< ဆာလံ 45 >

1 ငါ့စိတ်နှလုံးသည် မင်္ဂလာစကားနှင့်ပွက်ထ လျက်ရှိ၍၊ ငါစီရင်သောအရာကို ရှင်ဘုရင်ရှေ့တော်၌ မြွက်ဆိုပေအံ့။ ငါ့လျှာသည်လည်း လိမ္မာကျွမ်းကျင်သော စာရေး၏ကညစ်ဖြစ်ရ၏။
Au chef de musique. Sur Shoshannim. Des fils de Coré. Instruction. Un cantique du bien-aimé. Mon cœur bouillonne d’une bonne parole; je dis ce que j’ai composé au sujet du roi; ma langue est le style d’un écrivain habile.
2 ကိုယ်တော်သည် လူမျိုးထက်အဆင်းလှပါ၏။ နှုတ်တော်သည် ကျေးဇူးစကားနှင့် ပြည့်စုံပါ၏။ ထိုကြောင့်ဘုရားသခင်သည် ကိုယ်တော်ကို အစဉ်အမြဲ ကောင်းကြီးပေးတော်မူ၏။
Tu es plus beau que les fils des hommes; la grâce est répandue sur tes lèvres: c’est pourquoi Dieu t’a béni à toujours.
3 တန်ခိုးကြီးသောအရှင်၊ ဘုန်းအသရေတော် ဖြစ်သော ကိုယ်တော်၏ထားကို ပေါင်တော်၌ စည်း တော်မူပါ။
Ceins ton épée sur ton côté, homme vaillant, [dans] ta majesté et ta magnificence;
4 သစ္စာတရား၊ နူးညံ့ခြင်းတရား၊ ဖြောင့်မတ်ခြင်း တရားကြောင့်၊ အသရေတော်ထင်ရှားလျက်၊ အောင်မြင် ၍ စီးသွားတော်မူပါ။ လက်ျာလက်တော်လည်း ကြောက် မက်ဘွယ်သောအရာကို ကိုယ်တော်အားပြပါလိမ့်မည်။
Et, prospérant dans ta magnificence, mène en avant ton char, à cause de la vérité et de la débonnaireté [et] de la justice; et ta droite t’enseignera des choses terribles.
5 ရှင်ဘုရင်၏ ရန်သူတို့နှလုံးထဲမှာ မြှားတော်တို့သည် ထက်သည်ဖြစ်၍၊ လူတို့သည် ခြေတော်အောက်၌ လဲကြ ပါ၏။
Tes flèches sont aiguës, – les peuples tomberont sous toi, – dans le cœur des ennemis du roi.
6 အိုဘုရားသခင်၊ ကိုယ်တော်၏ပလ္လင်သည် နိစ္စထာဝရပလ္လင်ဖြစ်ပါ၏။ ကိုယ်တော်၏နိုင်ငံသည် တရားသဖြင့်စီရင်သော နိုင်ငံဖြစ်ပါ၏။
Ton trône, ô Dieu, est pour toujours et à perpétuité; c’est un sceptre de droiture que le sceptre de ton règne.
7 ကိုယ်တော်သည်ဖြောင့်မတ်ခြင်းတရားကို နှစ် သက်၍ မတရားသောအမှုကို မုန်းတော်မူ၏။ ထိုကြောင့် ဘုရားသခင်၊ ကိုယ်တော်၏ဘုရားသခင်သည် ကိုယ် တော်၏အပေါင်းအဘော်တို့ထက်၊ ကိုယ်တော်ကို ချီမြှောက်၍၊ ဝမ်းမြာက်ခြင်းဆီနှင့်ဘိသိတ်ပေးတော်မူပြီ။
Tu as aimé la justice, et tu as haï la méchanceté; c’est pourquoi Dieu, ton Dieu, t’a oint d’une huile de joie au-dessus de tes compagnons.
8 ဆင်စွယ်ဘုံဗိမာန်ထဲက ထုတ်သောအဝတ် တန်ဆာတော်ရှိသမျှတို့သည်မုရန်၊ အကျော်၊ သစ်ကြံပိုးအမွှေး နှင့် ပြည့်စုံ၍ နှစ်သက်တော်မူဘွယ် ဖြစ်ကြပါ၏။
Tous tes vêtements sont myrrhe, aloès, et casse, [quand tu sors] des palais d’ivoire d’où ils t’ont réjoui.
9 အပြည်ပြည်သော မင်းသမီးတို့သည် မောင်းမ မိဿံအဝင်ဖြစ်၍၊ လက်ျာတော်ဘက်မှာ ဩဖိရရွှေ တန်ဆာဆင်သော မြောက်သားတော်နေရာဖြစ်ပါ၏။
Des filles de rois ont été parmi tes dames d’honneur; la reine est à ta droite, parée d’or d’Ophir.
10 ၁၀ ငါ့သမီးနားထောင်လော့။ ဆင်ခြင်၍ နာယူ လော့။ ကိုယ်အမျိုးသားချင်းနှင့် ကိုယ်အဘ၏အိမ်ကို မေ့လျော့လော့။
Écoute, fille! et vois, et incline ton oreille; et oublie ton peuple et la maison de ton père;
11 ၁၁ သို့ပြုလျှင် သင်လှသောအဆင်းကို ရှင်ဘုရင် သည် နှစ်လိုစုံမက်တော်မူမည်။ သူသည် သင်၏အရှင် ဖြစ်သောကြောင့် သူ့ကိုကိုးကွယ်လော့။
Et le roi désirera ta beauté, car il est ton seigneur: adore-le.
12 ၁၂ တုရုမင်းသမီးမှစ၍ လူစုတွင် ဥစ္စာရတတ်သော သူတို့သည်လည်း၊ လက်ဆောင်ပဏ္ဏာပါလျက် သင့်ကို ဖျောင်းဖျရကြလိမ့်မည်။
Et avec une offrande, la fille de Tyr, les plus riches du peuple rechercheront ta faveur.
13 ၁၃ ရှင်ဘုရင်၏သမီးတော်သည် အတွင်း၌ ဂုဏ် အသရေသက်သက်ရှိ၏။ ရွှေဖြင့်ချယ်လှယ်သော အဝတ် တန်ဆာကိုဆင်၏။
La fille du roi est tout gloire, dans l’intérieur [du palais]; son vêtement est de broderies d’or.
14 ၁၄ ဈာနှင့်ကာလျက် ရှင်ဘုရင်ထံသို့ ဆောင်ခဲ့ရ၏။ နောက်လိုက်သောအပေါင်းအဘော် အပျိုတော်များကို လည်း၊ ကိုယ်တော်ထံသို့ သွင်းရလိမ့်မည်။
Elle sera amenée au roi en vêtements de brocart; des vierges qui la suivent, ses compagnes, te seront amenées;
15 ၁၅ ဝမ်းမြောက်ရွှင်လန်းသောအခြင်းအရာနှင့် ဆောင်ခဲ့၍၊ ရှင်ဘုရင်၏နန်းတော်သို့ဝင်ရကြလိမ့်မည်။
Elles te seront amenées avec joie et allégresse, elles entreront dans le palais du roi.
16 ၁၆ ကိုယ်တော်၏အဘများ ကိုယ်စားသားများကို ရ၍၊ မြေကြီးတပြင်လုံးတွင် မင်းအရာ၌ခန့်ထားတော် မူလိမ့်မည်။
Au lieu de tes pères, tu auras tes fils; tu les établiras pour princes dans tout le pays.
17 ၁၇ အကျွန်ုပ်သည် ကိုယ်တော်၏နာမကို လူမျိုး အစဉ်အဆက် အောက်မေ့ကျော်စောစေသဖြင့်၊ လူမျိုးတို့ သည် ကမ္ဘာအဆက်ဆက် ကိုယ်တော်ကို ချီးမွမ်းကြလတံ့ သတည်း။
Je rappellerai ton nom dans toutes les générations; c’est pourquoi les peuples te célébreront à toujours et à perpétuité.

< ဆာလံ 45 >