< ဆာလံ 62 >
1 ၁ အကယ်စင်စစ် ငါ့ဝိညာဉ်သည် ဘုရားသခင်ရှေ့မှာ ငြိမ်ဝပ်စွာ နေတတ်၏။ ငါ့ကို ကယ်တင်ခြင်း အကြောင်းသည် အထံတော်က သက်ရောက်ရ၏။
Az éneklőmesternek, Jedutun szerint; Dávid zsoltára. Csak Istenben nyugoszik meg lelkem; tőle van az én szabadulásom.
2 ၂ အကယ်စင်စစ် ဘုရားသခင်သည် ငါ၏ကျောက်၊ ငါ့ကို ကယ်တင်ခြင်းအကြောင်း၊ ငါ့ခိုလှုံရာဖြစ်တော် မူ၍၊ ငါ၌ လှုပ်ရှားခြင်းများစွာ မရှိရာ။
Csak ő az én kősziklám és szabadulásom; ő az én oltalmam, azért nem rendülök meg felettébb.
3 ၃ သင်တို့သည် အဘယ်မျှကာလပတ်လုံး တယောက်သောသူကို တိုက်ကြမည်နည်း။ သူ့ကို တိမ်းသော အုပ်ရိုး၊ လှုပ်သော ထရံကဲ့သို့ မှတ်၍၊ သင်တို့အပေါင်းသည် အဘယ်မျှကာလပတ်လုံး ဖြိုဖျက် ကြမည်နည်း။
Meddig támadtok még egy ember ellen; meddig törtök ellene valamennyien, mint meghanyatlott fal és dűlő kerítés ellen?
4 ၄ ထိုသူကို မြင့်သော အရပ်က လှဲခြင်းငှါ ကြံစည်လျက် နေကြ၏။ မုသာကို နှစ်သက်ကြ၏။ နှုတ်ဖြင့်ကား၊ ကောင်းကြီးကို ပေးလျက်၊ နှစ်လုံး၌ကြား၊ ကျိန်ဆဲခြင်းကို ပြုတတ်ကြ၏။
Csak arról tanácskoznak, mimódon vessék őt le méltóságából; szeretik a hazugságot; szájukkal áldanak, szívükben átkoznak. (Szela)
5 ၅ အကယ်စင်စစ် ငါ့ဝိညာဉ်သည် ဘုရားသခင်ရှေ့မှာ ငြိမ်ဝပ်စွာ နေတတ်၏။ ငါမြော်လင့်ခြင်း အကြောင်းသည် အထံတော်က သက်ရောက်ရ၏။
Csak Istenben nyugodjál meg lelkem, mert tőle van reménységem.
6 ၆ အကယ်စင်စစ် ဘုရားသခင်သည် ငါ၏ကျောက်၊ ငါ့ကို ကယ်တင်ခြင်းအကြောင်း၊ ငါခိုလှုံရာဖြစ်တော် မူ၍၊ ငါသည် လှုပ်ရှားခြင်းမရှိရာ။
Csak ő az én kősziklám és szabadulásom; ő az én oltalmam, azért nem rendülök meg.
7 ၇ ငါ့ကို ကယ်တင်ခြင်းအကြောင်း၊ ငါ၏ဘုန်းပွင့်ခြင်းအကြောင်းကား ဘုရားသခင်ပေတည်း။ ငါ့ကို အားပေးသောကျောက်၊ ငါခိုလှုံရာကား ဘုရားသခင်ပေတည်း။
Istennél van szabadulásom és dicsőségem; az én erős kősziklám, az én menedékem Istenben van.
8 ၈ အိုလူများတို့၊ ဘုရားသခင်၌ အစဉ်မပြတ် ခိုလှုံကြလော့။ ရှေ့တော်၌ စိတ်နှလုံးကို ဖွင့်ပြကြလော့။ ဘုရားသခင်သည် ငါတို့ ခိုလှုံရာဖြစ်တော်မူ၏။
Bízzatok ő benne mindenkor, ti népek; öntsétek ki előtte szíveteket; Isten a mi menedékünk. (Szela)
9 ၉ အကယ်စင်စစ် ယုတ်ညံ့သော သူတို့သည် အနတ္တ၊ အသရေရှိသော သူတို့သည် မုသာဖြစ်ကြ၏။ ချိန်ခွင်နှင့် ချိန်စက်လျှင် ထိုသူအပေါင်းတို့သည် အနတ္တထက် သာ၍ ပေါ့ကြ၏။
Bizony hiábavalók a közembernek fiai és hazugok a főembernek fiai; ha mérőserpenyőbe vettetnek, mind alábbvalók a semminél.
10 ၁၀ ညှဉ်းဆဲခြင်းကို မကိုးစားကြနှင့်။ အနိုင်အထက်လုယူ၍ မဝါကြွားကြနှင့်။ ဥစ္စာများပြားလျှင် စိတ်စွဲလမ်းခြင်း မရှိကြနှင့်။
Ne bízzatok zsarolt javakban, és rablott jószággal ne kevélykedjetek; a vagyonban, ha nő, ne bizakodjatok;
11 ၁၁ ဘုရားသခင်သည် တကြိမ် ဗျာဒိတ်ပေးတော်မူပြီ။ နှစ်ကြိမ်မြောက် ငါကြားရသော ဗျာဒိတ်တော်ဟူမူ ကား၊ တန်ခိုးသည် ဘုရားသခင်၌ ရှိ၏။
Egyszer szólott az Isten, kétszer hallottam ugyanazt, hogy a hatalom az Istené.
12 ၁၂ အို ထာဝရဘုရား၊ ကိုယ်တော်သည် ကရုဏာနှင့် ပြည့်စုံတော်မူ၏။ ကိုယ်တော်သည် လူအသီးအသီးတို့ အား သူတို့အကျင့်နှင့်အလျောက် အကျိုးအပြစ်ကို ဆပ်ပေးတော်မူ၏။
Tiéd Uram a kegyelem is. Bizony te fizetsz meg mindenkinek az ő cselekedete szerint!