< ဆာလံ 61 >
1 ၁ အို ဘုရားသခင်၊ အကျွန်ုပ်အော်ဟစ်ခြင်းကို နားထောင်၍ အကျွန်ုပ်၏ ပဌနာစကားကို မှတ်တော်မူပါ။
Müzik şefi için - Telli sazlarla - Davut'un mezmuru Ey Tanrı, yakarışımı işit, Duama kulak ver!
2 ၂ စိတ်နှလုံးညှိုးငယ်လျက် မြေကြီးစွန်းမှ ကိုယ်တော်ကို အကျွန်ုပ်အော်ဟစ်ပါ၏။ အကျွန်ုပ်အထက်၌ မြင့်သော ကျောက်သို့ အကျွန်ုပ်ကို ပို့ဆောင်တော်မူပါ။
Sana seslenirim yeryüzünün öbür ucundan, Yüreğime hüzün çökünce. Erişemeyeceğim yüksek bir kayaya çıkar beni,
3 ၃ ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာ၊ ရန်သူတို့ရှေ့မှာ ခိုင်ခံ့သော ရဲတိုက်ဖြစ်တော်မူ၏။
Çünkü sen benim için sığınak, Düşmana karşı güçlü bir kule oldun.
4 ၄ တဲတော်၌ အစဉ်နေပါမည်။ အတောင်တော်ဖုံးအုပ်ရာ၌ ခိုလှုံပါမည်။
Çadırında sonsuza dek oturmak Ve kanatlarının gölgesine sığınmak isterim. (Sela)
5 ၅ အို ဘုရားသခင်၊ အကျွန်ုပ်ပြုသော သစ္စာဂတိတို့ကို ကြားတော်မူ၏။ နာမတော်ကို ကြောက်ရွံ့သော သူတို့၏အမွေကို အကျွန်ုပ်အား ပေးတော်မူလိမ့်မည်။
Çünkü sen, ey Tanrı, adaklarımı duydun, Adından korkanların mirasını bana verdin.
6 ၆ ရှင်ဘုရင်၏ အသက်နေ့ရက်ကာလကို ရှည်စေတော်မူ၍၊ နှစ်စဉ်မပြတ် နိစ္စထာဝရ တည်ပါစေသော။
Kralın günlerine gün kat, Yılları yüzyıllar olsun!
7 ၇ ဘုရားသခင် ရှေ့တော်၌ အနန္တကာလပတ်လုံး နေတော်မူစေသတည်း။ ကရုဏာနှင့် သစ္စာတော်သည် သူ့ကို စောင့်မစေသတည်း။
Tanrı'nın huzurunda sonsuza dek tahtında otursun; Onu sevgin ve sadakatinle koru!
8 ၈ သို့ဖြစ်၍ နေ့ရက်အစဉ်အတိုင်း သစ္စာဝတ်ကို ဖြေခြင်းငှါ၊ နာမတော်ကို အစဉ်အမြဲ ထောမနာသီချင်း ဆိုပါလေအံ့သတည်း။
O zaman adını hep ilahilerle öveceğim, Her gün adaklarımı yerine getireceğim.