< ဆာလံ 44 >
1 ၁ အိုဘုရားသခင်၊ ရှေးလွန်လေပြီးသောကာလ တွင်၊ ဘိုးဘေးတို့လက်ထက်၌ ပြုတော်မူသောအမှုကို သူတို့ပြော၍၊ အကျွန်ုပ်တို့သည် ကိုယ်တိုင်ကြားရကြပါပြီ။
JAME injingog ni y talanganmame, O Yuus, na jasanganejam y tantanmane, ni y finatinasmo gui tiemponñija, gui antiguo na tiempo.
2 ၂ တပါးအမျိုးသားတို့ကို လက်တော်ဖြင့်နှင်ထုတ် ၍ အကျွန်ုပ်တို့၏ ဘိုးဘေးများကို နေရာချတော်မူ၏။ တပါးအမျိုးသားတို့ကို နှိပ်စက်၍ ဘိုးဘေးများကို ပြန့်ပွါး စေတော်မူ၏။
Nu y canaemoja unyute y nasion, ya unpolo sija; unnafantriste y taotao sija, ya unnafanjanao.
3 ၃ သူတို့သည် ကိုယ်ထားဖြင့် ထိုမြေကိုအစိုးရကြ သည်မဟုတ်ပါ။ ကိုယ်လက်ဖြင့် ကိုယ်ကို ကယ်တင်ကြ သည်မဟုတ်ပါ။ ကိုယ်တော်အလိုရှိသောကြောင့် လက်ျာလက်ရုံးတော်နှင့် မျက်နှာတော်အလင်းအားဖြင့် သူတို့ကို ကယ် တင်တော်မူ၏။
Sa ti inchile y tano pot espadanñija para iyonñija, ni ti unnafanlibre pot y canaeñija; lao y agapa na canaemo yan y canaemo, yan y minalag y matamo, sa unguaeya sija.
4 ၄ အိုဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ ရှင်ဘုရင်ဖြစ်တော်မူ၏။ ယာကုပ်အမျိုး၏ ကယ်တင်ခြင်း အကြောင်းကို စီရင်တော်မူပါ။
Jago y Rayjo, O Yuus: fanago linibre para si Jacob.
5 ၅ ကိုယ်တော်အားဖြင့် အကျွန်ုပ်တို့သည် ရန်သူ များကို တွန်းချကြပါစေသော။ ရန်ဘက်ပြုသောသူတို့ကို နာမတော်အားဖြင့်နင်းရသော အခွင့်ရှိကြပါစေသော။
Pot jago na inyite papa y enemigonmame: pot y naanmo, na ingacha y mangajulo contra jame.
6 ၆ ကိုယ်၌ပါသောလေးကို အကျွန်ုပ်သည် မကိုး စား။ ကိုယ်ထားသည် အကျွန်ုပ်ကို မကယ်ရပါ။
Sa ti juangocoyo ni y flechaco, ni y espadajo ti ulibreyo.
7 ၇ ကိုယ်တော်သာလျှင် အကျွန်ုပ်တို့ကို ရန်သူလက် မှကယ်လွှတ်တော်မူ၏။ အကျွန်ုပ်တို့အား မုန်းသော သူများကိုလည်း အရှက်ကွဲစေတော်မူ၏။
Sa jago umadadajejam gui enemigonmame; ya y chumatliijam unnafanmamajlao.
8 ၈ အကျွန်ုပ်တို့သည် မခြားမလပ်ဘုရားသခင်၌ ဝါကြွား၍ နာမတော်ကို အစဉ်အမြဲ ချီးမွမ်းကြပါ၏။
Ya gui as Yuus tatunanmaesa jit todot dia; ya para taejinecog, intina y naanmo.
9 ၉ သို့သော်လည်း၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို စွန့်ပစ်၍ အရှက်ကွဲစေတော်မူပြီး။ အကျွန်ုပ်တို့ ဗိုလ်ခြေ နှင့်အတူ ကြွတော်မမူပါ။
Lao pago unyute jam, ya unnafanmamajlaojam; ya ti jumanaojao yan y inetnon sendalonmame.
10 ၁၀ အကျွန်ုပ်တို့ကို ရန်သူရှေ့မှာပြန်ပြေးစေ တော်မူ၍၊ မုန်းသောသူတို့သည် အလိုလိုလုယူရကြ၏။
Unbirajam tate guinin y enemigonmame; ya ayo sija y chumatliijam, manmañaque para sija namaesa.
11 ၁၁ ဟင်းလျာဖြစ်သောသိုးများကဲ့သို့ အကျွန်ုပ်တို့ကို အပ်လိုက်၍၊ တပါးအမျိုးသားတို့တွင် အရပ်ရပ်ကွဲပြားစေ တော်မူ၏။
Unpolojam taegüije y quinilo ni y para umacano; ya janafanmachalaponjam gui entalo y nasion.
12 ၁၂ ကိုယ်တော်၏ လူများကိုအဘိုးမခံဘဲရောင်း၍၊ ရောင်းသောအားဖြင့် စီးပွါးတော်ကို တိုးပွါးစေတော်မူ သည်မဟုတ်။
Unbende y taotaomo pot taya; ya ti mumegae y güinajamo pot y balenñija.
13 ၁၃ အကျွန်ုပ်တို့ကို အိမ်နီးချင်းများကဲ့ရဲ့ရာ ပတ်ဝန်း ကျင်၌နေသော သူများပြက်ယယ်ပြု၍၊ အရှက်ခွဲရာ ဖြစ်စေခြင်းငှါ စီရင်တော်မူ၏။
Unnafanmamajlaojam ni y tiguangmame; pot y manmanmofefea, yan manmanbotlelea ni y mangaegue gui oriyanmame.
14 ၁၄ တပါးအမျိုးသားတို့သည် အကျွန်ုပ်တို့ကို ပုံခိုင်း ရသောအခွင့်၊ လူစုတို့သည် ခေါင်းညှိတ်ရသောအခွင့်ကို ပေးတော်မူ၏။
Unnafanmafa y sinanganjam gui entalo y nasion, pot y yinengyong y ilonñija gui entalo y taotao sija.
15 ၁၅ ကဲ့ရဲ့သောသူနှင့် အသရေဖျက်သော သူ၏ စကားကြောင့်၎င်း၊
Y desenrajo gaegueja gui menajo todot dia; ya y minamajlao y matajo jatampe yo.
16 ၁၆ ရန်ဘက်ပြုသောသူနှင့် လက်စားချေသောသူ၏ မျက်နှာများကြောင့်၎င်း၊ အကျွန်ုပ်သည် ကိုယ်အရှက် ကွဲခြင်းအကြောင်းကို အစဉ်မျက်မှောက်ပြုရပါ၏။ မျက်နှာရှက်ခြင်းအားဖြင့် မွန်းလျက်နေရပါ၏။
Sa y inagang ayo y numanamamajlao, yan y chumatfino contra si Yuus; pot y enemigo yan y taotao ni y maneemog.
17 ၁၇ ထိုမျှလောက်ခံရသော်လည်း၊ အကျွန်ုပ်တို့သည် ကိုယ်တော်ကို မမေ့မလျော့။ သစ္စာတော်ကိုမဖျက်ကြပါ။
Todo este manmato guiya jame; lao ti manmalelefajam nu jago, ni ti manmatinasjam mandague ni y tratumo.
18 ၁၈ စိတ်နှလုံးသည် နောက်သို့မဆုတ်၊ တရားတော် လမ်းမှလွှဲ၍ မသွားကြပါ။
Y corasonmame ti inbira tate; ni y pinecatmame ti sumuja gui chalanmo.
19 ၁၉ ကိုယ်တော်မူကား၊ မြေခွေးနေရာအရပ်မှာ အကျွန်ုပ်တို့ကို ချိုးဖဲ့နှိပ်စက်၍၊ သေခြင်းအရိပ်နှင့် ဖုံးလွှမ်း တော်မူ၏။
Masqueseaja unyamagjam gui sagan y jacal sija, ya untampejam ni y aninen y finatae.
20 ၂၀ အကျွန်ုပ်တို့သည် ကိုယ်ဘုရားသခင်၏ နာမ တော်ကိုမေ့လျော့၍၊ တပါးအမျိုး၏ ဘုရားထံသို့ လက်ကိုဆန့်သည်မှန်လျှင်၊
Yanguin manmalefajam ni y naan Yuusmame, ya inestira y canaemame pot y otro Yuus;
21 ၂၁ နှလုံး၌ဝှက်ထားသော အရာများကိုဘုရားသခင် သိတော်မူသည်ဖြစ်၍၊ ထိုအမှုကိုမစစ်ဘဲနေတော်မူ မည်လော။
Ada ti ualigaojam si Yuus? Sa jatungoja y secreton y corason.
22 ၂၂ အကယ်စင်စစ် ကိုယ်တော်အတွက် အကျွန်ုပ်တို့ သည် အစဉ်မပြတ်အသေသတ်ခြင်းကို ခံရကြပါ၏။ သတ်ဘို့ရာထားသောသိုးကဲ့သို့ အကျွန်ုပ်တို့ကို သူတပါး မှတ်တတ်ကြပါ၏။
Junggan, pot y jago manmapunojam todo y inanaco y jaane; manmatufongjam taegüije y quinilo ni y para umapuno.
23 ၂၃ အိုဘုရားရှင်၊ နိုးတော်မူပါ။ အဘယ်ကြောင့် ကျိန်းစက်တော်မူသနည်း။ ထတော်မူပါ။ အကျွန်ုပ်တို့ကို အစဉ်စွန့်ပစ်တော်မမူပါနှင့်။
Fagmata, jafajao na mamaego, Señot? Cajulo, chamojam yumuyute para siempre.
24 ၂၄ အကျွန်ုပ်တို့ ခံရသောနှိမ့်ချခြင်းနှင့် ညှဉ်းဆဲခြင်း ကို မျက်နှာတော်လွှဲ၍ အဘယ်ကြောင့်မေ့လျော့တော် မူသနည်း။
Pot jafa nae unnaatog y matamo, ya malefajao ni y pinitenmame yan y chiniguitmame.
25 ၂၅ အကျွန်ုပ်တို့၏စိတ်ဝိညာဉ်သည် မြေတိုင်အောင် နှိမ့်ချခြင်းကို ခံရ၍၊ ရင်ပတ်လည်းမြေ၌ကပ်လျက်ရှိပါ၏။
Y antenmame esta dumilog gui petbos; ya y tiyanmame cheton papa gui tano.
26 ၂၆ အကျွန်ုပ်တို့ကို မစသောဘုရား၊ ထတော်မူပါ။ ကရုဏာတော်နှင့်အညီ ရွေးနှုတ်တော်မူပါ။
Cajulo ya unayudajam, ya unnafanlibrejam gui minaasemo.