< ဆာလံ 4 >

1 အကျွန်ုပ်ကိုဖြောင့်မတ်စေတော်မူသော ဘုရား၊ အကျွန်ုပ်ခေါ်သောအခါ နားထောင်တော်မူပါ။ အကျွန်ုပ် သည်ဆင်းရဲစဉ်တွင် ကိုယ်တော်သည် ချမ်းသာပေးတော် မူပါပြီ။ ယခုလည်းသနား၍ အကျွန်ုပ်၏ ပဌနာစကား ကို နားထောင်တော်မူပါ။
TO THE OVERSEER. WITH STRINGED INSTRUMENTS. A PSALM OF DAVID. In my calling answer me, O God of my righteousness. In adversity You gave enlargement to me; Favor me, and hear my prayer.
2 အချင်းလူသားတို့၊ အဘယ်မျှ ကာလပတ်လုံး ငါ၏ဘုန်းကို ရှုတ်ချကြမည်နည်း။ အဘယ်မျှကာလပတ် လုံး အနတ္တကို နှစ်သက်၍ မုသာကို လိုက်ရှာကြမည် နည်း။
Sons of men! Until when [is] my glory for shame? You love a vain thing, you seek a lie. (Selah)
3 ထာဝရဘုရားသည် မိမိသန့်ရှင်းသူကို ရွေးထား တော်မူသည်ကို သိမှတ်ကြလော့။ ငါခေါ်၍ လျှောက် သောအခါ၊ ထာဝရဘုရားသည် နားထောင်တော်မူလိမ့် မည်။
And know that YHWH Has separated a saintly one to Himself. YHWH hears in my calling to Him.
4 ကြောက်ရွံ့တုန်လှုပ်၍ ဒုစရိုက်အပြစ်ကို ရှောင် ကြလော့။ အိပ်ရာပေါ်မှာ ကိုယ်စိတ်နှလုံးနှင့် ဆွေးနွေး စဉ်းစား၍ တိတ်ဆိတ်ခြင်းရှိကြလော့။
“Tremble, and do not sin”; Say [thus] in your heart on your bed, And be silent. (Selah)
5 တရားသဖြင့်ယဇ်ပူဇော်၍ ထာဝရဘုရားကို ကိုးစားကြလော့။
Sacrifice sacrifices of righteousness, And trust in YHWH.
6 ကောင်းမွန်သော အရာကို ငါတို့အား အဘယ် သူပြမည်နည်းဟု မေးတတ်သော သူအများရှိပါသည် ဖြစ်၍၊ အိုထာဝရဘုရား၊ မျက်နှာတော်အလင်းကို အကျွန်ုပ်တို့အပေါ်မှာ ပေါ်ထွန်းစေတော်မူပါ။
Many are saying, “Who shows us good?” Lift on us the light of Your face, O YHWH,
7 သူတို့၌ ဆန်စပါး၊ စပျစ်ရည်ပေါများ၍၊ သူတို့ ဝမ်းမြောက်ခြင်းရှိသည်ထက် အကျွန်ုပ်ကိုသာ၍ ဝမ်း မြောက်စေတော်မူ၏။
You have given joy in my heart, From the time their grain and their wine Have been multiplied.
8 ငြိမ်ဝပ်စွာအိပ်၍ ပျော်ပါမည်။ အကြောင်းမူ ကား၊ အကျွန်ုပ်သည် လုံခြုံစွာနေရသောအခွင့်ကို ကိုယ် တော်အရှင် ထာဝရဘုရားသာလျှင် အခွင့်ပေးတော်မူ၏။
Together I lie down and sleep in peace, For You, O YHWH, alone, Cause me to dwell in confidence!

< ဆာလံ 4 >