< ဆာလံ 67 >
1 ၁ ဘုရားသခင်သည် အကျွန်ုပ်တို့ကို သနားခြင်း ကရုဏာစိတ်တော်ရှိသဖြင့်၊ ကောင်းကြီးပေး၍ မျက်နှာတော်၏အလင်းကို လွှတ်တော်မူပါစေသော။
Для дириґента хору. На струнних знаряддях. Псалом. Пісня. Нехай Бог помилує нас, і хай поблагосло́вить, хай засяє над нами обличчям Своїм, (Се́ла)
2 ၂ ထိုသို့သောအားဖြင့် မြေကြီးသားတို့သည် အမှုတော်တို့ကို သိ၍၊ ခပ်သိမ်းသော လူမျိုးတို့သည် ကယ်တင်တော်မူခြင်း ကျေးဇူးကို ခံရကြပါစေသော။
щоб пізнати дорогу Твою на землі, посеред наро́дів усіх — спасі́ння Твоє!
3 ၃ အို ဘုရားသခင်၊ လူများတို့သည် ကိုယ်တော်ကို ချီးမွမ်းကြပါစေသော။ လူများအပေါင်းတို့သည် ကိုယ်တော်ကို ချီးမွမ်းကြပါစေသော။
Хай Тебе вихваля́ють наро́ди, о Боже, хай сла́влять Тебе всі наро́ди!
4 ၄ လူအမျိုးမျိုးတို့သည် ဝမ်းမြောက်၍ ရွှင်လန်းစွာ သီချင်းဆိုကြပါစေသော။ အကြောင်းမူကား၊ ကိုယ်တော်သည် လူတို့ကို ဖြောင့်မတ်စွာ တရားစီရင်၍၊ မြေကြီးပေါ်မှာ ရှိသော လူမျိုးတို့ကို ချမ်းသာပေးတော်မူမည်။
Нехай веселя́ться й співають племе́на, бо Ти правдою су́диш наро́ди й племе́на ведеш на землі! (Се́ла)
5 ၅ အို ဘုရားသခင်၊ လူများတို့သည် ကိုယ်တော်ကို ချီးမွမ်းကြပါစေသော။ လူများအပေါင်းတို့သည် ကိုယ်တော်ကို ချီးမွမ်းကြပါစေသော။
Хай Тебе вихваля́ють наро́ди, о Боже, хай сла́влять Тебе всі наро́ди!
6 ၆ မြေသည် မိမိဘဏ္ဍာကို ပေး၍၊ ဘုရားသခင်တည်းဟူသော ငါတို့၏ဘုရားသခင်သည် ငါတို့ကို ကောင်းကြီးပေးတော်မူ၏။
Земля врожай свій дала́, — Бог поблагослови́в нас, наш Бог!
7 ၇ ဘုရားသခင်သည် ငါတို့ကို ကောင်းကြီးပေးတော်မူဦးမည်။ မြေကြီးစွန်းအပေါင်းတို့သည်လည်း၊ ဘုရားသခင်ကို ကြောက်ရွံ့ကြလိမ့်မည်။
Нехай благословля́є нас Бог, і всі кі́нці землі хай бояться Його!