< ဆာလံ 64 >
1 ၁ အို ဘုရားသခင်၊ အကျွန်ုပ်ဆုတောင်းသော စကားသံကို နားထောင်၍ အကျွန်ုပ်အသက်ကို ရန်သူဘေးမှ ကွယ်ကာစောင့်မတော်မူပါ။
Přednímu z kantorů, žalm Davidův. Slyš, ó Bože, hlas můj, když naříkám, před hrůzou nepřítele ostříhej života mého.
2 ၂ လူဆိုးတို့၏ တိုင်ပင်ရာမှ၎င်း၊ ဒုစရိုက်ကို ပြုလေ့ရှိသော သူတို့၏ စုဝေးရာမှ၎င်း၊ အကျွန်ုပ်ကို ကွယ်ကာတော်မူပါ။
Skrej mne před úklady zlostníků, před zbouřením těch, kteříž páší nepravost,
3 ၃ ထိုသူတို့သည် မိမိတို့လျှာကို ထားကဲ့သို့ သွေးတတ်ကြ၏။
Kteříž naostřili jako meč jazyk svůj, naměřili střelu svou, řeč přehořkou.
4 ၄ စုံလင်သောသူကို မထင်မရှားပစ်မည်အကြံနှင့်၊ ခါးသောစကားတည်းဟူသော မိမိတို့ မြှားကို ရွယ်တတ်ကြ၏။ မကြောက်မရွံ့ဘဲ ချက်ခြင်း ပစ်တတ်ကြ၏။
Aby stříleli z skrýší na upřímého; nenadále naň vystřelují, aniž se koho bojí.
5 ၅ မကောင်းသောအမှုမှာ တယောက်ကိုတယောက် နှိုးဆော်တတ်ကြ၏။ ကျော့ကွင်းတို့ကို ထောင်ထား ခြင်းငှါ တိုင်ပင်၍၊ အဘယ်သူ မြင်လိမ့်မည်နည်းဟု ဆိုတတ်ကြ၏။
Zatvrzují se ve zlém, smlouvají se, jak by poléci mohli osídla, a říkají: Kdo je spatří?
6 ၆ မတရားသော အမှုတို့ကို ကိုယ်အဘို့ စစ်ဆေးရှာဖွေတတ်ကြ၏။ အသီးအသီး စိတ်နှလုံးထဲမှာ ကြံစည်သော အရာတို့သည် အလွန်နက်နဲကြ၏။
Vyhledávají snažně nešlechetnosti, hyneme od ran přelstivých; takť vnitřnost a srdce člověka hluboké jest.
7 ၇ သူတို့၌ ဘုရားသခင် ပစ်တော်မူသော မြှားမှန်၍၊ သူတို့သည် အမှတ်တမဲ့ နာကြလိမ့်မည်။
Ale jakž Bůh vystřelí na ně prudkou střelu, poraženi budou.
8 ၈ သို့ဖြစ်၍ မိမိတို့ လျှာသည် မိမိတို့ကို တိုက်စေ၍၊ မြင်သောသူအပေါင်းတို့သည် ပြေးသွားကြလိမ့်မည်။
A ku pádu je přivede vlastní jazyk jejich; vzdálí se jich každý, kdož by je viděl.
9 ၉ လူအပေါင်းတို့သည်လည်း ကြောက်ရွံ့၍၊ ဘုရားသခင်စီရင်တော်မူကြောင်းကို နားလည်သဖြင့် အမှုတော်ကို ကြားပြောကြလိမ့်မည်။
I budou se báti všickni lidé, a ohlašovati skutek Boží, a k srozumívání dílu jeho příčinu dadí.
10 ၁၀ ဖြောင့်မတ်သောသူသည် ထာဝရဘုရား၌ ဝမ်းမြောက်၍ ခိုလှုံလိမ့်မည်။ သဘောဖြောင့်သော သူအပေါင်းတို့သည် ဝါကြွားကြလိမ့်မည်။
Spravedlivý pak veseliti se bude v Hospodinu, a v něm doufati, anobrž chlubiti se budou všickni, kteříž jsou upřímého srdce.