< ဆာလံ 60 >
1 ၁ အိုဘုရားသခင်၊ ကိုယ်တော်သည် အမျက်ထွက်သဖြင့်၊ အကျွန်ုပ်တို့ကို စွန့်ပစ်၍ အရပ်ရပ်သို့ ကွဲပြားစေတော်မူပြီ။ တဖန် အကျွန်ုပ်တို့ကို အသက်ရှင်စေတော်မူပါ။
Davidin kultainen kappale, edelläveisaajalle, kultaisesta seppeleen kukkaisesta opettamaan, Kuin hän oli sotinut Syrialaisten kanssa Mesopotamiasta, ja Zoban Syrialaisten kanssa; kuin Joab palasi, ja löi Suolalaaksossa kaksitoistakymmentä tuhatta Edomilaista. Jumala, sinä joka olet meitä lykännyt pois, hajoittanut meitä ja ollut vihainen, palaja taas meidän tykömme.
2 ၂ မြေကြီးကို လှုပ်၍ ခွဲတော်မူပြီ။ ကွဲအက်ရာတို့ကို တဖန် စေ့စပ်စေတော်မူပါ။ တုန်လှုပ်လျက် ရှိပါသေး၏။
Sinä joka maan liikuttanut ja halaissut olet, paranna hänen rakonsa, joka niin haljennut on.
3 ၃ ကိုယ်တော်၏လူတို့ကို ခက်ထန်စွာ စီရင်၍၊ မှိုင်တွေခြင်း စပျစ်ရည်ကို တိုက်တော်မူပြီ။
Sinä olet kansalles kovuutta osoittanut, ja meitä kompastuksen viinalla juottanut.
4 ၄ ကိုယ်တော်ကို ကြောက်ရွံ့သောသူတို့သည် သစ္စာတရားကြောင့် ထူရသော အလံကို ပေးသနားတော် မူပြီ။
Sinä annoit lipun niille, jotka sinua pelkäävät, jolla he itsensä ojensivat ylös, totuuden tähden, (Sela)
5 ၅ ချစ်တော်မူသော သူတို့သည် ချမ်းသာရမည်အကြောင်း၊ အကျွန်ုပ်စကားကို နားထောင်၍၊ လက်ျာလက်ရုံးတော်အားဖြင့် ကယ်တင်တော်မူပါ။
Että sinun ystäväs vapahdetuksi tulisivat: niin auta nyt oikialla kädelläs, ja kuule meidän rukouksemme.
6 ၆ သန့်ရှင်းခြင်းပါရမီတော်ကို တိုင်တည်၍ ဘုရားသခင်သည် ဗျာဒိတ်ထားတော်မူသောကြောင့်၊ ငါသည် ဝမ်းမြောက်မည်။ ရှေခင်မြို့ကို ပိုင်းခြားမည်။ သုကုတ်လယ်ပြင်ကို တိုင်းထွာမည်။
Jumala on puhunut pyhässänsä, siitä minä iloitsen: minä tahdon jakaa Sikemin ja mitata Sukkotin laakson.
7 ၇ ဂိလဒ်ပြည်ကို ငါပိုင်ရ၏။ မနာရှေပြည်ကိုလည်း ငါပိုင်ရ၏။ ဧဖရိမ်ပြည်ကား၊ ငါ့ဦးခေါင်း၏အစွမ်း ဖြစ်ရ၏။ ယုဒပြည်ကား၊ ငါ၏ လွှတ်တော်ဖြစ်ရ၏။
Gilead on minun, minun on Manasse, Ephrain on minun pääni voima: Juuda on minulle lainopettaja.
8 ၈ မောဘပြည်ကား၊ ငါ့ရေချိုးအိုးဖြစ်ရ၏။ ဧဒုံပြည်ကား၊ ငါ့ခြေနင်းရာ ဖြစ်ရ၏။ ဖိလိတ္တိပြည်အပေါ်မှာ အောင်သံနှင့် ကြွေးကြော်မည်။
Moab on minun pesinpatani, Edomin ylitse heitän minä kenkäni: sinä Philistea, iloitse minusta.
9 ၉ အားကြီးသော မြို့ထဲသို့ ငါ့ကို အဘယ်သူသွင်းပေးမည်နည်း။ ဧဒုံပြည်သို့ ငါကို အဘယ်သူ လမ်းပြမည်နည်း။
Kuka vie minun vahvaan kaupunkiin? kuka johdattaa minun Edomiin?
10 ၁၀ အို ဘုရားသခင်၊ အကျွန်ုပ်တို့ကို စွန့်ပစ်တော်မူသော ကိုယ်တော်သည် ပြုတော်မူမည်မဟုတ်လော။ အိုဘုရားသခင်၊ အကျွန်ုပ်တို့ ဗိုလ်ခြေနှင့်အတူ ကြွတော်မမူသော ကိုယ်တော်သည် ပြုတော်မူမည် မဟုတ်လော။
Etkös sinä, Jumala, joka meitä lykkäsit pois? ja etkö sinä, Jumala, lähde ulos meidän sotaväkemme kanssa?
11 ၁၁ ဒုက္ခနှင့် ကင်းလွတ်စေခြင်းငှါ မစတော်မူပါ။ လူတို့သည် ကယ်တင်ခြင်းငှါ မတတ်နိုင်ကြပါ။
Saata meille apu tuskasta; sillä ihmisten apu on turha.
12 ၁၂ ဘုရားသခင်အားဖြင့် ငါတို့သည် ရဲရင့်စွာ ပြုကြမည်။ ငါတို့၏ ရန်သူများကို ကိုယ်တော်တိုင် နင်းတော်မူမည်။ ဒါဝိဒ်သည် မေသောပေါတာမိရှုရိလူတို့နှင့် ဇေဘရှုရိရှင်လူတို့ကိုစစ်တိုက်ပြီးမှ၊ ယွာဘသည် ပြန်၍ဧဒုံလူတသောင်း နှစ်ထောင် တို့ကိုဆားချိုင့်၌လုပ်ကြံသောအခါ စပ်ဆိုသောဆာလံ။
Jumalassa tahdomme me voimalliset työt tehdä: ja hän tallaa alas meidän vihollisemme.