< ဆာလံ 49 >
1 ၁ လူများအပေါင်းတို့၊ ကြားကြလော့။ ခပ်သိမ်း သောလောကသား၊
Oigan esto, pueblos todos, Escuchen todos los habitantes del mundo,
2 ၂ အယုတ်အမြတ်၊ ကြွယ်ဝသောသူ၊ ဆင်းရဲသော သူ၊ တညီတညွတ်တည်း နားထောင်ကြလော့။
Tanto los humildes como los de alto nivel, Ricos y pobres juntamente.
3 ၃ ငါ့နှုတ်သည်ပညာကိုမြွတ်ဆိုမည်။ ငါ့နှလုံးသည် ဥာဏ်နှင့်ဆိုင်သောအရာကို ဆင်ခြင်မည်။
Mi boca hablará sabiduría, Y la meditación de mi corazón entendimiento.
4 ၄ ပုံစကားသို့ ကိုယ်နားကိုလှည့်လျက် နက်နဲသော အရာကို စောင်းတီး၍ ဖွင့်ပြပေအံ့။
Inclinaré al proverbio mi oído. Declararé con el arpa mi dicho.
5 ၅ ခဲယဉ်းဆိုးယုတ်သော ကာလ၌ငါ၏အရာတို့ လုယူချင်သောသူတို့၏ ဒုစရိုက်အမှုသည် ငါ့ကို ဝိုင်းသော် လည်း၊ ငါသည် အဘယ်ကြောင့် ကြောက်ရမည်နည်း။
¿Por qué tengo que temer en días de adversidad Cuando me rodea la iniquidad de mis adversarios,
6 ၆ ထိုသူတို့သည် ကိုယ်ဥစ္စာကို ကိုးစား၍၊ ကိုယ် စည်းစိမ်များသောကြောင့် ဝါကြွားသော်လည်း၊
Que confían en la abundancia de sus posesiones, Y se jactan de sus inmensas riquezas?
7 ၇ မိမိညီအစ်ကိုကို အဘယ်သူမျှအလျှင်းမရွေးနိုင်။ ရွေးရန်အဘိုးကိုဘုရားသခင်၌ မပေးနိုင်။
Ninguno de ellos puede de algún modo redimir al hermano, Ni pagar su rescate a ʼElohim.
8 ၈ သူတို့အသက်ဝိညာဉ်၏ ရွေးရန် အဘိုးကြီးလှ ပေ၏။ သို့ဖြစ်၍ အစဉ်ရှုံးလျက်နေရမည်။
Porque la redención de su vida es costosa, Y nunca será suficiente,
9 ၉ ရွေးလျှင် အစဉ်အမြဲ အသက်ရှင်ရာ၏။ ပုပ်စပ် ခြင်းသို့ မရောက်ရာ။
Para que viva eternamente Y jamás pase a corrupción.
10 ၁၀ ထင်ရှားသောအရာဟူမူကား၊ ပညာရှိသော သူတို့သည် သေတတ်ကြ၏။ ထိုအတူမိုက်သောသူနှင့် တိရစ္ဆာန်သဘောရှိသော သူတို့သည် ပျက်စီးခြင်း သို့ရောက်၍၊ မိမိတို့ဥစ္စာကို သူတပါးတို့၌ ချန်ထားကြ၏။
Porque ve que aun los sabios mueren Igual como perecen el ignorante y el necio, Y dejan a otros sus riquezas.
11 ၁၁ မိမိတို့အိမ်သည် ထာဝရဖြစ်လိမ့်မည်။ မိမိတို့ နေရာလည်း လူမျိုးအစဉ်အဆက်တည်လိမ့်မည်။ မိမိတို့ နာမသည် မြေပေါ်မှာ ကျော်စောလိမ့်မည်ဟု သူတို့ စိတ်ထင်ရှိကြ၏။
Su íntima aspiración es que sus casas sean eternas, Sus moradas, por todas las generaciones. A sus tierras dan sus nombres.
12 ၁၂ သို့ရာတွင် လူသည်ဂုဏ်အသရေ၌ မတည်မနေ တတ်။ ပျက်စီးခြင်းသို့ ရောက်တတ်သော တိရစ္ဆာန်နှင့် တူ၏။
Pero el hombre no permanecerá con honra. Es como las bestias que perecen.
13 ၁၃ ထိုသို့ပြုမူခြင်းအရာသည် သူတို့၏ကိုးစားရာ ဖြစ်၍၊ သူတို့သားမြေးတို့သည် သူတို့စကားကို နှစ်သက် တတ်ကြ၏။
Esta es la senda de los necios, Y de aquellos que tras ellos aprueban sus palabras. (Selah)
14 ၁၄ ထိုသူတို့ကို သိုးများကဲ့သို့ မရဏာနိုင်ငံ၌ ချထား ၍ သေမင်းစားလိမ့်မည်။ ကာလမကြာမမြင့်မှီ ဖြောင့် မတ်သောသူတို့သည် အုပ်စိုးရကြလိမ့်မည်။ သူတို့၏ ကိုယ်ခန္ဓာသည် ဖောက်ပြန်ဘို့ရာဖြစ်၏။ မရဏာနိုင်ငံ သည် သူတို့၏နေရာဖြစ်၏။ (Sheol )
Como un rebaño están destinados al Seol, La muerte los pastorea. Los rectos se enseñorearán de ellos por la mañana, Se consumirá su buen parecer, Y el Seol será su morada. (Sheol )
15 ၁၅ ငါ့ကိုမူကား၊ ဘုရားသခင်သိမ်းယူတော်မူသော ကြောင့်၊ ငါ၏ဝိညာဉ်ကို မရဏာနိုင်ငံ၏ တန်ခိုးမှ ရွေးတော်မူမည်။ (Sheol )
Pero ʼElohim redimirá mi alma del poder del Seol, Porque me llevará consigo. (Selah) (Sheol )
16 ၁၆ သူတပါးသည် ဥစ္စာကြွယ်ဝ၍၊ အိမ်၏ဂုဏ် အသရေတိုးပွါးသောအခါ သင်သည် မစိုးရိမ်နှင့်။
No temas cuando alguno se enriquece, Cuando aumenta el esplendor de su casa.
17 ၁၇ ထိုသူသည်သေသောအခါ၊ အဘယ်ဥစ္စာမျှ မပါရ။ သူ၏ဂုဏ်အသရေသည် သူ့နောက်သို့ မဆင်း သက်ရ။
Porque nada llevará al morir, Ni descenderá su esplendor tras él.
18 ၁၈ ထိုသူသည် အသက်ရှင်စဉ်အခါ၊ မိမိညာဉ်ကို ကောင်းကြီးပေး တတ်၏။ မိမိအကျိုးကို ပြုစုသော အခါ သူတပါးတို့သည်ချီးမွမ်းတတ်ကြ၏။
Aunque se congratule mientras vive, Aunque sea alabado porque prospera,
19 ၁၉ သို့သော်လည်း၊ သူသည် သူ၏ဘိုးဘေးအမျိုး ရှိရာသို့ သွားရလိမ့်မည်။ ကာလအစဉ်အဆက် သူတို့သည်အလင်းကို မမြင်ရကြ။
Se irá a la generación de sus antepasados Y nunca jamás verá la luz.
20 ၂၀ ဂုဏ်အသရေနှင့်ပြည့်စုံလျက် ပညာသတိမရှိ သောသူသည်ကား၊ ပျက်စီးခြင်းသို့ ရောက်တတ်သော တိရစ္ဆာန်နှင့်တူ၏။
El hombre que vive con honor, Pero no entiende [esto], Es como las bestias que perecen.