< ဆာလံ 43 >

1 အိုဘုရားသခင်၊ အကျွန်ုပ်အမှု၌ တရားဆုံးဖြတ် တော်မူပါ။ ကရုဏာမရှိသော လူမျိုးတဘက်ကနေ၍ အကျွန်ုပ်အမှုကို စောင့်တော်မူပါ။ သစ္စာမရှိ၊ မတရား သောသူ၏လက်မှ အကျွန်ုပ်ကို ကယ်လွှတ်တော်မူပါ။
အိုဘုရား သခင်၊ အကျွန်ုပ် အမှု ၌ တရား ဆုံးဖြတ်တော်မူပါ။ ကရုဏာ မ ရှိသော လူမျိုး တဘက် ကနေ၍ အကျွန်ုပ်အမှုကို စောင့် တော်မူပါ။ သစ္စာ မရှိ၊ မ တရား သောသူ ၏လက်မှ အကျွန်ုပ် ကို ကယ်လွှတ် တော်မူပါ။
2 ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာ ဘုရား ဖြစ်တော်မူ၏။ အကျွန်ုပ်ကိုအဘယ်ကြောင့် စွန့်ပစ်တော်မူ သနည်း။ ရန်သူညှဉ်းဆဲနှိပ်စက်ခြင်းကိုခံရ၍၊ အကျွန်ုပ် သည် ကြမ်းတမ်းသော အဝတ်ကိုဝတ်လျက် အဘယ် ကြောင့် နေရပါသနည်း။
ကိုယ်တော်သည် အကျွန်ုပ် ခိုလှုံ ရာ ဘုရား ဖြစ်တော်မူ၏။ အကျွန်ုပ် ကိုအဘယ်ကြောင့် စွန့်ပစ် တော်မူသနည်း။ ရန်သူ ညှဉ်းဆဲ နှိပ်စက်ခြင်းကိုခံရ၍ ၊ အကျွန်ုပ် သည် ကြမ်းတမ်း သော အဝတ်ကိုဝတ်လျက် အဘယ်ကြောင့် နေ ရပါသနည်း။
3 အလင်းတော်နှင့်သစ္စာတော်ကို စေလွှတ်တော်မူ ပါ။ သူတို့သည် လမ်းပြ၍ သန့်ရှင်းသောတောင်တော်သို့၎င်း၊ တဲတော်သို့၎င်း အကျွန်ုပ်ကို ပို့ဆောင်ပါစေသော။
အလင်း တော်နှင့် သစ္စာ တော်ကို စေလွှတ် တော်မူပါ။ သူ တို့သည် လမ်းပြ ၍ သန့်ရှင်း သောတောင် တော်သို့ ၎င်း၊ တဲ တော်သို့ ၎င်း အကျွန်ုပ် ကို ပို့ဆောင် ပါစေသော။
4 သို့ပြုလျှင် ဘုရားသခင်၏ ယဇ်ပလ္လင်သို့၎င်း၊ အကျွန်ုပ် ဝမ်းမြောက်ရွှင်လန်းရာ ဘုရားသခင်ထံတော် သို့၎င်း အကျွန်ုပ်သည် ရောက်လာ၍၊ ကိုယ်တော်ကို စောင်းတီးလျက် ချီးမွမ်းထောမနာပြုပါမည်ဘုရား၊ အကျွန်ုပ်ဘုရား။
သို့ပြုလျှင် ဘုရား သခင်၏ ယဇ် ပလ္လင်သို့ ၎င်း၊ အကျွန်ုပ် ဝမ်းမြောက် ရွှင်လန်း ရာ ဘုရား သခင်ထံ တော် သို့၎င်း၊ အကျွန်ုပ်သည် ရောက် လာ၍ ၊ ကိုယ်တော် ကို စောင်း တီးလျက် ချီးမွမ်း ထောမနာပြုပါမည်ဘုရား ၊ အကျွန်ုပ် ဘုရား။
5 အိုငါ့ဝိညာဉ်၊ သင်သည်အဘယ်ကြောင့် ညှိုးငယ် သနည်း။ ငါ့အထဲမှာအဘယ်ကြောင့် မငြိမ်မဝပ်ရှိသ နည်း။ ဘုရားသခင်ကို မြော်လင့်လျက်နေလော့။ ငါ့ကို ကယ်တင်တော်မူသောအရှင်၊ ငါကိုးကွယ်သောဘုရား သခင်၏ကျေးဇူးတော်ကို ငါချီးမွမ်းထောမနာ ပြုရလေအံ့ သတည်း။
အိုငါ့ ဝိညာဉ် ၊ သင်သည်အဘယ်ကြောင့် ညှိုးငယ် သနည်း။ ငါ့ အထဲ မှာအဘယ်ကြောင့် မ ငြိမ်မဝပ်ရှိသနည်း။ ဘုရား သခင်ကို မြော်လင့် လျက်နေလော့။ ငါ့ ကို ကယ်တင် တော်မူသောအရှင် ၊ ငါ ကိုးကွယ်သောဘုရား သခင်၏ကျေးဇူးတော်ကို ငါချီးမွမ်း ထောမနာ ပြုရလေအံ့ သတည်း။

< ဆာလံ 43 >