< ဆာလံ 48 >
1 ၁ ထာဝရဘုရားသည် ကြီးမြတ်တော်မူ၏။ သန့်ရှင်း သော တောင်တော်ပေါ်မှာ ငါတို့ဘုရားသခင်၏ မြို့တော် တွင် အထူးသဖြင့် ထောမနာချီးမွမ်းခြင်းကို ခံထိုက် တော်မူ၏။
canticum psalmi filiis Core secunda sabbati magnus Dominus et laudabilis nimis in civitate Dei nostri in monte sancto eius
2 ၂ မြေကြီးတပြင်လုံးရွှင်လန်းရာ ဇိအုန်တောင်ထိပ် သည် အဆင်းလှပေ၏။ မြောက်မျက်နှာဘက်၌ မဟာ မင်းကြီး၏ မြို့တော်သည် တည်၏။
fundatur exultatione universae terrae montes Sion latera aquilonis civitas regis magni
3 ၃ ထိုမြို့၏ ဘုံဗိမာန်တို့တွင် ဘုရားသခင်၌ ခိုလှုံ ရသည်ကို သိရ၏။
Deus in domibus eius cognoscitur cum suscipiet eam
4 ၄ ရှင်ဘုရင်တို့သည် စည်းဝေး၍ အတူရှောက်သွား ကြ၏။
quoniam ecce reges congregati sunt convenerunt in unum
5 ၅ မြင်သောအခါ မှိုင်တွေ၍ ထိတ်လန့်လျက် ပြေးကြ၏။
ipsi videntes sic admirati sunt conturbati sunt commoti sunt
6 ၆ ထိုအရပ်၌ သူတို့သည် ကြောက်လန့်ခြင်းသို့ ရောက်၍ သားဘွားသောမိန်းမ ခံရသကဲ့သို့ ဝေဒနာ ရှိကြ၏။
tremor adprehendit eos ibi dolores ut parturientis
7 ၇ တာရှုသင်္ဘောတို့ကို ချိုးဖက်သော အရှေ့လေ နှင့်တွေ့သကဲ့သို့ ဖြစ်ကြ၏။
in spiritu vehementi conteres naves Tharsis
8 ၈ ငါတို့သည် ကြားဘူးသည်အတိုင်း၊ ကောင်းကင် ဗိုလ်ခြေအရှင်ထာဝရဘုရား၏မြို့၊ ငါတို့ဘုရားသခင်၏ မြို့တော်၌တွေ့မြင်ရကြ၏။ ဘုရားသခင်သည် မြို့တော် ကို အစဉ်အမြဲတည်စေတော်မူမည်။
sicut audivimus sic vidimus in civitate Domini virtutum in civitate Dei nostri Deus fundavit eam in aeternum diapsalma
9 ၉ အိုဘုရားသခင်၊ အကျွန်ုပ်တို့သည် ဗိမာန်တော် ထဲမှာ ကရုဏာတော်ကို အောက်မေ့ကြပါ၏။
suscepimus Deus misericordiam tuam in medio templi tui
10 ၁၀ အိုဘုရားသခင်၊ နာမတော်သည် မြေကြီးစွန်း တိုင်အောင် နှံ့ပြားသည်နည်းတူ၊ ဂုဏ်အသရေတော် လည်း နှံ့ပြားလျက်ရှိ၏။ လက်ျာလက်တော်သည် ဖြောင့် မတ်ခြင်းတရားနှင့် ပြည့်ဝလျက်ရှိပါ၏။
secundum nomen tuum Deus sic et laus tua in fines terrae iustitia plena est dextera tua
11 ၁၁ တရားစီရင်တော်မူချက်များကြောင့် ဇိအုန် တောင်သည် ဝမ်းမြောက်၍၊ ယုဒအမျိုးသမီးတို့သည် ရွှင်လန်းကြပါ၏။
laetetur mons Sion exultent filiae Iudaeae propter iudicia tua Domine
12 ၁၂ သားမြေးတို့အား ကြားပြောမည်အကြောင်း ဇိအုန်းမြို့ကိုပတ်ပတ်လည်၍ ပြအိုးတို့ကို ရေတွက်ကြလော့။
circumdate Sion et conplectimini eam narrate in turribus eius
13 ၁၃ ရင်တားတို့ကို မှတ်၍ဘုံဗိမာန်များကိုလည်း ဆင်ခြင်ကြလော့။
ponite corda vestra in virtute eius et distribuite domus eius ut enarretis in progeniem alteram
14 ၁၄ အကြောင်းမူကား၊ ထိုဘုရားသခင်သည် ကာလ အစဉ်အမြဲ ငါတို့၏ဘုရားဖြစ်တော်မူ၏။ သေသည် ကာလတိုင်အောင် ငါတို့ကို ပို့ဆောင်တော်မူလတံ့ သတည်း။
quoniam hic est Deus Deus noster in aeternum et in saeculum saeculi ipse reget nos in saecula