< ဆာလံ 46 >
1 ၁ ဘုရားသခင်သည် ငါတို့ခိုလှုံရာဖြစ်၍၊ ခွန်အား ကို ပေးတော်မူ၏။ ဘေးရောက်သည်ကာလ အထူးသဖြင့် ကူမတော်မူကြောင်း ထင်ရှားလျက်ရှိ၏။
UNkulunkulu uyisiphephelo sethu lamandla ethu, uyatholwa elusizo kakhulu ekuhluphekeni.
2 ၂ ထိုကြောင့် ပထဝီမြေကြီးသည် ရွေ့သွား၍ တောင်များတုန်လှုပ်လျက် သမုဒ္ဒရာသို့ကျသော်လည်း၊ ငါတို့သည် ကြောက်လန့်ခြင်းမရှိ။
Ngenxa yalokhu kasiyikwesaba ekuguqukeni komhlaba, lanxa izintaba zidilikela phakathi kwenlwandle.
3 ၃ သမုဒ္ဒရာရေသည် ဟုန်းဟန်းမြည်၍ မွှေနှောက်ပါ လေစေ။ လှိုင်းတံပိုးထသဖြင့်၊ တောင်များတုန်လှုပ်ပါ လေစေ။
Amanzi alo kawahlokome, akhaphazele, izintaba zizamazame ngokukhukhumala kwalo. (Sela)
4 ၄ မြစ်တမြစ်ရှိသေး၏။ ထိုမြစ်ရေသည်စီး၍ ဘုရားသခင်၏ မြို့တည်းဟူသော အမြင့်ဆုံးသောဘုရား ကျိန်းဝပ်တော်မူရာ သန့်ရှင်းသော မြို့တော်ကို ရွှင်လန်း စေတတ်၏။
Kulomfula, izifula zawo zithokozisa umuzi kaNkulunkulu, indawo engcwele yamathabhanekele oPhezukonke.
5 ၅ ထိုမြို့သည် ဘုရားသခင်ကျိန်းဝပ်တော်မူရာ ဖြစ်၍ တုန်လှုပ်ခြင်း မရှိရာ။ မိုဃ်းသောက်လင်းစ၌ ဘုရားသခင်ကူမတော်မူလိမ့်မည်။
UNkulunkulu uphakathi kwawo, kawuyikunyikinywa; uNkulunkulu uzawusiza ngovivi lokusa.
6 ၆ လူမျိုးတို့သည် ဟုန်းဟုန်းမြည်ကြ၏။ တိုင်းနိုင်ငံ တို့သည် လှုပ်ရှားကြ၏။ ဗျာဒိတ်သံကို လွှတ်တော်မူ၍ မြေကြီးသည် အရည်ဖြစ်လေ၏။
Izizwe ziyaxokozela, imibuso izamazame; wakhupha ilizwi lakhe, umhlaba wancibilika.
7 ၇ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည် ငါတို့နှင့်အတူရှိတော်မူ၏။ ယာကုပ်အမျိုး၏ ဘုရားသခင် သည် ငါတို့ ခိုလှုံရာဖြစ်တော်မူ၏။
INkosi yamabandla ilathi, uNkulunkulu kaJakobe uyinqaba yethu. (Sela)
8 ၈ ထာဝရဘုရားစီရင်ပြုပြင်၍ မြေကြီးပေါ်မှာ သုတ်သင်ပယ်ရှင်းခြင်း အမှုတော်များကို လာ၍ကြည့်ရှု ကြလော့။
Wozani libone imisebenzi yeNkosi, incithakalo eyenzileyo emhlabeni.
9 ၉ လေးကိုချိုးလျက်၊ လှံကိုအပိုင်းပိုင်းဖြတ်လျက်၊ ရထားကိုမီးရှို့လျက်၊ မြေကြီး စွန်းတိုင်အောင် စစ်မှုကို ငြိမ်းစေတော်မူ၏။
Yenza izimpi ziphele kuze kube semkhawulweni womhlaba; yephula idandili, iqumaqume umkhonto, itshise izinqola emlilweni.
10 ၁၀ ငြိမ်ဝပ်လျက်နေကြလော့။ ငါကား ဘုရားသခင် ဖြစ်သည်ဟု သိမှတ်ကြလော့။ လူမျိုးတို့တွင် ငါသည် ဘုန်းပွင့်မည်။ မြေကြီးပေါ်မှာ ဘုန်းပွင့်မည်။
Thulani, lazi ukuthi mina nginguNkulunkulu, ngizaphakanyiswa phakathi kwezizwe, ngiphakanyiswe emhlabeni.
11 ၁၁ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည် ငါတို့နှင့်အတူ ရှိတော်မူ၏။ ယာကုပ်၏ ဘုရားသခင် သည် ငါတို့ခိုလှုံရာဖြစ်တော်မူ၏။
INkosi yamabandla ilathi, uNkulunkulu kaJakobe uyinqaba yethu. (Sela)