< ဆာလံ 45 >

1 ငါ့စိတ်နှလုံးသည် မင်္ဂလာစကားနှင့်ပွက်ထ လျက်ရှိ၍၊ ငါစီရင်သောအရာကို ရှင်ဘုရင်ရှေ့တော်၌ မြွက်ဆိုပေအံ့။ ငါ့လျှာသည်လည်း လိမ္မာကျွမ်းကျင်သော စာရေး၏ကညစ်ဖြစ်ရ၏။
ငါ့ စိတ် နှလုံးသည် မင်္ဂလာ စကား နှင့်ပွက် ထ လျက်ရှိ၍၊ ငါ စီရင် သောအရာ ကို ရှင်ဘုရင် ရှေ့တော်၌ မြွက်ဆို ပေအံ့။ ငါ့ လျှာ သည်လည်း လိမ္မာ ကျွမ်းကျင်သော စာရေး ၏ကညစ် ဖြစ်ရ၏။
2 ကိုယ်တော်သည် လူမျိုးထက်အဆင်းလှပါ၏။ နှုတ်တော်သည် ကျေးဇူးစကားနှင့် ပြည့်စုံပါ၏။ ထိုကြောင့်ဘုရားသခင်သည် ကိုယ်တော်ကို အစဉ်အမြဲ ကောင်းကြီးပေးတော်မူ၏။
ကိုယ်တော် သည် လူမျိုး ထက် အဆင်း လှပါ၏။ နှုတ် တော်သည် ကျေးဇူး စကားနှင့် ပြည့်စုံ ပါ၏။ ထိုကြောင့် ဘုရား သခင်သည် ကိုယ်တော် ကို အစဉ် အမြဲကောင်းကြီး ပေးတော်မူ၏။
3 တန်ခိုးကြီးသောအရှင်၊ ဘုန်းအသရေတော် ဖြစ်သော ကိုယ်တော်၏ထားကို ပေါင်တော်၌ စည်း တော်မူပါ။
တန်ခိုး ကြီး သောအရှင် ၊ ဘုန်း အသရေတော် ဖြစ်သော ကိုယ်တော် ၏ထား ကို ပေါင် တော်၌ စည်း တော်မူပါ။
4 သစ္စာတရား၊ နူးညံ့ခြင်းတရား၊ ဖြောင့်မတ်ခြင်း တရားကြောင့်၊ အသရေတော်ထင်ရှားလျက်၊ အောင်မြင် ၍ စီးသွားတော်မူပါ။ လက်ျာလက်တော်လည်း ကြောက် မက်ဘွယ်သောအရာကို ကိုယ်တော်အားပြပါလိမ့်မည်။
သစ္စာ တရား ၊ နူးညံ့ ခြင်းတရား၊ ဖြောင့်မတ် ခြင်း တရားကြောင့် ၊ အသရေ တော်ထင်ရှားလျက် ၊ အောင်မြင် ၍ စီး သွားတော်မူပါ။ လက်ျာ လက်တော်လည်း ကြောက်မက် ဘွယ်သောအရာကို ကိုယ်တော် အားပြ ပါလိမ့်မည်။
5 ရှင်ဘုရင်၏ ရန်သူတို့နှလုံးထဲမှာ မြှားတော်တို့သည် ထက်သည်ဖြစ်၍၊ လူတို့သည် ခြေတော်အောက်၌ လဲကြ ပါ၏။
ရှင်ဘုရင် ၏ ရန်သူ တို့နှလုံး ထဲ မှာ မြှား တော်တို့သည် ထက် သည်ဖြစ်၍၊ လူ တို့သည် ခြေတော်အောက် ၌ လဲ ကြ ပါ၏။
6 အိုဘုရားသခင်၊ ကိုယ်တော်၏ပလ္လင်သည် နိစ္စထာဝရပလ္လင်ဖြစ်ပါ၏။ ကိုယ်တော်၏နိုင်ငံသည် တရားသဖြင့်စီရင်သော နိုင်ငံဖြစ်ပါ၏။
အိုဘုရား သခင်၊ ကိုယ်တော် ၏ပလ္လင် သည် နိစ္စ ထာဝရပလ္လင် ဖြစ်ပါ၏။ ကိုယ်တော် ၏နိုင်ငံ သည် တရား သဖြင့်စီရင်သော နိုင်ငံဖြစ်ပါ၏။
7 ကိုယ်တော်သည်ဖြောင့်မတ်ခြင်းတရားကို နှစ် သက်၍ မတရားသောအမှုကို မုန်းတော်မူ၏။ ထိုကြောင့် ဘုရားသခင်၊ ကိုယ်တော်၏ဘုရားသခင်သည် ကိုယ် တော်၏အပေါင်းအဘော်တို့ထက်၊ ကိုယ်တော်ကို ချီမြှောက်၍၊ ဝမ်းမြာက်ခြင်းဆီနှင့်ဘိသိတ်ပေးတော်မူပြီ။
ကိုယ်တော်သည်ဖြောင့်မတ် ခြင်းတရားကို နှစ်သက် ၍ မ တရားသောအမှုကို မုန်း တော်မူ၏။ ထိုကြောင့် ဘုရား သခင်၊ ကိုယ်တော် ၏ဘုရား သခင်သည် ကိုယ်တော် ၏အပေါင်းဘော် တို့ထက် ၊ ကိုယ်တော် ကို ချီးမြှောက်၍၊ ဝမ်းမြာက် ခြင်းဆီ နှင့်ဘိသိတ် ပေးတော်မူပြီ။
8 ဆင်စွယ်ဘုံဗိမာန်ထဲက ထုတ်သောအဝတ် တန်ဆာတော်ရှိသမျှတို့သည်မုရန်၊ အကျော်၊ သစ်ကြံပိုးအမွှေး နှင့် ပြည့်စုံ၍ နှစ်သက်တော်မူဘွယ် ဖြစ်ကြပါ၏။
ဆင်စွယ် ဘုံ ဗိမာန်ထဲက ထုတ်သောအဝတ် တန်ဆာတော်ရှိသမျှ တို့သည်မုရန် ၊ အကျော် ၊ သစ် ကြံပိုးအမွှေးနှင့် ပြည့်စုံ၍ နှစ်သက် တော်မူဘွယ် ဖြစ်ကြပါ၏။
9 အပြည်ပြည်သော မင်းသမီးတို့သည် မောင်းမ မိဿံအဝင်ဖြစ်၍၊ လက်ျာတော်ဘက်မှာ ဩဖိရရွှေ တန်ဆာဆင်သော မြောက်သားတော်နေရာဖြစ်ပါ၏။
အပြည်ပြည်သော မင်း သမီး တို့သည် မောင်းမ မိဿံအဝင် ဖြစ်၍၊ လက်ျာ တော်ဘက် မှာ ဩဖိရ ရွှေ တန်ဆာဆင်သော မြောက် သားတော်နေရာ ဖြစ်ပါ၏။
10 ၁၀ ငါ့သမီးနားထောင်လော့။ ဆင်ခြင်၍ နာယူ လော့။ ကိုယ်အမျိုးသားချင်းနှင့် ကိုယ်အဘ၏အိမ်ကို မေ့လျော့လော့။
၁၀ငါ့သမီး နားထောင် လော့။ ဆင်ခြင် ၍ နာ ယူ လော့။ ကိုယ် အမျိုးသား ချင်းနှင့် ကိုယ် အဘ ၏အိမ် ကို မေ့လျော့ လော့။
11 ၁၁ သို့ပြုလျှင် သင်လှသောအဆင်းကို ရှင်ဘုရင် သည် နှစ်လိုစုံမက်တော်မူမည်။ သူသည် သင်၏အရှင် ဖြစ်သောကြောင့် သူ့ကိုကိုးကွယ်လော့။
၁၁သို့ပြုလျှင် သင် လှ သောအဆင်းကို ရှင် ဘုရင်သည် နှစ် လိုစုံမက်တော်မူမည်။ သူ သည် သင် ၏အရှင် ဖြစ်သောကြောင့် သူ့ ကို ကိုးကွယ် လော့။
12 ၁၂ တုရုမင်းသမီးမှစ၍ လူစုတွင် ဥစ္စာရတတ်သော သူတို့သည်လည်း၊ လက်ဆောင်ပဏ္ဏာပါလျက် သင့်ကို ဖျောင်းဖျရကြလိမ့်မည်။
၁၂တုရု မင်း သမီးမှစ၍ လူစု တွင် ဥစ္စာ ရတတ်သောသူတို့ သည်လည်း၊ လက်ဆောင် ပဏ္ဏာပါ လျက် သင့် ကို ဖျောင်းဖျ ရကြလိမ့်မည်။
13 ၁၃ ရှင်ဘုရင်၏သမီးတော်သည် အတွင်း၌ ဂုဏ် အသရေသက်သက်ရှိ၏။ ရွှေဖြင့်ချယ်လှယ်သော အဝတ် တန်ဆာကိုဆင်၏။
၁၃ရှင်ဘုရင် ၏သမီး တော်သည် အတွင်း ၌ ဂုဏ် အသရေသက်သက်ရှိ၏။ ရွှေ ဖြင့် ချယ်လှယ် သော အဝတ် တန်ဆာကိုဆင်၏။
14 ၁၄ ဈာနှင့်ကာလျက် ရှင်ဘုရင်ထံသို့ ဆောင်ခဲ့ရ၏။ နောက်လိုက်သောအပေါင်းအဘော် အပျိုတော်များကို လည်း၊ ကိုယ်တော်ထံသို့ သွင်းရလိမ့်မည်။
၁၄ဈာ နှင့်ကာလျက် ရှင်ဘုရင် ထံသို့ ဆောင် ခဲ့ရ၏။ နောက် လိုက်သောအပေါင်းအဘော် အပျို တော်များကိုလည်း၊ ကိုယ်တော် ထံ သို့သွင်း ရလိမ့်မည်။
15 ၁၅ ဝမ်းမြောက်ရွှင်လန်းသောအခြင်းအရာနှင့် ဆောင်ခဲ့၍၊ ရှင်ဘုရင်၏နန်းတော်သို့ဝင်ရကြလိမ့်မည်။
၁၅ဝမ်းမြောက် ရွှင်လန်း သောအခြင်းအရာနှင့် ဆောင် ခဲ့၍ ၊ ရှင်ဘုရင် ၏နန်းတော် သို့ ဝင် ရကြလိမ့်မည်။
16 ၁၆ ကိုယ်တော်၏အဘများ ကိုယ်စားသားများကို ရ၍၊ မြေကြီးတပြင်လုံးတွင် မင်းအရာ၌ခန့်ထားတော် မူလိမ့်မည်။
၁၆ကိုယ်တော် ၏အဘ များ ကိုယ်စား သား များကို ရ ၍၊ မြေကြီး တပြင်လုံး တွင် မင်း အရာ ၌ခန့်ထား တော်မူလိမ့်မည်။
17 ၁၇ အကျွန်ုပ်သည် ကိုယ်တော်၏နာမကို လူမျိုး အစဉ်အဆက် အောက်မေ့ကျော်စောစေသဖြင့်၊ လူမျိုးတို့ သည် ကမ္ဘာအဆက်ဆက် ကိုယ်တော်ကို ချီးမွမ်းကြလတံ့ သတည်း။
၁၇အကျွန်ုပ်သည် ကိုယ်တော် ၏နာမ ကို လူမျိုး အစဉ်အဆက် အောက်မေ့ ကျော်စောစေသဖြင့် ၊ လူမျိုး တို့ သည် ကမ္ဘာ အဆက်ဆက် ကိုယ်တော် ကို ချီးမွမ်း ကြလတံ့သတည်း။

< ဆာလံ 45 >