< ဆာလံ 54 >
1 ၁ အိုဘုရားသခင်၊ နာမတော်အားဖြင့် အကျွန်ုပ်ကို ကယ်တင်တော်မူပါ။ တန်ခိုးတော်အားဖြင့် အကျွန်ုပ်ဘက် ၌ တရားစီရင်တော်မူပါ။
To the choirmaster with stringed instruments a poem of David. When came the Ziphites and they said to Saul ¿ not [is] David hiding himself with us. O God by name your save me and by strength your you will vindicate me.
2 ၂ အကျွန်ုပ်ပြုသော ပဌနာနှင့် အကျွန်ုပ်မြွက် သောစကားကို နားထောင်နားညောင်းတော်မူပါဘုရား။
O God hear prayer my give ear! to [the] words of mouth my.
3 ၃ အကြောင်းမူကား၊ တကျွန်းတနိုင်ငံသားတို့သည် အကျွန်ုပ်ကို ရန်ဘက်ပြု၍ထကြပါပြီ။ ကြမ်းတမ်းသော သူတို့သည် အကျွန်ုပ်အသက်ကို ရှာကြပါ၏။ ဘုရားသခင် ၏ မျက်နှာတော်ကို မထောက်ကြပါ။
For strangers - they have risen up on me and ruthless [people] they have sought life my not they have set God to before themselves (Selah)
4 ၄ ကြည့်ရှုလော့။ ဘုရားသခင်သည် ငါ့ကို ကူမ တော်မူ၏။ ငါ့အသက်ကို ထောက်ပင့်သောသူတို့တွင် ထာဝရဘုရားရှိတော်မူ၏။
Here! God [is] a helper of me [the] Lord [is] [those who] sustain life my.
5 ၅ ငါ၏ရန်သူတို့အား မကောင်းသောအကျိုးကို ဆပ်ပေးတော်မူမည်။ သစ္စာတော်ရှိသည်အတိုင်း သူတို့ကို ပယ်ရှင်းတော်မူပါ။
(May he bring back *Q(K)*) the evil to enemies my in faithfulness your destroy them.
6 ၆ အကျွန်ုပ်သည်လည်း၊ စေတနာစိတ်နှင့် ကိုယ်တော်အား ယဇ်ပူဇော်ပါမည်။ အိုထာဝရဘုရား၊ နာမတော်ကို ချီးမွမ်းပါမည်။ အကြောင်းမူကား၊ ကောင်း မြတ်တော်မူ၏။
In voluntariness I will sacrifice to you I will give thanks to name your O Yahweh for [it is] good.
7 ၇ အကျွန်ုပ်ကို ခပ်သိမ်းသော ဒုက္ခထဲက ကယ် နှုတ်တော်မူသဖြင့်၊ အကျွန်ုပ်သည် ရန်သူတို့ကို ကိုယ် မျက်စိနှင့် မြင်၍အားရပါ၏။ ဒါဝိဒ်သည် ကျွန်တော်တို့တွင်ပုန်းရှောင်၍ နေပါသည်မဟုတ်လောဟု၊ ဇိဖသားတို့သည် ရှောလုထံသို့လာ၍ လျှောက်သောအခါ စပ်ဆိုသော ဆာလံ။
For from every trouble he has delivered me and on enemies my it has looked eye my.