< ဆာလံ 59 >
1 ၁ အို အကျွန်ုပ်၏ဘုရား၊ ရန်သူတို့လက်မှ အကျွန်ုပ် ကို ကယ်နှုတ်တော်မူပါ။ အကျွန်ုပ်ကို ရန်ဘက်ပြုသောသူ တို့၏ အပေါ်မှာ အကျွန်ုပ်ကို ချီးမြှောက်တော်မူပါ။
Al maestro del coro. Su «Non distruggere». Di Davide. Quando Saul mandò uomini a sorvegliare la casa e ad ucciderlo. Liberami dai nemici, mio Dio, proteggimi dagli aggressori.
2 ၂ ဒုစရိုက်ကို ပြုသောသူတို့အထဲက အကျွန်ုပ်ကို နှုတ်ယူ၍၊ အသက်ကိုသတ်လိုသော သူတို့လက်မှ ကယ် တင်တော်မူပါ။
Liberami da chi fa il male, salvami da chi sparge sangue.
3 ၃ သူတို့သည် အကျွန်ုပ်အသက်ကို သတ်လို ၍ ချောင်းကြည့်လျက် နေကြပါ၏။ အားကြီးသောသူတို့ သည်အကျွန်ုပ်တဘက်၌ စည်းဝေးကြပါ၏။ အို ထာဝရ ဘုရား၊ အကျွန်ုပ်မှားယွင်း သောကြောင့်မဟုတ်ပါ။ အကျွန်ုပ် အပြစ်ကြောင့်မဟုတ်ပါ။
Ecco, insidiano la mia vita, contro di me si avventano i potenti. Signore, non c'è colpa in me, non c'è peccato;
4 ၄ အကျွန်ုပ်၌ အပြစ်မရှိဘဲ သူတို့သည် ပြေးလာ၍ ပြင်ဆင်ကြပါ၏။ အကျွန်ုပ်ကို ကူမခြင်းငှါ နိုးတော်မူပါ။ ကြည့်ရှုတော်မူပါ။
senza mia colpa accorrono e si appostano. Svègliati, vienimi incontro e guarda.
5 ၅ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား၊ သာသနာပ လူအပေါင်းတို့ကို ဆုံးမခြင်းငှါ နိုးတော်မူပါ။ ဒုစရိုက်၌ ကျင်လည်သောသူ တစုံတယောက်ကိုမျှ သနား တော်မမူပါနှင့်။
Tu, Signore, Dio degli eserciti, Dio d'Israele, lèvati a punire tutte le genti; non avere pietà dei traditori.
6 ၆ သူတို့သည် ညဦးယံ၌ ပြန်လာ၍၊ ခွေးဘာသာ အတိုင်း မြည်လျက် မြို့ကိုလှည့်ပတ်ကြပါစေသော။
Ritornano a sera e ringhiano come cani, si aggirano per la città.
7 ၇ ထိုသူတို့သည် စော်ကားသော စကားကိုပြော၍၊ သူတို့နှုတ်ခမ်း တွင်ထားပါလျက်အဘယ်သူကြားလိမ့် မည်နည်းဟု ဆိုတတ်ကြပါ၏။
Ecco, vomitano ingiurie, le loro labbra sono spade. Dicono: «Chi ci ascolta?».
8 ၈ သို့ရာတွင်၊ အိုထာဝရဘုရား၊ ကိုယ်တော်သည် သူတို့ကို ပြုံးရယ်၍ သာသနာပလူအပေါင်းတို့ကို ကဲ့ရဲ့တော်မူမည်။
Ma tu, Signore, ti ridi di loro, ti burli di tutte le genti.
9 ၉ အို အကျွန်ုပ်အစွမ်းသတ္တိ၊ ကိုယ်တော်ကို မြော်လင့်ပါမည်။ ဘုရားသခင်သည် အကျွန်ုပ် ခိုလှုံရာဖြစ်တော်မူ၏။
A te, mia forza, io mi rivolgo: sei tu, o Dio, la mia difesa.
10 ၁၀ ကရုဏာအရှင် ဘုရားသခင်သည် အကျွန်ုပ်ကို ကူမခြင်းငှါ ကြွလာတော်မူမည်။ ရန်သူတို့ကို အကျွန်ုပ်ကြည့်ရှု၍ အားရသောအခွင့် ရှိစေတော်မူမည်။
La grazia del mio Dio mi viene in aiuto, Dio mi farà sfidare i miei nemici.
11 ၁၁ အကျွန်ုပ်တို့ကို ကွယ်ကာတော်မူသော ဘုရားရှင်၊ သူတို့ကို သတ်တော်မမူပါနှင့်။ သတ်လျှင် အကျွန်ုပ်၏ လူတို့သည် သတိလစ်ကြပါလိမ့်မည်။ တန်ခိုးတော်အားဖြင့် အရပ်ရပ် ကွဲပြားစေ၍ နှိမ့်ချတော်မူပါ။
Non ucciderli, perché il mio popolo non dimentichi, disperdili con la tua potenza e abbattili, Signore, nostro scudo.
12 ၁၂ သူတို့ပြောမိသော စကားတည်းဟူသော သူတို့ နှုတ်၏အပြစ်ကြောင့် မိမိတို့မာနတွင် ကျော့မိပါစေ သော။ သူတို့ ကျိန်ဆဲသော စကားနှင့် မုသာစကားကြောင့်၊
Peccato è la parola delle loro labbra, cadano nel laccio del loro orgoglio per le bestemmie e le menzogne che pronunziano.
13 ၁၃ အမျက်တော်အားဖြင့် ပျောက်ပျက်စေတော်မူပါ။ အကုန်အစင်ပျောက်ပျက်စေတော်မူပါ။ ဘုရားသခင်သည် ယာကုပ်အမျိုးမှစ၍ မြေကြီးစွန်းတိုင်အောင် အုပ်စိုးတော်မူကြောင်းကို သူတို့သည် သိကြ ပါစေသော။
Annientali nella tua ira, annientali e più non siano; e sappiano che Dio domina in Giacobbe, fino ai confini della terra.
14 ၁၄ ညဦးယံ၌ ပြန်လာ၍၊ ခွေးဘာသာအတိုင်း မြည်လျက် မြို့ကို လှည့်ပတ်ကြပါစေသော။
Ritornano a sera e ringhiano come cani, per la città si aggirano
15 ၁၅ အစာကို ရှာလျက် အရပ်ရပ်သို့ လည်၍မဝဘဲ တညဉ့်လုံး နေကြပါစေသော။
vagando in cerca di cibo; latrano, se non possono saziarsi.
16 ၁၆ အကျွန်ုပ်မူကား၊ တန်ခိုးတော်ကို သီချင်းဆိုပါမည်။ နံနက်ယံ၌ ကရုဏာတော်ကို ရွှင်လန်းစွာ သီချင်းဆိုပါမည်။ အကြောင်းမူကား၊ ဘေးရောက်သောကာလ၌ ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာ၊ ဘေးလွတ်ရာ ဖြစ်တော်မူ၏။
Ma io canterò la tua potenza, al mattino esalterò la tua grazia perché sei stato mia difesa, mio rifugio nel giorno del pericolo.
17 ၁၇ အိုအကျွန်ုပ်အစွမ်းသတ္တိ၊ ကိုယ်တော်ကို သီချင်းဆိုပါမည်။ ဘုရားသခင်သည် အကျွန်ုပ်ခိုလှုံရာ ဖြစ်တော်မူ၏။ အကျွန်ုပ်၌ ကရုဏာအရှင် ဘုရားသခင်ဖြစ်တော်မူ၏။ ရှောလုစေလွှတ်သော သူတို့သည် ဒါဝိဒ်အသက်ကိုသတ်ခြင်းငှါ၊ အိမ်ကိုစောင့်ကြသောအခါ ဒါဝိဒ်စပ်ဆိုသော
O mia forza, a te voglio cantare, poiché tu sei, o Dio, la mia difesa, tu, o mio Dio, sei la mia misericordia.