai mind énekeljetek Istennek: zengjetek dicséretet az Úrnak! (Szela)
33 ၃၃ အစအဦး၌ အထက်ကောင်းကင်ဘဝဂ်ကို စီး၍ နေတော်မူသော ထာဝရဘုရားကို ထောမနာသီချင်း ဆိုကြလော့။ အသံတော်ကို လွှတ်တော်မူ၍၊ အားကြီးသော အသံဖြစ်၏။
A ki kezdettől fogva az egek egein ül; ímé, onnét szól nagy kemény szóval.
34 ၃၄ ဘုရားသခင်သည် တန်ခိုးကြီးတော်မူသည်ဟု ဝန်ခံကြလော့။ ဣသရေလအမျိုးကို ဘုန်းတော်လွှမ်းမိုး လျက်၊ တန်ခိုးတော်လည်း မိုဃ်းတိမ်တို့တွင် ထင်ရှားလျက် ရှိသတည်း။
Tegyetek tisztességet Istennek, a kinek dicsősége az Izráelen és az ő hatalma a felhőkben van.
35 ၃၅ အို ဘုရားသခင်၊ ကိုယ်တော်သည် သန့်ရှင်းရာဌာနတော်ပြင်မှာ ကြောက်ရွံ့ဘွယ် ဖြစ်တော်မူ၏။ ဣသရေလအမျိုး၏ ဘုရားသခင်ကား၊ မိမိလူတို့အား အခွင့်တန်ခိုးကို မေးတော်မူသော ဘုရား ပေတည်း။ ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။
Rettenetes vagy, oh Isten, a te szent hajlékodból; az Izráelnek Istene ád erőt és hatalmat a népnek. Áldott legyen az Isten!